သင့်ရဲ့ အူလမ်းကြောင်းကို ဂရုစိုက်သင့်နေပြီဆိုတာ ဖော်ပြနေတဲ့ လက္ခဏာရပ်များ

shutterstock/topten22photo
Sponsored

လူတစ်ယောက်မှာ ကျန်းမာရေးက အဓိက ပထမဦးစားပေးဖြစ်ပြီး ကျန်းမာမှ တစ်ခြားအရာတွေကို လုပ်ဆောင်နိုင်မှာပါ။ ခန္ဓာကိုယ်မှ အူလမ်းကြောင်းဟာလည်း အရေးကြီးဆုံး အခန်းကဏ္ဌတစ်ခုအဖြစ် ပါဝင်တာဖြစ်လို့ အူလမ်းကြောင်း ကျန်းမာရေးကို လုံးဝ မပေါ့ဆသင့်ပါဘူး။ ဒီလက္ခဏာရပ်တွေက သင့်ရဲ့ အူလမ်းကြောင်းမှာ ပြသနာဖြစ်နေပြီဆိုတာကို ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဆံပင်တွေ အရမ်းကျွတ်လာတယ်

shutterstock/BLACKDAY

ပုံမှန် ဆံပင်အနည်းငယ် ကျွတ်တာမျိုးက လူတိုင်းဖြစ်နိုင်သလို စိတ်ဖိစီးမှုတွေကြောင့်လည်း ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်တွေ ပုံမှန်ထက် အရမ်းကျွတ်လာပြီး တဖြည်းဖြည်း ဆံပင်တွေ ပါးလာပြီဆိုရင်တော့ ဒါဟာ အူလမ်းကြောင်းမှာ ပြသနာဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ အူလမ်းကြောင်းကနေ vitamin B7 နဲ့ biotin တို့ကို ထုတ်ပေးတဲ့အခါ ဆံပင်တွေ တအားကျွတ်လာပြီး အရေပြားရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

READ
"Gucci" show သို့ တက်ရောက်လာတဲ့ Kai

ဝိတ်အတက်အကျ ဖြစ်နေတယ်

shutterstock/ Billion Photos
Sponsored

လူတွေက ဝိတ်ကျဖို့အတွက် diet တွေ လုပ်တတ်ကြပေမယ့် ဝိတ်က တက်လိုက်ကျလိုက်နဲ့ ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ အူလမ်းကြောင်း ကျန်းမာရေးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ အူကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရတွေကို မစုပ်ယူနိုင်တဲ့အတွက် အဟာရချို့တဲ့မှု ဖြစ်လာပြီး အဆီနဲ့ သွေးတွင်းသကြားဓာတ်ကို မတည်မငြိမ်ဖြစ်စေတာပါ။

ရုတ်တရက် အစာကို လက်မခံနိုင်ဘူး

shutterstock/ Marian Weyo

အစာခြေစနစ်က စားသောက်လိုက်တဲ့ အစားအစာတွေကို ခြေဖျက်ဖို့နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းက မကျန်းမာတဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို မဖယ်ရှားနိုင်တော့ပဲ ရုတ်တရက် အစားအသောက်ကို လက်မခံနိုင် ဖြစ်လာတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်း၊ အစာအိမ် gas ထခြင်း၊ ကြွက်တက်ခြင်းနဲ့ ဝမ်းလျှောခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

READ
ပရိသတ်တွေ သဘောကျနေကြတဲ့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့ရဲ့ ဆယ်လ်ဖီ

ဝမ်းချုပ်ခြင်း၊ ဝမ်းလျှော်ခြင်းကို ဖြစ်စေတယ်

shutterstock/ B-D-S Piotr Marcinski

ဝမ်းချုပ်ခြင်းဟာလည်း အူလမ်းကြောင်းမှာ ပြသနာဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အူလမ်းကြောင်းက ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါ ဗိုက်ကနာပြီး ဝမ်းမသွားတာမျိုး ဖြစ်တတ်သလို ဗိုက်ထဲမှာ gas တွေနဲ့ လေတွေများနေတဲ့အချိန်မှာ ဝမ်းလျှော်ခြင်ကို ဖြစ်စေနိုင်ပါတယ်။

Khin

sponsored