အချစ်သစ်ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ဖော်ပြနေတဲ့ လက္ခဏာရပ်များ

svetlanasokolova/Freepik
Sponsored

အချစ်ရေး တစ်ခုကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ဆိုရင် အချစ်သစ်ကို စတင်တဲ့အချိန်က ပိုပြီး အရေးကြီးပါတယ်။ အချစ်က ဘဝမှာ အရေးကြီးတာ မဟုတ်ပေမယ့် ဘဝရဲ့ တစိတ်တပိုင်းထဲမှာ ပါဝင်နေပါတယ်။ အချစ်သစ်တစ်ခုကို စတင်ဖို့ အကောင်းဆုံး အခြေအနေဆိုတဲ့ အချိန်မျိုးမှာ ချစ်သူထားမယ်ဆိုရင်တော့ သင့်အတွက် သေချာပြီး ချောမွေ့တဲ့ အချစ်ရေးမျိုး ရရှိမှာ ဖြစ်ပါတယ်နော်။ ဒီအတွက် ကိုယ့်မှာ အချစ်သစ်အတွက် လုံးဝ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာရပ်လေးတွေကို အခုလို ဆန်းစစ်ကြည့်လို့ ရပါတယ်နော်။

အချစ်ဟောင်းကို မေ့လိုက်နိုင်ပြီ

Sponsored

အချစ်ကို ကြုံတွေ့ခဲ့ဖူးတဲ့သူတစ်ယောက်က အချစ်သစ် စဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ ဒါပေမယ့်လည်း အချစ်သစ်အတွက် အဆင်သင့် ဖြစ်ပြီဆိုတဲ့ အခါမှာတော့ အချစ်ဟောင်းကို မေ့သွားပါလိမ့်မယ်။ အချစ်ဟောင်းအတွက် ခံစားခဲ့ရတဲ့ အရာတွေ၊ သူ့ကို ချစ်နေတယ်ဆိုတဲ့ နာကျင်ရတဲ့ ခံစားမှု အသိတွေအားလုံးက အချစ်သစ်အတွက် အသင့် ဖြစ်နေတဲ့အချိန်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာ ဖြစ်ပါတယ်။ အချစ်ကြောင့် နာကျင်ခံစားနေရတာတွေကို မရှိတော့တဲ့ အချိန်က အချစ်သစ် စတင်ဖို့ အကောင်းဆုံးပါပဲ။

READ
စိတ်ကူးယဉ်တတ်သူတွေမှာပဲ သေချာပေါက်ရှိနိုင်တဲ့ အားသာချက်(၅)မျိုး
Freepik.com

အတိတ်ကနေ သင်ခန်းစာ ယူနိုင်ခဲ့တယ်

အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ပြီှးမှ ပြတ်စဲခဲ့တဲ့သူတစ်ယောက်အတွက် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြီး တွေးမိမှာ အသေအချာပါပဲ။ အတိတ်မှာ ရှိခဲ့တဲ့ အချစ်ရေးမှာ ကိုယ့်ဘက်ကရော ဘာတွေ မှားခဲ့လဲ၊ သူ့ဘက်ကရော ဘယ်လို ဆန္ဒရှိခဲ့လဲဆိုတာမျိုးတွေကို တွေးမိနေပြီး ဘယ်လိုဆိုရင် ပိုပြီး အဆင်ပြေနိုင်တဲ့ဆိုတဲ့ သင်ခန်းစာမျိုး ယူနိုင်ခဲ့ပြီဆိုရင် သင်က အချစ်သစ်ကို စတင်ဖို့ အဆင်သင့် ဖြစ်နေတဲ့သဘောပါ။ သူ့ဘက် ကိုယ့်ဘက် ညှိနှိုင်းရမယ်ဆိုတာမျိုး၊ အလျှော့ပေးသင့်တာ ပေးရမယ်ဆိုတာမျိုး၊ အမြဲတမ်း မျက်စိမှိတ် မယုံပေးလိုက်သင့်ဘူး စသဖြင့် သိနေပြီဆိုရင်တော့ အချစ်သစ်ကို စတင်ဖို့ သင့်တော်နေပါတယ်။

gpointstudio/Freepik

ကိုယ့်ကိုယ်ကို လက်ခံနိုင်လာတယ်

အသည်းကွဲဖူးတဲ့သူတွေက ကိုယ့်ကိုယ်ကို အဲ့ဒီအခြေအနေကနေ ရုန်းမထွက်နိုင်သလို ဖြစ်နေတတ်ပါတယ်။ ဘာလို့ ကိုယ့်ကို မရွေးချယ်ရသလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မြင်မိနေတာမျိုး၊ ကိုယ့်ဘက်က လိုအပ်ချက် ရှိနေသလားလို့ ထင်နေတာမျိုးတွေနဲ့ နာကျင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အခြေအနေကနေ ကိုယ်က လွတ်မြောက်ပြီး ကိုယ့်ရဲ့ အရှိတရားကို ကိုယ်တိုင် လက်ခံနိုင်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့လူမျိုးတွေ မဟုတ်လို့ ကိုယ့်နဲ့ ဝေးသွားခဲ့ကြတယ်ဆိုတာကို သိနားလည်တဲ့တစ်နေ့က သင့်အတွက် အချစ်သစ်အတွက် အချစ်သစ်ကို စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

READ
အခုခေတ်ကလေးတွေ မသိတဲ့ 90s born တွေရဲ့ ငယ်ဘဝ အမှတ်တရများ
lookstudio/Freepik

အရှိအတိုင်းပဲ လက်ခံတတ်လာတယ်

လူဆိုတာ အရုပ်မလေးတွေလို ကိုယ့်စိတ်တိုင်းကျ ပြုပြင်လို့ ရတဲ့ အရာမျိုး ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် ပုံစံဆိုတာ ရှိနေတတ်ပြီး ပြုပြင်ရင်တောင် ကိုယ့်ရဲ့ပုံစံအတွင်းကပဲ ပြုလုပ်လေ့ ရှိတတ်ကြပါတယ်။ အချစ်ရေးတော်တော်များများမှာ ပူလောင်စေတဲ့အချက်က တခြားသူတစ်ယောက်ကို ပုံစံပြောင်းပေးလိုက်ချင်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ်က တခြားသူတွေကို သူတို့ရဲ့ ပုံစံအတိုင်း မြင်နိုင်ပြီး လက်ခံနိုင်ပြီဆိုရင် အချစ်ကို စတင်ဖို့ အဆင်သင့် ဖြစ်ပြီဆိုတဲ့ သဘောမျိုးပါပဲ။

lookstudio/Freepik

Kham

sponsored