သင်ဟာ စိတ်ကျရောဂါဖြစ်မှန်းမသိ ဖြစ်နေပြီလားဆိုတာ သိနိုင်မယ့်အချက် (၇) ချက်

Sponsored

စိတ်ကျရောဂါဆိုတာ (၂၁) ရာစုရဲ့ ခေတ်ရေစီးကြောင်းလို့တောင် ပြောလို့ရနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ တစ်ခါတလေ ပြဿနာတွေ အားလုံးရဲ့ အရင်းအမြစ်ဟာ စိတ်ကျရောဂါကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ လူတော်တော်များများဟာ သူတို့ကိုသူတို့ စိတ်ကျရောဂါဖြစ်နေလို့ ဖြစ်နေမှန်းမသိတဲ့ အချိန်တွေအများကြီးပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် စိတ်ကျရောဂါ ဖြစ်နေပြီလားဆိုတာ သိနိုင်ဖို့အတွက် စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ညစ်သလို၊ အားမရှိသလို ခံစားနေရတယ်

shutterstock

နေ့တိုင်းနီးပါး ဘာအကြောင်းရင်းမှ ထွေထွေထူးထူး မရှိလည်း အားမရှိ သလိုလို၊ နွမ်းနယ်နေ သလိုလို ခံစားရနေရမှာပါ။ မနက်မိုးလင်းတာနဲ့ ဘာကိုမှ စိတ်မပါသလို တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကိုတွေးပြီး စိတ်ဓာတ်တွေ ကျနေတတ်ပါတယ်။

(၂) အရေးမပါတဲ့ လူပိုတစ်ယောက်လို ခံစားရလာမယ်

shutterstock
Sponsored

သင့်ကိုသင် အသုံးမကျဘူး၊ ဘယ်သူကမှလည်း သင့်ကိုမချစ်ဘူး၊ လူတိုင်းက သင့်ကို မပေါင်းချင်ကြဘူး၊ သင့်ကိုသင် အပြစ်တွေ မြင်လာမယ်၊ အားတွေငယ်လာမယ်။ အသက်ရှင်ရတာ စိတ်ကုန်ပြီး သေချင်စိတ်တွေပဲ ဖြစ်နေလိမ့်မယ်။

READ
စိတ်ထားယုတ်ညံ့တဲ့ မိန်းမတွေမှာတွေ့ရတတ်တဲ့ လက္ခဏာ(၅)ခု

(၃) မှတ်ဥာဏ်အားနည်းလာမယ်

အရေးကြီးတဲ့ အကြောင်းအရာတွေကိုတောင် မေ့သွားမယ်၊ သတိလက်လွတ်ဖြစ်နေမယ်၊ နာမည်တွေ၊ ဖုန်းနံပါတ်တွေကိုလည်း တော်တော်နဲ့ စဉ်းစားလို့ မရတော့ပါဘူး။ တစ်ယောက်ယောက် ပြောနေတာကို နားထောင်ပေးနေရတာ၊ စာအုပ်ဖတ်ရတာတွေက သင့်အတွက် တော်တော်ခက်ခဲလာပါလိမ့်မယ်။

(၄) အမြဲတမ်းအိပ်ချင်နေမယ်

အိပ်လွန်းတာဟာလည်း စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ ဘယ်လောက်ကြာကြာ အိပ်ထားနေပါစေ၊ အမြဲတမ်း အိပ်ပြီးရင်း အိပ်ချင်နေမှပါ။ တစ်နေကုန် အိပ်ရာထဲက မထွက်ချင်လောက်အောင် အားအင်တွေ ကုန်ခမ်းနေသလို၊ ခံစားနေရမှာပါ။

(၅) ခန္ဓာကိုယ်ပြောင်းလဲလာတယ်

သင်ဟာ အရမ်းအစားစားချင်စိတ်တွေ ဖြစ်လာပြီး စားပြီးရင်း စားချင်စိတ်တွေ ဖြစ်နေပြီး အဆက်မပြတ် စားမိနေပါလိမ့်မယ်။ ဒါမှမဟုတ် ဘာမှစားချင်စိတ်မရှိပဲ တို့ရုံလောက်ပဲတို့ပြီး အစားစားချင်စိတ် ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ဟာ အချိန်အနည်းငယ် အတွင်းမှာ ပိန်လွန်းတာ၊ ဝလွန်းတာတွေ ဖြစ်လာမှာပါ။

READ
ဘေးလူတွေ နားလည်ရခက်တတ်တဲ့ ကန်ရာသီဖွားတို့ရဲ့ ထူးထူးဆန်းဆန်းစရိုက် (၅)မျိုး

(၆) ဘယ်အရာကမှသင့်ကိုမပျော်ရွှင်စေနိုင်ဘူး

shutterstock

မုန့်စားတာ၊ ကစားတာ၊ အပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ၊ ချစ်ရတဲ့သူတွေနဲ့ အတူရှိနေရတာ သင့်အတွက် ပျော်စရာ မကောင်းတော့ပါဘူး။ မြင်သမျှ၊ တွေ့သမျှ အဆင်မပြေဖြစ်ပြီး မောပန်းနွမ်းနယ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်တာမျိုး ခံစားနေရပါမယ်။

(၇) ကိုယ်လက်ကိုက်ခဲမယ်

shutterstock

ခေါင်းကိုက်တာတွေ၊ ကိုယ်လက်ကိုက်ခဲတာတွေ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာ၊ ကျောနဲ့ခါးတွေ ကိုက်ခဲတာမျိုး ခံစားရပါမယ်။ နောက်ပြီး အစာမကြေသလိုလည်း ခံစားနေရပါမယ်။

Em Em

sponsored