ကလေးချစ်တတ်တဲ့သူတွေက အင်မတန် စိတ်နှလုံးသား နူးညံ့လွန်းတဲ့သူတွေပါ ….

user6873431/Freepik
Sponsored

လူတိုင်းက ကလေးမချစ်တတ်ကြပါဘူး။ ကိုယ်မွေးတဲ့သားသမီးကိုပဲ ချစ်တဲ့သူမျိုးတွေလည်း ရှိပါတယ်။ ကလေးတွေကို ချစ်တတ်တဲ့ သဘောကျတတ်တဲ့ သူတွေကတော့ ပုံမှန်ထက်ကို နူးညံ့တဲ့ စိတ်နှလုံး ရှိထားကြပါတယ်။ ကလေးကို ချစ်တဲ့သူတွေမှာ ဒီလို အချက်တွေ ရှိနေပါတယ်။

(၁) စိတ်ခံစားလွယ်တယ်

Sponsored

သူတို့ကတော့ နှလုံးသားနူးညံ့လို့ ခံစားချက်တွေ လွယ်လွယ် ဖြစ်ပေါ်တတ်ကြပါတယ်။ ဝမ်းနည်းစရာတွေ့ရင် ငိုမိသလို ပျော်စရာဆိုလည်း ပျော်မိတတ်ပါတယ်။ ဒါက အားနည်းချက်လို့ လူအများက ပြောပေမယ့် သူတို့အတွက်ကတော့ နှလုံးသားနူးညံ့လို့ အခုလို ခံစားလွယ်နေတာ ဖြစ်ပါတယ်။

lifeforstock/Freepik

(၂) သနားတတ်တယ်

သူတို့တွေက ကိုယ့်ထက် အားနည်းတဲ့သူတွေ၊ အဆင်မပြေတဲ့သူတွေကိုလည်း သနားတတ်ကြပါတယ်။ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ ကိုယ်လို့ လူအများက သတ်မှတ်ထားပြီး တည်ငြိမ်ပေမယ့် သူတို့တွေကတော့ အဲ့လို အဆင်မပြေ အားနည်းတဲ့သူတွေကို ဖြစ်နိုင်ရင် ကူညီလိုက်ချင်တယ်တွေးပြီး တနုံ့နုံ့ ဖြစ်နေတတ်ကြပါတယ်။

READ
ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ရှိချိန်မှာ မပြုလုပ်သင့်တဲ့ အချက်များ

(၃) ကိုယ်ချင်း စာနာတတ်တယ်

သူတို့တွေက အသည်းမမာတဲ့သူတွေပီပီ တစ်ခြားသူတွေကို ကိုယ်ချင်းစာပေးနိုင်စွမ်းလည်း ကြီးပါတယ်။ ငါသာ သူဆိုရင် ဆိုတဲ့ စိတ်နဲ့ တခြားသူတွေကို နားလည်ပေးနေတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

interstid/Freepik

(၄) ကူညီဖို့ ဝန်မလေးဘူး

ကူညီဖို့ လိုအပ်တဲ့ အခြေအနေတွေကို မြင်တိုင်း တတ်စွမ်းသရွေ့ ကူညီတတ်ကြပါတယ်။ ပိုက်ဆံတတ်နိုင်ရင် ပိုက်ဆံ၊ လုပ်အားတတ်နိုင်ရင် လုပ်အားနဲ့ ကူညီပေးတတ်ကြပါတယ်။ လမ်းမှာ ဆုံတဲ့ အဘိုးအဘွားတွေကိုလည်း ဦးစားပေး ကူညီတတ်ကြပါသေးတယ်။

(၅) ကလေးမြင်ရင် မနေနိုင်ဘူး

ဒါကတော့ သူတို့ရဲ့ အဓိက အချက်ပါပဲ။ ဘယ်ကလေးမြင်မြင် ကလေးတွေ မြင်တာနဲ့ ချစ်ကြတာ မြင်ပါတယ်။ ရပ်ကွက်ထဲ ကလေးရှိတဲ့အိမ်တွေမှာ ကလေးလိုက်ထိန်းနေတတ်သလို သူတို့ရဲ့ သူငယ်ချင်းဆိုတာကလည်း ကလေးတွေ များပါတယ်။ သူတို့ရဲ့ ချစ်စရာ အချက်တစ်ချက်ပါပဲ။

READ
Instagram မှာ နာမည်ကြီးနေတဲ့ ကလေးလေး

Kham

sponsored