သင်က အချစ်ရေးမှာ ပေးဆပ်သူတစ်ယောက်လားဆိုတာ ဒီအချက်တွေနဲ့စမ်းစစ်မယ်

shutterstock By Roman Samborskyi
Sponsored

အချိန်တန် အရွယ်ရောက်လို့ ချစ်သူထားပြီဆိုရင် ကိုယ်ချစ်ကို ရှာသူနဲ့ သူချစ်ကိုရှာသူ နှစ်မျိုးကွဲပြားသွားပါလိမ့်မယ် ။ လူတွေက ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့သူကိုရှာပါလို့ပြောနေကြပေမယ့် သူတို့ကိုယ်တိုင်လည်း ကိုယ်ချစ်တဲ့သူကိုပဲ အမြဲရွေးချယ်နေကြမှာပါ။ ပိုချစ်ရတဲ့သူ ကိုယ်သာဖြစ်ပါစေဆိုတဲ့ စကားလို သင်က ပိုချစ်ရတဲ့သူ (ပေးဆပ်ချစ်နဲ့ချစ်တဲ့သူ) တစ်ယောက်လားဆိုတာ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ။ အချက်လေးချက်နှင့်အထက် တူညီနေမယ်ဆိုရင်တော့ သင်က ပေးဆပ်သူတစ်ယောက်ဆိုတာ သေချာနေပါပြီ။

၁. အမြဲခွင့်လွှတ်တယ်

shutterstock By Andrey_Popov

သင့်ချစ်သူဘက်က အမှားတွေအမြဲကျူးလွန်နေပြီး သင့်ဘက်က ထပ်ခါထပ်ခါခွင့်လွှတ်ခဲ့ပြီလား။ သင့်သူငယ်ချင်းတွေကတောင် ဒီလိုလူနဲ့ မတွဲပါနဲ့တော့လို့ပြောရတဲ့အထိ ခွင့်လွှတ်ခဲ့ဖူးပြီလား။ ဒီလိုခွင့်လွှတ်မှုမျိုးတွေပေးခဲ့မိနေပြီ အမြဲလဲခွင့်လွှတ်ဖို့အဆင်သင့်ဖြစ်နေတယ်ဆိုရင်တော့ သင်ဟာပေးဆပ်ချစ်တတ်တဲ့သူတစ်ယောက်ပါ။

၂.သည်းခံပေးတယ်

Sponsored

သင့်ဘက်ကသာအမြဲသည်းခံနေပေမယ့် သူ့ဘက်ကစိတ်ဆိုးသွားမလား၊ သူများစိတ်နာသွားမလားဆိုပြီး ဘာလုပ်လုပ်အမြဲစဉ်းစားပြီးလုပ်တယ်။ သူစိတ်ကွက်သွားမယ့်အရာမှန်သမျှကိုရှောင်ကျဉ်ပြီး နေထိုင်ပေးနေမိပြီဆိုရင်တော့ သင်ကသူ့ကိုအရမ်းချစ်သူတစ်ယောက်ပါ။

၃.သူမှားနေလည်း အပြစ်မမြင်ရက်ဘူး

shutterstock By Elena_Goncharova

လူဆိုတာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်မာနလေးတွေကိုယ်စီရှိတတ်ကြပေမယ့် သင်ချစ်သူရသွားတဲ့အခါ သူ့အပြစ်ထက်ကိုယ့်အပြစ်တွေကိုပိုမြင်လာတဲ့အခါ၊ သူမှားနေလည်း ဒါေုကြာင့်နေမှာပါလေ၊ သူ့မှာလည်း အကြောင်းပြချက်တွေရှိမှာပါ စသဖြင့် အမြဲအပြစ်မမြင်တတ်သူတစ်ယောက်ဖြစ်နေပြီလား။

READ
အသည်းကွဲဖူးသူတွေသာ နားလည်နိုင်မယ့် အရာများ

၎.သူတောင်းပန်တိုင်း ပြန်လက်ခံတယ်

ဒီအချက်ကတော့ တော်တော်ဆိုးပါတယ်။ ခွင့်လွှတ်ပေးလို့ရတဲ့အမှားမျိုး (စကားများကြတာ၊ သဘောထားကွဲလွဲတာ) စတာမျိုးတွေမှာ သူတောင်းပန်တိုင်းလက်ခံပေးတာဖြစ်သင့်ပေမယ့် ဖောက်ပြန်တာမျိုးတွေ၊ တစ်ခြားကောင်မလေးတွေနဲ့ အီစီကလီလုပ်တာမျိုးတွေအထိ ပက်ပင်းတိုး မိခဲ့တာတောင် သူလာတောင်းပန်တာနဲ့ ပြန်လက်ခံနေပြီဆိုရင်တော့ သင်က လုံးဝပေးဆပ်တတ်သူကြီးပါ။

၅.နေ့စဉ် ဖုန်းတွေဆက်၊ စကားတွေ အရင်စပြောနေတတ်သူ

shutterstock/ SunKids

ချစ်သူနှစ်ယောက် နေ့တိုင်း စကားပြောကြရင် သူဖုန်းဆက် ကိုယ်ဖုန်းဆက်ရှိတတ်ကြပေမယ့် မိုးလင်းတာနဲ့နိုးပြီလားလို့ အရင်စမေးတတ်သူ ၊ အိပ်ခါနီး နှုဆက်သွားတတ်တဲ့သူ၊ တစ်ရက်ဖုန်းမပြောရရင် မနေနိုင်ဖြစ်တတ်တဲ့သူက သင်ဖြစ်နေတယ်ဆိုရင်တော့ သင့်အတွေးထဲမှာ အမြဲသင့်ချစ်သူက နေရာယူထားလို့ပါ။

၆.မတွေ့ရမနေနိုင်ဘူး

ပိုချစ်ရတဲ့သူဆိုတာ အချိန်တိုင်း၊ စက္ကန့်တိုင်း ကိုယ့်ချစ်သူရဲ့အကြောင်းတွေခေါင်းထဲမှာ ပြည့်နေတာပါ။ သင့်ဘက်က မအားတဲ့အချိန်တွေမှာတောင် မရရအောင် အချိန်ကိုလုပြီး သူနဲ့တွေ့ဖို့တာစူနေတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင်ကသူ့ကိုလုံးဝစွဲလန်းနေမိပါပြီ။

READ
ရည်းစားအများကြီးထားခဲ့ခြင်းကြောင့် ရရှိလာနိုင်တဲ့ ဘဝသင်ခန်းစာများ

၇.ရန်ဖြစ်ရင် သင်မှားနေလားအရင်စဉ်းစားတယ်

shutterstock By Andrey_Popov

ချစ်သူချင်းရန်ပွဲတွေမှာ နှစ်ဖက်လုံးမှားလို့ဖြစ်ကြတာများပါတယ်။ ဒီလိုရန်ဖြစ်ချိန်တိုင်းမှာ သင်က ငါမှားနေလားဆိုပြီးအရင်စဉ်းစားမိပြီး သင့်ချစ်သူဘက်ကမှားနေတယ်ဆိုရင်တောင် သူလာမခေါ်တာနဲ့ သင့်ဘက်ကအရင်တောင်းပန်မိနေပြီလား။ ဒါဆိုရင်တော့ သင်က ပေးဆပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုတာ လုံးဝသေချာနေပါပြီ။

Kay Khine

sponsored