သင်က လူတွေနဲ့ မလိုအပ်ပဲ ရောနှောရတာ မကြိုက်သူဖြစ်ကြောင်း ဖော်ပြနေတဲ့ အချက်များ

shutterstock/  G-Stock Studio
Sponsored

လူတွေရဲ့ အကျင့်စရိုက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝကို မတူညီကြပါဘူး။ တစ်ချို့လူတွေက ကိုယ့်အနားမှာ တစ်ယောက်ယောက်သာ ရှိမနေရင် အထီးကျန်သလို၊ အဓိပ္ပါယ်မဲ့သလို ခံစားတတ်ကြပြီး လူတွေနဲ့ ထိတွေ့နေရတာကို ကြိုက်ပါတယ်။ တစ်ချို့လူတွေကျပြန်တော့ မလိုအပ်ပဲ လူတွေနဲ့ စကားတွေအများကြီးပြောရတာ၊ ရှုပ်ထွေးတဲ့ အခြေအနေတွေကို မကြိုက်တတ်ကြ ပြန်ပါဘူး။ ဒီအချက်တွေက သင်ဟာ လူတွေနဲ့ ရောရောနှောနှော နေရတာကို မကြိုက်တဲ့ သူတစ်ယောက်ဆိုတာ ဖော်ပြလို့ နေပါတယ်။

သူစိမ်းတွေနဲ့ စကားပြောရတာ မကြိုက်ဘူး

shutterstock/ Dasha Petrenko

ဒီလို လူတွေက သူစိမ်းတွေကို မကြိုက်တတ်ကြပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ လူတစ်ချို့နဲ့သာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပေမယ့် သူစိမ်းတစ်ယောက်ယောက်နဲ့ စကားဖောင်ဖွဲ့ ပြောဆိုတာမျိုးတော့ လုံးဝမလုပ်တတ်ကြပါဘူးနော်။ သူစိမ်းတွေနဲ့ဆို လိုရင်းတိုရှင်းပဲ ပြောတတ်ကြသူတွေမို့ တစ်ချို့လူတွေက သူတို့ကို ပေါင်းသင်းဆက်ဆံရေး ညံတယ်လို့တောင် ထင်တတ်ကြပါတယ်။

READ
Seo Ye-ji ရဲ့ ပွဲတက်ဝတ်စုံနဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုး

လူများတွေ နေရာတွေကို မကြိုက်ဘူး

shutterstock/ DisobeyArt
Sponsored

ပွဲလမ်းသဘင်တွေ၊ လူတွေ တိုးဝှေ့နေတဲ့ နေရာမျိုးတွေ၊ ဆူညံလွန်းတဲ့ နေရာတွေကို သူတို့တွေက မကြိုက်တတ်ကြပါဘူးနော်။ သူတို့တွေက အေးအေးဆေးဆေးနဲ့ စိတ်သက်တောင့်သက်သာဖြစ်တဲ့ နေရာလေးမှာသာ အေးဆေးနေချင်တတ်ကြတာပါ။ အရမ်းကြီး လူများတဲ့ နေရာတွေကို မုန်းတတ်ကြသလို တစ်ယောက်တည်း တွေးရင်းငေးရင်း အချိန်ကုန်ရတာကို ပိုသဘောကျတတ်ကြပါတယ်။

ဖုန်းအကြာကြီး ပြောရတာကို မကြိုက်ဘူး

shutterstock/ Prostock-studio

လူတွေနဲ့ အရမ်းရောရောနှောနှော မနေတတ်တဲ့ သူတွေက ဖုန်းကို အချိန်အကြာကြီး ပြောရတာမျိုးလည်း မကြိုက်ကြပါဘူး။ အဓိက အရာလေးတွေကိုပဲ တိုတိုပြတ်ပြတ်ပြောပြီး ဖုန်းချတတ်ကြပါတယ်။ တစ်ယောက်ယောက်နဲ့ အချိန်ယူပြီး ဖုန်းပြောရတာလောက် သူတို့ဘဝမှာ ပျင်းရိငြီးငွေ့ဖို့ ကောင်းတာ မရှိပါဘူးနော်။

လူအသစ်တွေနဲ့ တွေ့ဆုံရတာ မကြိုက်ဘူး

shutterstock/ ESB Professional

တစ်ချို့လူတွေက မိတ်ဆွေ၊ သူငယ်ချင်းသစ်တွေ ဖွဲ့ရတာကို ကြိုက်တတ်ကြပေမယ့် သူတို့တွေကတော့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူအနည်းစုနဲ့သာ ပေါင်းသင်းခင်မင်နေရတာကို ကြိုက်ပါတယ်။ သူတို့ဆီမှာ အရမ်းကို ရင်းနှီးတဲ့သူ အနည်းစုသာ ရှိပေမယ့် အဲဒီ့လူတွေကို အရမ်းလည်း တန်ဖိုးထား ချစ်ခင်ကြသူတွေပါ။

READ
ပိုမိုပျော်ရွှင်တဲ့ဘ၀ကို အလွယ်တကူရယူနည်းများ

Khin

sponsored