သင့်ဘက်က ပြီးပြည့်စုံတဲ့ relationship လို့ မထင်မိပေမယ့် ခိုင်မြဲတဲ့ အချစ်ရေးဆိုတာ ….

shutterstock/antoniodiaz
Sponsored

တစ်ချို့လူတွေက ကိုယ့်ရဲ့ relationship ကို လိုအပ်ချက်တွေ များနေတယ်၊ တကယ်ရော ပျော်ရွှင်တဲ့ အချစ်ရေး ဟုတ်ရဲ့လားဆိုပြီး တွေးမိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အချစ်ရေးတွေက ပြီးပြည့်စုံတဲ့ အချစ်ရေးလို့ ကိုယ့်ဘက်က မသတ်မှတ်ထားပေမယ့် တကယ်တမ်းမှာ ခိုင်မြဲတဲ့ အချစ်ရေး ဖြစ်နေတတ်ပါတယ်။ ဒီအချက်တွေက အချစ်ရေးမှာ မှားယွင်းနေတဲ့ အချက်တွေမဟုတ်ပါဘူး။

စကားတွေ အများကြီး မပြောဖြစ်ဘူး

shutterstock/Emotions studio

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စကားတွေအများကြီး မပြောဖြစ်ရင်တောင် သူနဲ့အတူ ရှိနေတဲ့အချိန်တွေမှာ စိတ်သက်တောင့်သက်သာ ရှိနေဖို့ပဲ လိုတာပါ။ တစ်ချို့ချစ်သူစုံတွဲတွေက စကားတွေ တီတီတာတာ မပြောဖြစ်တတ်ကြပေမယ့် တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်နားလည်တတ်ကြပါတယ်။ စကားတွေနဲ့ ဖော်ပြနေမှ အချစ်တွေက ပေါ်လွင်နေတာမဟုတ်ပါဘူး။

ခရီးတွေ အတူ သိပ်မသွားဖြစ်ဘူး

shutterstock/ Kamil Macniak
Sponsored

ချစ်သူတွေဆိုတိုင်း ခရီးအတူသွားရမယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူးနော်။ ကိုယ်အားပေမယ့် သူမအားတဲ့အချိန်တွေ ရှိသလိုပဲ သူသွားချင်ပေမယ့် ကိုယ်မသွားချင်တဲ့ အချိန်ဆိုတာလည်း ရှိပါတယ်။ ဒီတော့ နှစ်ယောက်အတူ သွားတဲ့ခရီးတွေက မရှိသလောက် နည်းပါးနေပေမယ့် သူများအတွဲတွေလိုလည်း ခရီးအတူ မသွားလို့ဆိုပြီး အပြစ်တင်နေလို့ မရပါဘူး။ ခရီးအတူသွားမှာ အချစ်ရေးက ပိုခိုင်မြဲ ပြည့်စုံနေတာတော့ မဟုတ်ပါဘူးနော်။

READ
အိမ်မှာနေရင်းနဲ့ စိတ်ရောကိုယ်ပါကျန်းမာစေဖို့ နေ့စဉ်လုပ်သင့်တဲ့အရာ (၅) မျိုး

တစ်ခါတစ်လေ စကားများရန်ဖြစ်တတ်တယ်

shutterstock/Dragana Gordic

ချစ်သူစုံတွဲတွေဆိုတာက တစ်ခါတစ်လေ စိတ်အခန့်မသင့်ရင် စိတ်ဆိုးမယ် စိတ်ကောက်မယ်၊ ရန်ဖြစ်ကြမယ်၊ စိတ်ညစ်ကြမယ်၊ ငိုကြမယ် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါ။ ဒါတွေဖြစ်နေလို့ဆိုပြီး ငါတို့အချစ်ရေးက မပျော်ရွှင်ရဘူး၊ မပြည့်စုံဘူးလို့ ထင်နေရင်တော့ မှားနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ စကားများရန်ဖြစ်တတ်လောက်တာက အချစ်ရေး အဆင်မပြေဘူးလို့ ပြောလို့မရပါဘူး။

ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ ကိုယ်ရှိတယ်

shutterstock/StockLite

အမြဲတမ်း အတူရှိနေမှ ချစ်သူတွေ မဟုတ်ပါဘူး လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ ကိုယ်ပိုင်အချိန်တွေဆိုတာ လိုအပ်ပါတယ်။ ဒီတော့ သူ့အတွက်၊ ကိုယ့်အတွက် သီးသန့်အချိန်လေးတွေ ရှိမယ်၊ သူ့ဝါသနာ၊ ကိုယ့်ဝါသနာ ဒါတွေကို ဝင်ရောက်မစွက်ဖက်တာကလည်း ထားသင့်တဲ့ စည်းတစ်ခုပါ။ ဟယ် နင်တို့နှစ်ယောက်က ချစ်သူတွေဖြစ်နေပြီး အတူရှိချိန်တွေ နည်းလိုက်တာ ဆိုတဲ့ စကားတွေကို နားယောင်နေစရာ မလိုပါဘူး။ ဒါဟာ ပျော်ရွှင်ပြည့်စုံတဲ့ အချစ်ရေးနဲ့ လုံးဝသက်ဆိုင်မနေပါဘူးနော်။ ကိုယ့်ရဲ့ relationship မှာ ဒီအချက်တွေ ဖြစ်နေပေမယ့် ခိုင်မြဲတဲ့ အချစ်ရေး ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

READ
စိတ်ထားကောင်းတဲ့သူတွေက ပိုနာကျင်ရတတ်တဲ့ အကြောင်းအရင်းများ

Khin

 

sponsored