ချစ်သူအပေါ် စိတ်နာသွားပြီဆိုရင် တွေ့ရတက်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာများ

shutterstock/By fizkes
Sponsored

မိန်းကလေးတွေက အချစ်ရေးနဲ့ပတ်သတ်ပြီး ထိလွယ်ရှလွယ်တက်ကြပါတယ်။ ချစ်မိပြီဆိုရင် ချစ်သူအပေါ်အပြစ်မမြင် ခွင့်လွှတ်သည်းခံတက်ကြပြီး စိတ်နာသွားပြီ၊ စိတ်ကုန်သွားပြီဆိုရင်လည်း လှည့်မကြည့်ပဲ ထားခဲ့တက်ကြပါတယ်။ ဒီလိုထိလွယ်ရှလွယ်တဲ့ မိန်းကလေးတွေရဲ့ ချစ်သူအပေါ်စိတ်နာသွားပြီဆိုရင် တွေ့ရတက်တဲ့လက္ခဏာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ကို မလွမ်းတော့ဘူး

shutterstock/By Antonio Guillem

ချစ်သူတွေဆိုတာ မတွေ့ရတဲ့အချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်သတိရတက်ကြတာ သဘာဝပါပဲ။ မိန်းကလေးအများစုကတော့ ကိုယ့်ချစ်သူနဲ့မတွေ့ရတဲ့အချိန်လေးတွေမှာ ချစ်သူကို ပိုပြီးလွမ်းဆွတ်သတိရလေ့ရှိပါတယ်။ ဒါပေမဲ့ သူကတော့ သင်နဲ့မတွေ့ရတဲ့အချိန်တွေမှာ သင့်ကိုသတိမရတော့ပဲ ပျော်ပျော်နေလာတက်ပြီး သင့်ကိုမမြင်ရလေကောင်းလေဆိုတဲ့ပုံမျိုးတွေ ဖြစ်လာတက်ပါတယ်။

သူငယ်ချင်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးတော့တယ်

Sponsored

ချစ်သူတွေဖြစ်ကြပြီဆိုရင် ကိုယ်ပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး ကိုယ်ချစ်သူကိုအချိန်ပေးလေ့ရှိပါတယ်။ မိန်းကလေးအများစုကတော့ ချစ်သူတွေဖြစ်လာကြပြီဆိုရင် သူငယ်ချင်းထက် ချစ်သူကိုဦးစားပေးလေ့ရှိပါတယ်။ ဥပမာ – ကိုယ့်ရဲ့အချိန်တွေကို ချစ်သူကိုပိုပေးလိုက်တာမျိုးတွေပါ။ ဒါပေမဲ့ သူကတော့ သင်နဲ့တွေ့ရမယ်အချိန်တွေကို သူ့သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးလိုက်တာမျိုး၊ သင်နဲ့တွေ့ရဖို့ကို အကြောင်းပြချက်တွေပေးပြီး ဖျက်လိုက်တာမျိုး၊ သင့်ကိုရှောင်နေတာမျိုးတွေ လုပ်လာတက်ပါတယ်။

အေးတိအေးစက်ဖြစ်လာတယ်

ချစ်သူဖြစ်ကြပြီဆိုရင် မိန်းကလေးတွေက ချစ်သူရဲ့အကြောင်း၊ သူ့ရဲ့တစ်နေ့တာ သွားလာလှုပ်ရှားမူတွေကို စိတ်ဝင်စားတစား မေးမြန်းစူးစမ်းတက်ကြပါတယ်။ ဒါ့အပြင် မိန်းကလေးသဘာဝအရ ချစ်သူကို စိတ်ကောက်တာမျိုး၊ သ၀န်တိုတာမျိုး နဲ့ ရစ်တာလေးတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူကတော့ သင်နဲ့ပတ်သတ်သမျှအရာရာကို စိတ်ဝင်တစားမရှိတော့တဲ့အပြင် သင့်အပေါ်ဘာခံစားချက်မှ မရှိပဲ အေးတိအေးစက်ပုံမျိုးတွေ ဖြစ်လာတက်ပါတယ်။

READ
အချစ်ကိုကြောက်လို့ ရှောင်ပြေးနေမိတဲ့သူတွေရဲ့ လက္ခဏာ (၁၀) ခု

သင့်ရဲ့အထိအတွေ့တွေကို မမက်မောတော့ဘူး

shutterstock/A By Antonio Guillem

ချစ်သူတွေဖြစ်ကြပြီဆိုရင် လက်ကလေးကိုင်တာမျိုး၊ ဖတ်ထားတာမျိုး၊ အနမ်းကလေးပေးတာမျိုး အစရှိတဲ့ အထိအတွေ့လေးတွေကို ပြုလုပ်တက်ကြပါတယ်။ မိန်းကလေးတွေရဲ့သဘာဝက ချစ်သူကိုချွဲတက်ပြီး ချစ်သူရဲ့ဂရုစိုက်ယုယမူကို လိုချင်တက်မက်ကြတာမျိုးပါ။ ဒါပေမဲ့ သူကတော့ သင့်ရဲ့အထိအတွေ့တွေကို မမက်မောတော့တဲ့အပြင် သူ့ကိုထိတွေ့တာမျိုးကို မကြိုက်တော့ပဲ အခါခါငြင်းပယ်လာတက်ပါတယ်။

သင့်အပေါ် ငြိုငြင်လာတယ်

မိန်းကလေးတွေဆိုတာ ချစ်သူတွေဖြစ်ကြပြီဆိုရင် ချစ်သူကိုယ့်အပေါ်ဘာလုပ်လုပ် အပြစ်မမြင်ပဲ ချစ်သူရဲ့ပြစ်ချက်လေးတွေကိုတောင် အပြစ်မမြင်ပဲ ချစ်တက်ကြပါတယ်။ ချစ်နေတုန်းတော့ အပြစ်မမြင်ပေမဲ့ ချစ်သူကို စိတ်ကုန်ပြီး စိတ်နာသွားတဲ့မိန်းကလေးတွေကတော့  ချစ်သူရဲ့ရယ်သံလေးကအစ စိတ်ရှုပ်လာပြီး ချစ်သူကို မြင်ရင်လည်း ချစ်စိတ်တွေလွှမ်းခြုံမနေတော့ပဲ အမြင်ကပ်ပြီး မမြင်ချင်တော့ လောက်အောင် ဖြစ်လာပါတယ်။ ဒါ့အပြင် သင့်အပေါ်လည်း ငြိုငြင်စိတ်တွေဖြစ်လာပြီး အပြစ်တွေမြင်လာပါတယ်။

ကိုယ့်စိတ်ဆန္ဒကိုပဲ အလေးပေးတော့တယ်

shutterstock/By Jet Cat Studio

ချစ်သူတွေဖြစ်ကြပြီဆိုရင် မိန်းကလေးတွေဆိုတာ ချစ်သူအတွက် အရမ်းပြည့်စုံတဲ့ မိန်းကလေးဖြစ်ချင်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ဆန္ဒထက် ချစ်သူရဲ့ဆန္ဒ၊ ချစ်သူရဲ့စကားကို ပိုပြီးအလေးပေး နားထောင်လေ့ရှိပါတယ်။ ဥပမာ – သင်က သူငယ်ချင်းတွေနဲ့ အပြင်သွားတာ မကြိုက်ဘူးဆိုရင် အပြင်မသွားပဲ နေလိုက်တာမျိုး၊ သင်က စကပ်အတိုဝတ်တာမကြိုက်ဘူးဆိုရင် မ၀တ်ပဲနေလိုက်တာမျိုး စတာတွေပါ။ ချစ်နေတုန်းတော့ အရာရာကို ချစ်သူစိတ်ကြိုက်လိုက်လျောပြီး ပြောင်းလဲပေးတက်ကြပေမဲ့ စိတ်ကုန်ပြီး စိတ်နာသွားတဲ့မိန်းကလေးတွေကတော့ ကိုယ့်အတွက်ကိုယ်ပဲ ပြန်ကြည့်ပါတော့တယ်။ ချစ်သူရဲ့ ဆန္ဒထက် ကိုယ့်ဆန္ဒ၊ ကိုယ်ဖြစ်ချင်တာကိုပဲ အလေးပေးလုပ်လာပါတော့တယ်။ ဥပမာ – အစားတွေအများကြီးစားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ စာဖတ်တာမျိုး၊ သူငယ်ချင်းတွေနဲ့တွေ့တာမျိုး အစရှိတဲ့ ကိုယ့်စိတ်ကိုအေးချမ်းစေပြီး ကိုယ့်ကိုပျော်ရွှင်စေမဲ့အရာတွေပဲလုပ်ဖြစ်ပါတော့တယ်။

sponsored