Sponsored
( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)
Sponsored
READ
သင်စိတ်ညစ်တဲ့အခါ သင့်ခန္ဓာကိုယ်က ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပေါ်လာမလဲ...
(၄)မျက်နှာ ရွှဲ့စောင်း
(၅)စကားပြောရခက်ခဲလာတာ
လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ချို့ကို ပြောပြပေးချင် ပါတယ်။
[Unicode version]
လျစ်လျူမရှုထားသင့်တဲ့ လေဖြတ်ခြင်းရဲ့ ရှေ့ပြေး လက္ခဏာများ
အရင် ကတော့ အသက်ကြီးပိုင်းတွေမှာသာဖြစ်တတ်ပေမယ့် နောက်ပိုင်း မှာေ တာ့ လူနေမှုပုံစံတွေကြောင့် အသက်အရွယ်မရွေးမှာပါ ဖြစ်လာ တဲ့ လေဖြတ်ြ ခင်း အန္တရာယ်အကြောင်းကို ပြောပြပေးချင်ပါ တယ်။ဦးနှောက်ဟာ သူ့ရဲ့ လုပ် ငန်းတာဝန်တွေကို ပုံမှန်ဆောင် ရွက်နိုင်ဖို့ သွေးနဲ့အောက်စီဂျင်နှစ်မျိုးလုံးကို လို အပ်ပါတယ်။ဦးနှောက်ထဲကို သွေးစီးဆင်းမှုတုံ့ဆိုင်းတာ(သို့)နည်း ပါးတာေ တွကြောင့် လေဖြတ်ရတာပါ။အဲ့ဒီလိုတွေဖြစ်မယ်ဆိုရင်ဦးနှောက်ထဲမှာ အော က်စီဂျင်နဲ့တခြားအာ ဟာရဓါတ်တွေမရောက်တော့ပဲ ပိတ်ဆို့ကုန်ကာ ဦးနှောက် ထဲက ဆဲလ်တွေသေဆုံးသွားပါတယ်။သွေးလွှတ်ေ ကြာပိတ်လို့ လေဖြတ်ခြင်း ဆိုတဲ့(ischemic stroke)နဲ့သွေးကြောပေါက် (သို့) ယိုစိမ့် လို့ဖြစ် ရတဲ့ (hemorrhagic stroke) ဆိုပြီးနှစ်မျိုးရှိပါတယ်။မကြာခဏကြားနေရတဲ့ ရုတ် တရက်ကြီးလေဖြတ်သွားတယ်ဆိုတဲ့ စကားဟာမှားပါတယ်။လေမဖြတ်ခင် မှာ လေဖြတ်တော့မယ့်ဆိုတာကို ပြနေတဲ့ လက္ခဏာတွေရှိပါတယ်။အဲ့ဒါတွေ ကတော့..
READ
လှပေမယ့် ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်နိုင်လို့ သတိထားသင့်တဲ့အချက်များ
(၁)ခေါင်းကိုက်၊ပင်ပမ်းနွမ်းလျ
ရုတ်တရက်ခေါင်းကိုက်တာ၊ခေါင်းတခြမး်ကိုက်လာပြီးဆိုရင် မပေါ့ဆသင့်ပါဘူး။ ဒီလိုတောက်လျှောက် ခေါင်းကိုက်နေတာဟာ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။လူက ရုတ်တရက်ကြီး ပင်ပမ်းနွမ်းလျပြီး ခြေေ တွလက်တွေ မသယ်ချင်ဖြစ်လာတာဟာ ဟာလည်း လေဖြတ်တော့မယ်ဆိုတာ ကို သတိပေးနေတဲ့ လက္ခဏာပါ။
(၂)အတွေးတွေဇဝေဇဝါဖြစ်လာ၊စဉ်းစားလို့မရတာ
ခေါင်းထဲမှာရှိတဲ့ အတွေးတွေ ဇဝေဇဝါဖြစ်လာတာ၊တစ်ခုခုကို စဉ်းစားလို့မရ တာ၊တွေးလို့မရတာမျိုးပါ။ဒီလိုရောဂါလက္ခာဏာမျိုးပြလာရင်တောင်မှ တော်တော်များများက ဒါဟာ အသက်ကြီးလို့ (ဒါမှမဟုတ်)စိတ်ဖိစီးမှုကြောင့်လို့ ထင်တတ် ကြပါတယ်။တကယ်က ဦးနှောက်ထဲမှာ အောက်စီဂျင်နဲ့သွေးမရတော့ တာေ ကြာင့် တွေးရ၊စဉ်းစာရတာအဆင်မပြေတာ၊နောက်ဆုံးစကားကို ရှင်းရှင်းလင်း လင်းမပြောနိုင်တာတွေ ဖြစ်ရတာပါ။
(၃)အမြင်အာရုံချို့ယွင်း
မျက်လုံးနှစ်ဖက်လုံး မဟုတ်ပဲ တစ်ဖက်တည်းက ကွက်ပြီး အမြင်အာရုံမေ ကာ င်းတော့ တာတွေရှိပါတယ်။မျက်ခွံတွေဖွင့်ရခက်တာမျိုးလည်းဖြစ် တတ်ပါတယ်။ အမြင်အာရုံသာမက အကြားနဲ့အရသာအာရုံတွေ ရုတ်တရက် ချို့ယွင်းလာတာ ဟာလည်း လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာပါ။
(၄)မျက်နှာ ရွှဲ့စောင်း
ဒါကတော့ မျက်နှာတခြမ်းစောင်းတာ၊ပါးရွှဲ့သွားတာမျိုးပါ။ခြေလက်များ ထုံ ကျင် လေးလံတာ၊မျက်နှာ ကြွက်သားတွေ ပုံပျက်တာ၊ထိတွေ့မှု တုန်ခါမှုတို့ကို အာရုံခံစားနိုင်မှုလျော့ကျကုန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာရှိတဲ့ လက်မောင်းတွေလှုပ်ရှားရတာ အဆင်မပြေတာ အားနည်းလာ တာတွေလည်း လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။
(၅)စကားပြောရခက်ခဲလာတာ
ဦးနှောက်ဆီ သွေးလျှောက်တာတွေမရှိတော့တာကြောင့် စကားပြောရာမှာ လျှာလေး၊အာလေးတွေဖြစ်လာတာပါ။
  • လေဖြတ််ခြင်းကို ကြိုတင်ကာကွယ်နို်င်တဲ့ နည်းလမ်းတစ်ချို့ကို ပြောပြပေးချင် ပါတယ်။
  • ဆေးလိပ်၊အရက်စွဲနေရင် ဖြတ်ပါ။မဖြတ်နိုင်ရင်တောင်မှ လျှော့သောက်ပေးပါ။
  • သွေးတိုးရောဂါခံစားနေရသူဆိုရင်တော့ အတတ်နိုင်ဆုံး သွေးတိုးတာ ၊သွေးတက်တာတွေမဖြစ်အောင် စားသောက်မှုနဲ့လူနေမှုပုံစံကို ကျန်းမာရေးနဲ့ အသင့်တော်ဆုံးဖြစ်အောင် ကြိုးစားပါ။
  • ဆီးချိုရောဂါခံစားနေရသူဆိုရင်လည်း သွေးတွင်းသကြားပမာဏကိုထိန်းပါ။
  • ဆား၊အငန်လျှော့စားပါ။ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပုံမှန်ပြုလုပ်ပေးပါ။အဓိကကတော့ ကျန်းမာတဲ့ စားသောက်နေထိုင် မှုပုံစံတစ်ခုထားပြီး အဲ့ဒီအတိုင်းလိုက်နာနေထိုင်ပါ။
sponsored