သင့်ကြောင်က သင့်ကို ချစ်တယ်လို့ ပြောနေတာဖြစ်တဲ့ အမူအရာ (၁၀)မျိုး

Pixabay/Kirgiz03
Sponsored

အိမ်မွေးတိရိစ္ဆာန်ထဲမှာတော့ ကြောင်လေးတွေနဲ့ ခွေးလေးတွေကို အမွေးများကြပါတယ်။ သင်ရော အိမ်မှာ ကြောင်မွေးထားသူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာလေးကို ဖတ်ကြည့်သင့်ပါပြီနော်။ ကြောင်တွေက များသောအားဖြင့် ခွေးတွေလို သခင်နားသိပ်မကပ်ဘူး၊ မလိမ္မာဘူးဆိုပြီး မှတ်ထားတတ်ကြပါတယ်။ တကယ်တော့ ကြောင်လေးတွေကလည်း သူတို့ရဲ့ အချစ်ကို ဖော်ပြတတ်ကြပါတယ်။ ဘယ်လိုနည်းလမ်း အမူအရာလေးတွေလုပ်ရင် သူတို့က သခင်ကို ချစ်တယ်လို့ ပြောတာနဲ့ တူလဲ..? ဆိုတော့ ဖတ်ကြည့်လိုက်ပါဦး။

(၁) သင့်ကြောင်က သင့်ကို ကြည့်နေတုန်း မျက်စောင်းထိုးသလိုလိုလုပ်ပြီး မျက်စိမှိတ်မှိတ်သွားတတ်ရင် လူတွေလိုပဲ မျက်စောင်းထိုးတယ် မထင်လိုက်ပါနဲ့။ ဒါဟာ သူတို့မျက်စိထဲ သင်ဟာ ချစ်စရာကောင်းလွန်းလို့ မျက်စိမှိတ်သွားတတ်တာပါတဲ့။
(၂) ကြောင်က သူ့ရဲ့ မျက်နှာ၊ နှုတ်ခမ်းနဲ့ သင့်နှုတ်ခမ်းကို ထိမိဖို့ ကြိုးစားရင်လည်း ဒါ သူသင့်ကို ချစ်လို့ပါ။
Pixabay/Katzenspielzeug
(၃) အကြောင်းအရင်းမရှိဘဲ သူ့ရဲ့ ခြေထောက်လေးတွေ လက်လေးတွေနဲ့ သင့်ကို ထထနှိပ်ပေးတာက သင်ဟာ သူ့အတွက် အရေးပါတဲ့ ချစ်ရတဲ့သူမို့လို့ပါ။
(၄) သင် အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ သူတို့ ပြေးပြေးထွက်လာတတ်တာက ဗိုက်ဆာလို့ အစာတောင်းချင်လို့ချည်းရယ်ပဲ မဟုတ်ပါဘူး။ သူတို့ချစ်တဲ့သူပြန်လာမှသာ ထွက်လာပြီး ကြည့်တတ်တာပါတဲ့။
(၅) သူတို့ခေါင်းနဲ့ သင့်ခေါင်းကို အတင်းလာလာပွတ်တာကတော့ ရန်ဖြစ်ချင်လို့ စိန်ခေါ်တာမဟုတ်ပါဘူးတဲ့။ သင့်ကို အရမ်းချစ်လို့ပါပဲ။
(၆) ပွတ်တာ သပ်တာနဲ့ ပတ်သက်လို့က သူတို့ဗိုက်ကို သင်ပွတ်တာ ခံတယ်ဆိုရင် သင်က သူတို့အတွက် အရေးပါတဲ့ လူသားဖြစ်နေလို့ပါတဲ့။ သူများတွေ သွားပွတ်ရင်တော့ ကုတ်လွှတ်မှာ။
Pixabay/wilkernet
(၇) သင့်ကြောင်က သင့်ကို အရမ်းချစ်တယ်ဆိုရင် သင့်ကိုယ်ပေါ်မှာ သူတို့ အိပ်စက်ပါတယ်။
(၈) သူတို့ သင့်ကို အရမ်းချစ်ရင် သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတင်မကဘဲ သင့်ရဲ့ အဝတ်အစား၊ အသုံးအဆောင်နဲ့ အိတ်တွေပေါ်မှာပါ အိတ်တတ်ကြပါတယ်။ သူတို့ချစ်တဲ့သူရဲ့ ကိုယ်သင်းနံ့ကို သူတို့ ကြိုက်ကြတယ်လေ။ အဲ့ဒါကြောင့် သင့်အသုံးအဆောင်တွေပေါ် သူတို့တက်တက်အိပ်လို့ အမွေးတွေကပ်တယ်ဆိုပြီး သိပ်စိတ်မဆိုးကြပါနဲ့နော်။ သူတို့က သင့်ကို ချစ်လို့ပါ။
(၉) သင် ဖုန်းတွေ၊ ကွန်ပြူတာတွေ သုံးနေတဲ့အချိန်၊ စာဖတ်နေတဲ့အချိန်တွေမှာ ထိုပစ္စည်းတွေအပေါ် သူတို့လာလာကွယ်တာ၊ ထိုင်ချတာတွေ လုပ်ပြီး သင့်ကို နှောင့်ယှက်ရင်လည်း စိတ်မဆိုးလိုက်ပါနဲ့။ ဒါဟာ သူတို့ သင့်ရဲ့ အာရုံစိုက်မှုတွေ အချစ်တွေ လိုချင်လို့ လုပ်ကြတာပါတဲ့။
Pixabay/TeamK
(၁၀) သင့်ကြောင်က သင့်ကို ထထကိုက်တတ်သေးတယ်မလား။ ဒဏ်ရာမဖြစ်လောက်ဘူးဆိုရင်တော့ သူ့ရဲ့ သွားရာလေးတွေကို သည်းခံလိုက်ပါ။ ဒါဟာ သူတို့ သင့်ကို အရမ်းတွေ ချစ်လွန်းလို့ အချစ်တွေ လျှံထွက်လာကာ အသည်းယားပြီး ကိုက်တာမို့လို့ပါ။

White (Aunty May)

sponsored