သင့်ချစ်သူက သင့်ကိုစိတ်ကုန်နေပြီဖြစ်ကြောင်း သွယ်ဝိုက်ပြောနေတဲ့ စကားများ

shutterstock By Pormezz
Sponsored

ချစ်သူတွေဖြစ်လာပြီဆိုရင် အမြဲအဆင်ပြေချောမွေ့နေတဲ့ အချစ်ရေးဆိုတာ ရှားပါတယ် ။ မတူညီတဲ့ ပတ်ဝန်းကျင်နှစ်ခုက လာကြတဲ့ လူတွေမို့ ညှိနှိုင်းရတာတွေ ၊ အမြင်မတူတာတွေနဲ့ ကြာလာတဲ့အခါ အချစ်တွေလျော့ပြီး ဒီ relationship ကိုရှေ့မဆက်ချင်တော့တာမျိုးဖြစ်တတ်ပါတယ် ။ သင့်ချစ်သူက သင့်ကို ဒီလိုစကားတွေပြောလာပြီဆိုရင်တော့ သူသင့်ကိုစိတ်ကုန်နေတာဖြစ်လို့ ပွင့်ပွင့်လင်းလင်းမေးပြီး လက်တွဲဖြုတ်လိုက်သင့်ပါပြီ …

(၁) ပျင်းလာပြီ

shutterstock By Pormezz

သင်နဲ့စကားပြောနေကျအချိန်တွေ ၊ တွေ့နေကျအချိန်တွေမှာ ဖုန်းမဆက်တာ ၊ စာမပို့တာတွေ စလုပ်နေပြီဆိုရင်တော့ သူ့ဘက်က သင်နဲ့ဆက်သွယ်စကားပြောရမှာပျင်းလာတာ ၊ သင့်ကိုစိတ်ကုန်လာတာပါ။ သူ့ဘက်က ပျင်းလို့ ဖုန်းမဆက်ဖြစ်တာလို့ ပြောလာပြီဆိုရင်တော့ သူနဲ့ရှေ့ဆက်ဖို့အတွက် စဉ်းစားသင့်ပါပြီ။

(၂) မပျော်တော့ဘူး

Sponsored

အချစ်ရေးတစ်ခုမှာတော့ အမြဲပျော်ရွှင်နေရတယ်ဆိုတာမရှိပေမယ့်  သင်တို့နှစ်ယောက်ကြား ပြဿနာတစ်စုံတစ်ရာမရှိရင်တောင် သူ့ဘက်က အဆင်မပြေတဲ့ပုံစံမျိုးပြနေတယ် ၊ သင်နဲ့တွေ့ရင်လည်း ပျော်ပျော်ရွှင်ရွှင်မရှိပဲ ဖြစ်လာရင်တော့ သူ့ဘက်ကသင့်ကိုစိတ်ကုန်နေတာပါ။

READ
ကိုယ့်ချစ်သူ တန်ဖိုးထားတာခံချင်ရင် မိန်းကလေးတွေအနေနဲ့ သတိထားရမယ့် အချက်များ

(၃) မအားသေးဘူး

shutterstock vBy closeupimages

သင်နဲ့တွေ့ဖို့ ချိန်းတဲ့အခါ မအားတဲ့အကြောင်းပြချက်တွေပြောပြီး ခဏခဏလျော်နေတယ်ဆိုရင်တော့ သူနဲ့သေချာ ဆွေးနွေးပြီး ညှိနှိုင်းသင့်နေပါပြီ။ ကိုယ့်ကိုမတွေ့ချင်တဲ့သူ၊ အချိန်မပေးချင်တဲ့သူတစ်ယောက်နဲ့ ရေရှည်လက်တွဲဖို့အဆင်မပြေနိုင်ပါဘူး

(၄) ငါလုပ်ချင်တာ ငါလုပ်မယ်

vshutterstock By fizkes

သင် တစ်ခုခုကို အကြံပေးတာပဲဖြစ်ဖြစ်၊ သင်မကြိုက်တဲ့အရာတွေကိုပြင်ဆင်ခိုင်းတာပဲဖြစ်ဖြစ် ပြောတဲ့အခါ ငါလုပ်ချင်တာငါလုပ်မယ် ၊ နင်ဝင်မပါနဲ့လို့ပြောလာရင်တော့ သူ့ဘက်ကသင့်ကိုချစ်သူတစ်ယောက်အဖြစ်ကိုမမြင်တော့တာပါ။ ကိုယ့်ကိုချစ်တဲ့သူ ၊ တန်ဖိုးထားတဲ့သူဆိုတာ ကိုယ်ပြောတဲ့စကားတွေကိုအလေးထားပြီး သင်စိတ်ချမ်းသာဖို့ အတွက် အမြဲဖြည့်စည်းပေးမယ့်သူမျိုးပါ။

(၅) ငါနဲ့တွဲနေရတာ နင်လည်းပင်ပန်းပါတယ်

shutterstock By fizkes

သင်နဲ့ဆက်မတွဲချင်တော့ပေမယ့် သူ့ဘက်က လမ်းခွဲစကားစပြောရမှာလည်း အားနာတဲ့အနေနဲ့ နင်လည်း ပင်ပန်းနေပြီ လို့ပြောတတ်ကြပါတယ်။ ဒီစကားကတော့ သူလည်း ပင်ပန်းနေပြီ ၊ သင့်ကို စိတ်ကုန်နေပြီဖြစ်ကြောင်း တစ်ဖက်လှည့်နဲ့ပြောလိုက်တာပါ ။

Kay

sponsored