မြင်,မြင်ချင်း အခိုက်အတန့်မှာတင် တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးဆိုတာ …

shutterstock/ GaudiLab
Sponsored

လူတစ်ယောက်ကို စတွေ့စမှာတင် ဆွဲဆောင်မှုရှိတယ်လို့ ပြောဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်နော်။ ဒါပေမယ့် တစ်ဖက်လူက သင့်ကို စတွေ့စမှာတင် သတိထားမိသွားစေနိုင်တဲ့ အချက်လေးတွေကတော့ ရှိလို့နေပါတယ်။ ဒီအချက်တွေက စတွေ့စမှာတင် သင်ဟာ ဆွဲဆောင်မှုမြင့်မားတဲ့ သူတစ်ယောက်ဆိုတာ သတ်မှတ်ခံရစေတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

ပြုံးပြနှုတ်ဆက်တတ်တယ်

shutterstock/Halay Alex

ကိုယ်နဲ့ တစ်ခါမှမရင်းနှီးတဲ့သူ ဖြစ်နေပါစေ သင်ဟာ ပြုံးပြနှုတ်ဆက်ရမှာကို ဝန်မလေးတဲ့ သူတစ်ယောက်ဆိုရင်တော့ သင်ဟာ အတော်လေးကို ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ပါနော်။ အပြုံးက လူတစ်ယောက်နဲ့တစ်ယောက်ကို ပိုမိုရင်းနှီးလွယ်ကူစေနိုင်သလို သင့်ကိုပိုတောက်ပနေအောင်လည်း ပြုလုပ်ပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ သင်ဟာ မျက်နှာမှာ အပြုံးကိုချိတ်ဆွဲထားတတ်တဲ့ သူတစ်ယောက်ဆိုရင် တစ်ဖက်လူက သင့်ကိုသေချာပေါက် ဆွဲဆောင်မှုရှိတယ်လို့ မြင်ရစေမှာပါ။

ပွင့်လင်းတယ်

shutterstock/ Look Studio
Sponsored

ဘယ်လောက်ပဲ ခုပဲစတွေ့တဲ့သူပဲ ဖြစ်နေပါစေ သင့်ဘက်ကနေ စကားပြောဆိုတဲ့အခါ ရဲရဲဝံ့ဝံ့နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ပုံစံလေးက တစ်ဖက်လူအမြင်မှာတော့ အရမ်းကို ချစ်စရာကောင်းနေတတ်ပါတယ်။ တစ်ဖက်လူ စိတ်အနေမကျပ်အောင် ကိုယ့်ဘက်က ပွင့်လင်းပြတတ်ပြီး ပြောရဲဆိုရဲတဲ့ ပုံစံလေးက သင့်ကိုဆွဲဆောင်မှုပိုနေစေတာ ဖြစ်ပါတယ်။

READ
သင့်ကောင်လေးက ဖောက်ပြန်တတ်တဲ့လူ ဟုတ်၊မဟုတ် သိနိုင်မယ့် အချက်များ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်

shutterstock/ Look Studio

လူတိုင်းအားကျရတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတတ်တာလေးက တစ်ဖက်သားတွေကို ညို့ယူဖမ်းစားနိုင်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ပုံစံလေးက အားလုံးရဲ့ အမြင်မှာ သင်ဟာ တကယ့်ကို ဆွဲဆောင်မှုရှိပြီး စမတ်ကျလှသူအဖြစ် သတ်မှတ်ခံရစေတာပဲ ဖြစ်ပါတယ်နော်။

ဖက်ရှင်ကျတယ်

shutterstock/ LTim

တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့ စကားအတိုင်းပဲ ကိုယ့်ကိုယ်မြင်မြင်ချင်း တစ်ဖက်လူသတိထားမိတဲ့အထဲမှာ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု ဖက်ရှင်လည်းပါဝင်နေပါတယ်။ သင်က အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်သလို ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကိုလည်း ရွေးချယ်တတ်တယ်ဆိုရင်တော့ သေချာပေါက်ကို တစ်ခြားသူတွေရဲ့ အကြည့်တွေက သင့်နောက်ပါလာစေမှာ ဖြစ်ပါတယ်။ ဒါက သင်ဟာ စတွေ့တွေ့ချင်းမှာတင် ဆွဲဆောင်မှုမြင့်မားတဲ့သူဆိုတာကို ဖော်ပြလို့နေတာ ဖြစ်ပါတယ်နော်။

Khin

sponsored