ကြင်နာတတ်ပြီး နှလုံးသားလှတဲ့ သူလေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်(၆)မျိုး

Sponsored

လောကကြီးထဲမှာ စိတ်ဓာတ်ယုတ်မာ အောက်တန်းကျတဲ့သူတွေရှိသလို စိတ်ထားကောင်းပြီး နှလုံးသားလှတဲ့သူတွေလည်း အများကြီးရှိပါတယ်။ နှလုံးသားလှပြီးကြင်နာတတ်တဲ့သူတွေဟာ ဒီလိုစိတ်နေစိတ်ထားမျိုးရှိကြတာကြောင့် သင်ရောဘယ်နှချက်နဲ့ကိုက်ညီနေလဲ စစ်ဆေးကြည့်လိုက်ပါဦး။

(၁) အခွင့်အရေးထပ်ပေးတတ်တယ်

shutterstock

သင့်ကိုလိမ်ညာတဲ့သူ၊ နာကျင်အောင်လုပ်တဲ့သူ၊ သင့်အပေါ် သစ္စာဖောက်တဲ့သူတွေကို ဒုတိယအကြိမ် အခွင့်အရေးပေးတတ်တယ်ဆိုရင် ဒါဟာ အမှတ်မရှိတာ မဟုတ်ပါဘူး၊ သူတို့အပေါ် စာနာစိတ်ရှိတာ၊ သဘောထားကြီးတာပါ။ သင်ဟာဒီလို အခွင့်အရေးထပ်ပေးတတ်တဲ့ သူမျိုးဆိုရင် သင်ဟာ ကြင်နာတတ်တဲ့ နှလုံးသားရှိသူ၊ နှလုံးသားလှတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

(၂) တိတ်တိတ်ဆိတ်ဆိတ် ခံစားတတ်တယ်

shutterstock
Sponsored

တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တဲ့ အခါတွေမှာ၊ တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်ရတဲ့အခါတွေမှာ ဘယ်သူ့ကိုမှမပြောဘဲ ကြိတ်ခံစားတတ်တာ၊ ကိုယ့်ခံစားချက်ကိုလူသိမှာကြောက်တတ်တာမျိုးတွေဟာ စိတ်ကောင်းရှိတဲ့သူမျိုးတွေရဲ့အကျင့်စရိုက်တစ်မျိုးပါ။

(၃) ခံစားလွယ်တယ်

shutterstock

အရမ်း sensitive ဖြစ်တဲ့သူမျိုးတွေကိုတွေ့ဖူးမှာပေါ့။ စိတ်မကောင်းစရာတစ်ခုခုကြားရတဲ့အခါမျိုး၊ ၀မ်းနည်းစရာတစ်ခုခုကိုမြင်လိုက်ရတဲ့အခါမျိုးမှာ ထပ်တူခံစားရတာဟာ ကိုယ်ချင်းစာစိတ်ရှိလို့ နှလုံးသားလှလို့ပါ။

READ
အသက်ရှူတဲ့ပုံစံကို ဒီလိုလေးပြောင်းလိုက်ရုံနဲ့ အဆီကျစေနိုင်တယ်ဆိုတာ သိပါသလား

(၄) ပြဿနာတွေအားလုံးကကိုယ်နဲ့ဆိုင်တယ်လို့ထင်နေတယ်

တစ်လောကလုံးမှာဖြစ်နေတဲ့ပြဿနာတွေက ကိုယ်နဲ့သက်ဆိုင်နေတယ်လို့ထင်နေပြီး တတ်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေဖြေရှင်းပေးချင်နေသူပါ။

(၅) ကိုယ့်ဘေးကလူတွေပျော်နေတာမြင်ချင်တယ်

shutterstock

ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေကို ကိုယ့်ကြောင့် အံ့သြပျော်ရွှင်သွားတာမျိုး မြင်ချင်တယ်၊ ရုတ်တရက်ပျော်သွားအောင် surprise လုပ်ပေးချင်တဲ့သူတွေပေါ့။

(၆) စိတ်ကူးယဉ်လေ့ရှိတယ်

pexels

စိတ်ကူးထဲမှာ အကြောင်းအရာတွေကိုပုံဖော်တတ်တဲ့သူလေးတွေဟာ နှလုံးသားနူးညံ့တဲ့သူတွေပါ။ သူတို့ရဲ့ ခံစားနိုင်စွမ်းကအရမ်းမြင့်မားတာကြောင့် စိတ်ကူးထဲမှာပုံရိပ်တွေကို ပုံဖော်နိုင်စွမ်းလည်းသူများတွေထက်ပိုကောင်းပါတယ်။ ဒါကြောင့် သင်ဟာ စိတ်ကူးယဉ်တတ်တဲ့သူဆိုရင် စိတ်နှလုံးသားနူးညံ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

MAY THAZINHTOO

sponsored