အလွယ်တကူနဲ့ အထီးကျန်ခြင်းကို ခံစားတတ်သူတစ်ယောက်ရဲ့ စိတ်ခံစားချက်များ

shutterstock/ Aleshyn_Andrei
Sponsored

တစ်ချို့သော သူတွေက တစ်ခြားသူတွေထက် စိတ်ခံစားမှုတွေ sensitive ဖြစ်လွယ်တဲ့ တတ်ကြပါတယ်။ တစ်ခုခုဆို လွယ်လွယ် ခံစားတတ်တယ်၊ လွယ်လွယ် အထီးကျန်တတ်တယ် စသဖြင့်ပေါ့။ ဒီတော့ သင်ကိုယ်တိုင် အလွယ်တကူ အထီးကျန်ခြင်းကို ခံစားတတ်သူ တစ်ယောက်လားဆိုတာကို ဒီအချက်တွေက အဖြေပေးပါလိမ့်မယ်။

ရင်ဖွင့်တိုင်ပင်ဖော် လိုအပ်နေတယ်

shutterstock/ Dean Drobot

လူတိုင်းမှာ ရင်ဖွင့်ပြောပြဖို့ လိုအပ်တဲ့ အကြောင်းအရာတွေဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ရင်ဖွင့်ပြောဆိုလိုက်တာမျိုးက သာမာန်ဖြစ်ရိုးဖြစ်စဉ်ပေမယ့် အမြဲတမ်းလိုလို တစ်ခုခုဖြစ်တိုင်းမှာ တစ်စုံတစ်ယောာက်ကို ရင်ဖွင့်တိုင်ပင်ဖို့ လိုအပ်နေတာကတော့ အထီးကျန်ခြင်းရဲ့ လက္ခဏာရပ်တွေပါ။ တစ်စုံတစ်ယောက်ကို ခံစားနေရတာတွေ အမြဲတမ်းပြောပြဖို့ လိုက်ရှာနေတတ်ပြီဆိုရင်တော့ သင်ဟာ အထီးကျန်လွယ်တဲ့ သူတစ်ယောက် ဖြစ်နေပါတယ်။

တစ်ယောက်တည်းဆို အထီးကျန်တယ်လို့ ခံစားနေရတတ်တယ်

shutterstock/ kenchiro168
Sponsored

တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေကို မကြိုက်ဘူး၊ တစ်ယောက်တည်းနေရာကို မနှစ်သက်တတ်သလို တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ အထီးကျန်ခြင်းကို ခံစားနေတတ်ပါတယ်။ သာမာန်လူတွေက တစ်ယောက်တည်းဖြစ်နေလည်း တစ်ခါတစ်လေမှာသာ အထီးကျန်ခြင်းကို ခံစားရတတ်တာပါ။ ဒါပေမယ့် တစ်ယောက်တည်း ရှိနေတိုင်း အထီးကျန်ခြင်းကို ခံစားနေရပြီဆိုရင်တော့ ဒါဟာ လွယ်လွယ် အထီးကျန်တတ်မှုကြောင့်ပါပဲ။

READ
အကောင်းမြင်စိတ်ကသာ ယူဆောင်လာပေးနိုင်မယ့် ဘ၀အတွက်‌ကောင်းခြင်းများ

ဘာမဟုတ်တာလေးနဲ့ အကြီးကြီး ခံစားနေတတ်တယ်

shutterstock/ Aleshyn_Andrei

စိတ်ခံစားလွယ်တတ်တဲ့သူ အများစုက အထီးကျန်ခြင်းကို ပိုခံစားရတတ်ကြပါတယ်။ ဒီလိုပဲ ဘာမဟုတ်တဲ့ သေးသေးလေးတွေနဲ့ ကိုယ့်ကိုယ်ကို ဝမ်းနည်းသလို၊ တစ်ခုခု ဟာတာတာ ခံစားနေရတာဟာလည်း ထိလွယ်ရှလွယ်ဖြစ်ပြီး အလွယ်တကူ အထီးကျန်ခြင်းကို ခံစားတတ်တယ်ဆိုတာ ဖော်ပြနေပါတယ်။

စိတ်ကို မထိန်းချုပ်နိုင်ဘူး

shutterstock/ Volodymyr TVERDOKHLIB

လူတစ်ယောက် ပျော်တယ်၊ စိတ်ညစ်တယ်၊ အထီးကျန်တယ်၊ ဝမ်းနည်းတယ် စသဖြင့် ဒါတွေအားလုံးက အဲဒီ့လူရဲ့ စိတ်နဲ့ပဲ သက်ဆိုင်နေတာပါ။ တကယ်လို့ စိတ်မပျော်ဘူးလို့ ခံစားရတဲ့ အချိန်တွေမှာ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်လည်ပြုပြင်ပြီး ပျော်အောင်နေတတ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး မလုပ်နိုင်ဘူး လွယ်လွယ်ပဲ အထီးကျန်တယ်ဆိုရင် ခံစားနေလိုက်တာက စိတ်ကို ထိန်းချုပ်နိုင်အား နည်းတဲ့အတွက်ကြောင့်ပါ။ ဒီအချက်တွေက သင်ဟာ အထီးကျန်လွယ်တဲ့ သူတစ်ယောက်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

READ
Single ဘ၀နဲ့ အရမ်းလိုက်ဖက်ပြီး ချစ်သူထားဖို့ မလိုတဲ့သူတွေမှာ တွေ့ရတဲ့အချက်(၆)ချက်

Khin

sponsored