သူက သင့်ရဲ့ စစ်မှန်တဲ့ soulmate ဆိုတာ ဆန်းစစ်ကြည့်နိုင်မယ့် အချက်များ

shutterstock/4 PM production
Sponsored

ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ့်ဘဝမှာ ဘယ်လောက်ထိ ရေရှည်လက်တွဲသွားနိုင်လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် သူက ကိုယ့်နဲ့ ထပ်တူကျတဲ့ သူလားဆိုတာကိုတော့ ဒီအချက်လေးတွေက ပြောပြပေးနိုင်ပါတယ်။ ကဲ ဒါဆို သူက ကိုယ့်ရဲ့ soulmate ဟုတ်မဟုတ် ဆိုတာကို ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ရအောင်။

အတူရှိနေရင် စိတ်သက်သာမှု ခံစားရတယ်

shutterstock/Roman Samborskyi

နှစ်ယောက်အတူရှိနေတဲ့ အချိန်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်သက်သောင့်သက်သာမှု ရှိတယ်ဆိုတာကို ရင်းနှီးမှု၊ ချစ်ခင်မှုနဲ့ ပွင့်လင်းမှုကို ဖော်ပြနေတာပါ။ လူတွေက ကိုယ်နဲ့ သိပ်မရင်းနှီတဲ့သူ၊ ကိုယ့်အတွက် စိမ်းနေတဲ့ သူတွေနဲ့ ရှိနေတဲ့အချိန်တွေမှာ စိတ်မသက်သာမှုကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်က အတူရှိနေရင် ရှိုးတိုးရှန်းတန်း ဖြစ်မနေဘူး၊ အရမ်းကို စိတ်သက်သာမှုကို ခံစားရတာဟာ နှစ်ယောက်သား ရင်းနှီးချစ်ခင်မှုကို ဖော်ပြနေတာဖြစ်ပါတယ်။

READ
ကြည့်ရှုနှုန်းစံချိန်တင် ခဲ့တဲ့ “Flower Of Evil”

တစ်ယောက်နဲ့ တစ်ယောက် အမြဲအားပေးထောက်ပံ့ ပေးတတ်တယ်

shutterstock/Stock-Studio
Sponsored

ကိုယ့်အပေါ် စစ်မှန်တဲ့ ချစ်သူဆိုတာ ကိုယ်ဘာလုပ်လုပ် အမြဲတမ်း ကိုယ့်ဘက်ကနေ ရပ်တည်ပေးပြီး အားပေးတတ်တဲ့ သူမျိုးကိုဆိုတာပါ။ သင်က သူရဲ့ လုပ်ဆောင်မှုတွေကို အားပေးတတ်သလို၊ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း သူက ထောက်ပံ့အားပေးတတ်တယ်ဆိုရင်တော့ သင်တို့ဟာ စစ်မှန်တဲ့ soulmate တွေဆိုတာပါပဲ။

လေးစားနားလည်ပေးမှုတွေ အပြန်အလှန်ရှိတယ်

shutterstock/ dotshock

ဆက်ဆံရေးတစ်ခုမှာ လေးစားမှုနဲ့ နားလည်မှုရှိခြင်းတွေက တကယ့်ကိုမှ အရေးပါလွန်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ မပေးနိုင်ဘူး၊ အပြန်အလှန် လေးစားမှုတွေမရှိဘူးဆိုရင်တော့ ဒီဆက်ဆံရေးက ခဏလေးနဲ့ ပြတ်တောက်သွားမှာပါ။ သူက သင့်အပေါ် လေးစားမှု ထားတတ်တယ်၊ အရာရာမှာ နားလည်မှုပေးတတ်တယ် သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားတတ်တယ်ဆိုရင်တော့ သင့်အတွက် သူဟာ soulmate ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဘာမဆို ဖွင့်ဟတိုင်ပင်လို့ရတယ်

သူ့ဆီမှာ သင်ဘာပဲဖြစ်ဖြစ် ဖွင့်ဟတိုင်ပင်လို့ရသလို သူက သင့်အတွက် ဘာမဆို ယုံကြည်လို့ ရတဲ့ သူဖြစ်နေတတ်ပါတယ်။ သူကလည်း သင့်ကို သူ့အကြောင်းတွေ တိုင်ပင်ပြောပြတတ်သလို၊ သင်ကလည်း သူ့ကို အရာရာ ဖွင့်ဟတိုင်ပင်တတ်တယ်ဆိုရင်တော့ သင်တို့ စုံတွဲက အရမ်းကို ပွင့်လင်းပြီး ချစ်ခင်ကြတဲ့ သူတွေဆိုတာ ဖော်ပြလို့နေပါတယ်။

READ
နှစ်(၂၀)နီးပါး စွန့်ပစ်ထားခဲ့တဲ့ မိခင်က Goo Hara ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို တောင်းဆို

လိုအပ်တဲ့အချိန်တိုင်း ဘေးနားရှိနေပေးတယ်

shutterstock/4 PM production

သူက သင်ဝမ်းနည်းတဲ့ အချိန်မှာ ငိုဖို့ ရင်ခွင်ကောင်း တစ်ခုဖန်တီးပေးတတ်သလို၊ သင်စိတ်ပင်ပန်းနေတဲ့  အချိန်မှာ မှီတွယ်ဖို့ လက်မောင်းတစ်ဖက် အသင့်ဖြစ်နေတတ်ပါတယ်။ နောက်ပြီး သင်ပျော်ရွှင်နေတဲ့ အချိန်မှာတော့ သင်နဲ့ အတူ ရယ်မောပေးတတ်သူ ဖြစ်နေတတ်တဲ့ သင်လိုအပ်တဲ့ အချိန်တိုင်း ဘေးနားရှိနေတတ်တယ်ဆိုရင်တော့ သူဟာ သင့်အတွက် စစ်မှန်တဲ့ soulmate ကောင်းတစ်ယောက် ဆိုတာပါပဲ။

Khin

 

 

sponsored