မရင့်ကျက်သေးတဲ့ စုံတွဲတိုင်းမှာ သေချာပေါက် တွေ့ရတတ်တဲ့ လက္ခာဏာရပ်များ

shutterstock/ Roman Samborskyi
Sponsored

လူနှစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေရုံနဲ့ အရာရာဟာ ပြီးပြည့်စုံမနေပါဘူး။ ဆက်ဆံရေးတစ်ခုမှာ အချစ်ဆိုတာလည်း လိုအပ်သလို၊ နားလည်မှု၊ ခွင့်လွှတ်တတ်မှု၊ သစ္စာရှိမှု၊ အားပေးမှု စသဖြင့် ဒါတွေကိုလည်း အချိုးကျရောစပ်နိုင်မှ ခိုင်မြဲသာယာတဲ့ အချစ်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့စုံတွဲတွေက ချစ်ခြင်းတစ်ခုတည်ဆောက်တဲ့အခါ သူတို့ရဲ့ အတွေးတွေဟာ ရင့်ကျက်ပြည့်စုံမနေတတ်ပါဘူးနော်။ မရင့်ကျက်သေးတဲ့ စုံတွဲတိုင်းမှာတော့ ဒီလို လက္ခာရပ်တွေ ရှိလို့နေပါတယ်။

အမြဲတမ်းရန်ဖြစ် စကားများတတ်တယ်

shutterrstock/Werner Heiber

မကြာခဏ ရန်ဖြစ်တတ်တဲ့ စုံတွဲတွေဟာ လွယ်လွယ်နဲ့ မပြတ်တတ်ဘူးလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာတော့ အမြဲတမ်းလိုလို ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေဟာ သူတို့ရဲ့ မရင့်ကျက်မှုတွေကို ဖော်ပြနေပါတယ်။ တစ်ခုခုဆို ပုံကြီးချဲ့ပြီး ရန်ဖြစ်ဖို့ပဲ သိတတ်ကြပြီး အကျိုးအကြောင်းကို တွေးတောဆင်ခြင်နိုင်စွမ်း မရှိတတ်ပါဘူး။ ဒီအချက်က ဆက်ဆံရေးတစ်ခုမှာ မရင့်ကျက်ခြင်းတွေကို ဖော်ပြနေတာပါ။

READ
ယောကျာ်းလေးတွေ ချစ်နေရက်နဲ့ လမ်းခွဲထားရစ်ခဲ့တတ်တဲ့ အကြောင်းအရင်းများ

နေရာတကာ အူတိုတတ်တယ်

Sponsored

အားအားရှိ အူတိုနေတတ်တာက ဇာတ်ကားတွေ၊ ဝတ္ထုတွေထဲမှာသာ ချစ်စရာကောင်းချင် ကောင်းမှာပါ။ တကယ့် လက်တွေ့ဘဝမှာတော့ ဒါဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်နော်။ ယောကျာ်းလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နေရာတကာ လိုက်အူတိုနေတတ်ရင် တစ်ဖက်လူအတွက် စိတ်ကျဉ်းကျပ်ချုပ်နှောင်လာတတ်ပါတယ်။ ဒီလို နေရာတကာ လိုက်အူတိုနေတတ်တာ မရင့်ကျက်သေးတဲ့ သူတွေသာ လုပ်လေ့ရှိတဲ့ အရာတွေပါနော်။

အနာဂတ်အစီအစဉ်တွေ မရေရာဘူး

shutterstock/Rido

ချစ်သူစုံတွဲတိုင်း ကိုယ်ပေါင်းဖက်ချင်တဲ့သူနဲ့ ဘဝကို ရှေ့ဆက်ချင်ကြတာ သဘာဝပါ။ ဒါပေမယ့်လို့ ကိုယ်နဲ့သူ တွဲတော့တွဲနေပေမယ့် အနာဂတ်မှာ ဘာအစီအစဉ်မှ မရှိဘူး ဒါမှမဟုတ် အနာဂတ်အစီအစဉ်တွေက ဘာမှရေရေရာရာ မရှိဘူးဆိုရင်တော့ ဒါက တကယ့်ကို ပေါ့ပျက်ပျက်နိုင်လွန်းတဲ့ ဆက်ဆံရေးတစ်ခုပဲ ဖြစ်ပါတယ်။ ရင့်ကျက်တဲ့ စုံတွဲတွေကတော့ သူတို့ရဲ့ အချစ်ခရီးလမ်းကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အမြဲတမ်း အစီအစဉ်ဆွဲထားတတ်ပါတယ်။

READ
ချစ်သူတိုင်း ပျော်ရွှင်စွာလက်တွဲမြဲစေဖို့ ဆောင်ရန်စည်းကမ်း (၁၀) ချက်

အလေးအနက်ထားပြီး မပြောတတ်ဘူး

ချစ်သူအချင်းချင်း တစ်ခါတစ်လေမှာ စနောက်တာတွေ ရှိပေမယ့် တစ်ခါတစ်လေ အရေးကြီးတဲ့ အချိန်မျိုးမှာ အရေးကြီးတဲ့စကားကို တည်တည်တံ့တံ့ ပြောတတ်ရပါမယ်။ မရင့်ကျက်တဲ့ စုံတွဲတွေကတော့ အရေးကြီးတဲ့စကားပဲဖြစ်ဖြစ်၊ အရေးမကြီးတာပဲဖြစ်ဖြစ် ပေါ့ပျက်ပျက်နဲ့ ပြောတတ်တာပါပဲ။ ဒီလို စကားကို ပေါ့ပျက်ပျက် ပြောလိုက်တဲ့အခါ အရေးကြီးတဲ့ အကြောင်းအရာတောင် အရေးမပါသလို ခံစားရစေပါတယ်။

ဘယ်တော့မှ မတောင်းပန်တတ်ဘူး

shutterstock/ Dean Drobot

မရင့်ကျက်တဲ့ စုံတွဲတွေ လုပ်တတ်တဲ့ နောက်ထပ်အမှားတစ်ခုက ဘယ်သူဘက်ကပဲ အမှားလုပ်မိပါစေ စပြီးမတောင်းပန်တတ်တာပါပဲ။ အများအားဖြင့် ဖြစ်တဲ့ပြသနာတိုင်းက မတောင်းပန်ပဲ ပြေလည်လိုက်ကြတာ များပါတယ်။ တကယ်တမ်းတော့ ကိုယ့်အမှားကို ကိုယ်တာဝန်ယူနိုင်တာက မှန်ကန်တဲ့ အလုပ်ပါ။ မရင့်ကျက်တဲ့ စုံတွဲတွေကတော့ ကိုယ့်အမှားအတွက် မသိကျိုးကျွံပြု တတ်ကြပါတယ်။

Khin

sponsored