မွေးရာပါ စိတ်သဘောထားပြည့်ဝပြီး စိတ်ထားကောင်းတဲ့သူတွေရဲ့ စရိုက်လက္ခဏာ (၇)မျိုး

TerriC/pixabay
Sponsored

ပညာမတတ်ရင် တတ်အောင် သင်လို့ရတယ်၊ ပိုက်ဆံမရှိတာက ရှာလို့ရတယ်ဆိုပေမယ့် စိတ်သဘောထားပြည့်ဝတာ၊ စိတ်ရင်းကောင်းတာကတော့ မွေးရာပါ ကိုယ်ကျင့်တရားဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်တွေကတော့ မွေးရာပါ စိတ်သဘောထားပြည့်ဝတဲ့သူ၊ စိတ်ရင်းကောင်းတဲ့သူတွေမှာ ရှိတတ်တဲ့ စရိုက် လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) တခြားလူတွေရဲ့စကားကိုအလေးထားတယ်

ANATOLIY KARLYUK/SHUTTERSTOCK

ကိုယ့်မိသားစု၊ ချစ်သူ၊ သူငယ်ချင်း စတဲ့သူတွေပြောတဲ့စကားတွေကို အလေးထားနားထောင်တယ်။ ပြီးတော့ နားထောင်ပြီးမေ့ပစ်လိုက်တာမျိုးမဟုတ်ဘဲ သူတို့ ကြိုက်တာ၊ မကြိုက်တာတွေကို မှတ်ထားတတ်တယ်၊ ကိုယ့်ကို ယုံကြည်လို့၊ခင်မင်ရင်းနှီးလို့ဖွင့်ပြောလာတဲ့ စကားတွေကို ဂရုမစိုက်သလိုလုပ်ပြီး ခဏခဏပြန်မေးတာမျိုး လုံးဝမလုပ်တတ်ပါဘူး။

(၂) သူများခံစားချက်ကိုပြက်ရယ်မပြုဘူး

Sponsored

လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်း၊ အားနည်းချက်ချင်းမတူတာကြောင့် ကိုယ့်အတွက် ဘယ်လိုမှမခံစားရတဲ့အဖြစ်အပျက်မျိုးက သူ့အတွက် အရမ်းထိခိုက်ခံစားရတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ ဒါကို နားလည်တယ်၊ သူတစ်ပါးထိခိုက်ခံစားရတာကို ဒီလောက်လေးနဲ့ဖြစ်နေတယ်၊ ငါတောင် ဘာမှမဖြစ်ဘူး ဆိုတာမျိုးမတွေးဘူး၊ လှောင်ရယ်တာမျိုး မလုပ်ဘူး၊ သူများခံစားချက်ကိုလည်း အလေးထားနားလည်ပေးတတ်တယ်။

READ
စိတ်ခံစားလွယ်၊ မျက်ရည်လွယ်လွန်းသူတွေရဲ့ နောက်ကွယ်က လူတွေမသိတဲ့ အကြောင်းရင်း(၅)ခု

(၃) တစ်ဖက်သားကို အပြစ်တင်တဲ့စိတ်နဲ့မကြည့်ဘူး

Artem Beliaikin/pexels photos

လူတိုင်းက အဖက်ဖက်ကပြည့်စုံနေတဲ့သူတွေ မဟုတ်ကြတာကြောင့် လိုအပ်ချက်တွေ၊ အားနည်းချက်တွေလည်း ရှိကြပါတယ်။ စိတ်သဘောထား မပြည့်ဝတဲ့သူတွေကတော့ လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ အပြစ်အနာအဆာတွေကို အရင်မြင်တတ်တယ်။ စိတ်သဘောထားပြည့်ဝတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး၊ လူတစ်ယောက်ရဲ့ကောင်းကွက်လေးတွေကိုမြင်တတ်တယ်၊ သူများသိမ်ငယ်သွားမယ့် စကားမျိုးတွေကိုလည်း မပြောတတ်ဘူး။

(၄) ရေရှည်ခင်မင်တဲ့သူငယ်ချင်းတွေရှိတယ်

ဘယ်သူမဆို ကိုယ့်အတွက် မကောင်းတာတွေယူလာတဲ့သူ၊ ကိုယ့်ကို စိတ်ညစ်စေတဲ့သူ၊ ကိုယ့်ကို ပျက်စီးစေမယ့်သူမျိုးတွေဆို လက်တွဲဖြုတ်သွားကြမှာပါပဲ။ ဒါကြောင့် စိတ်သဘောထားမပြည့်ဝတဲ့သူ၊ တစ်ဖက်သားကို အပြစ်မြင်တတ်သူတွေမှာ ရေရှည်ပေါင်းသင်းတဲ့ မိတ်ဆွေသူငယ်ချင်းမျိုး မရှိပါဘူး။ ဒီလိုရေရှည်ပေါင်းတဲ့သူငယ်ချင်း ရှိမရှိကိုကြည့်ခြင်းအားဖြင့် လူတစ်ယောက်က စိတ်သဘောပြည့်ဝတဲ့သူဟုတ်မဟုတ် အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။

(၅) အမြင်မတူတာတွေကို လက်ခံတယ်

rawpixel/pixabay

ကိုယ့်အမြင်မှ မှန်တယ်၊ ကိုယ့်အတွေးက မှန်တယ်၊ ကိုယ်ပြောတာ လက်မခံရင်မှားတယ်၊ ဒီလိုတစ်ဖက်သတ်အစွန်းရောက်အတွေးမျိုး မရှိဘူး။ ကိုယ်တွေးသလို သူများလည်းတွေးတတ်မှာပဲလို့ သိတယ်၊ တစ်ဖက်သားရဲ့အမြင်၊ သဘောထားကွဲလွဲမှုတွေကို လက်ခံတယ်။

READ
မြင်သူတိုင်းကို အံ့သြသွားစေတဲ့ အရင်ခေတ်နဲ့အခုခေတ် လုံးဝခြားနားနေတဲ့ သစ်သီး (၇) မျိုး

(၆) အကြံကောင်းတွေပေးတတ်တယ်

သူငယ်ချင်းအပေါင်းအသင်းတွေပဲဖြစ်ဖြစ်၊ သူစိမ်းတွေကပဲဖြစ်ဖြစ် အကြံတောင်းလာရင် ချောက်တွန်းလိုက်တာမျိုး၊ မကောင်းတဲ့ အကြံပေးတာမျိုး မလုပ်ဘူး၊ သူတို့အတွက် တကယ်ကောင်းတဲ့၊ အသုံးဝင်တဲ့ အကြံတွေပေးတတ်တယ်။

(၇) ကိုယ့်အမှားအတွက်တောင်းပန်တယ်၊ သူများအမှားကို ခွင့်လွှတ်တတ်တယ်

Dasha Muller/shutterstock

စိတ်သဘောထားပြည့်ဝတဲ့သူဆိုတာ ကိုယ်မှားရင်လည်း မှားတာကို ဝန်ခံဖို့၊ တောင်းပန်ဖို့ဝန်မလေးဘူး၊ သူများက မှားခဲ့ရင်လည်း ဒါကို တေးမှတ်ထားပြီး လက်စားချေတာမျိုး မလုပ်ဘဲ ခွင့်လွှတ်လိုက်တယ်၊ မေ့ပစ်လိုက်တယ်။

MAY THAZINHTOO

sponsored