ပျိုမေတို့ ရှိရင်းစွဲအလှကို ပိုမိုထင်ရှားစေမယ့် မိတ်ကပ်လိမ်းနည်းလျှို့ဝှက်ချက် (၇)ခု

Sponsored

ပျိုမေတို့ မိတ်ကပ်လိမ်းကြတဲ့အခါ မိတ်ကပ်ကျူတိုရီယယ်တွေထဲကလို တစ်ပုံစံတည်း ရဖို့ မလွယ်ပါဘူး။ အဲ့ဒါက အသုံးပြုတဲ့ အလှကုန်တွေနဲ့လည်းဆိုင်သလို အသားအရေထိန်းသိမ်းစောင့်ရှောက်မှု၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ သက်ဆိုင်တဲ့အပြင် အခုဖော်ပြမယ့် လျှို့ဝှက်ချက်လေးတွေနဲ့လည်း ဆိုင်သေးတယ်နော်။ ဒီအချက်လေးတွေကိုသာ သိထားရင် မိတ်ကပ်လိမ်းတဲ့အခါ ပရော်ဖက်ရှင်နယ်ဆန်ဆန် လိမ်းနိုင်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ပုံစံလေး ကွက်တိရလာမှာနော်။

(၁) ခရင်မ်အမျိုးအစားပေါင်းတင်ဆေးကိုသုံးတဲ့အခါ

pinterest

မျက်နှာပေါင်းတင်နည်း အမျိုးမျိုးရှိတဲ့အထဲမှာ ခရင်မ်အမျိုးအစား မျက်နှာပေါင်းတင်ဆေးနဲ့ပေါင်းတင်ပြီးလို့ ရေဆေးချပြီးတဲ့အခါ ခဲပြားနဲ့ မျက်နှာပေါ်ကို ကပ်ပေးပြီး ခဲပြားအပေါ်ကနေ တိုနာကို ဆွတ်ပေးလိုက်ပါ။ အဲ့လိုလုပ်ပေးလိုက်တဲ့အခါ မျက်နှာအသားအရေကို ပိုနူးညံ့စေပြီး နီမြန်းယောင်ရမ်းနေတာတွေကိုလည်း သက်သာစေတာကြောင့် ၀က်ခြံနဲ့ အနီဖုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၂) ကွန်တိုမျဉ်းလေးတွေရဲ့အစွမ်း

depositphotos
Sponsored

မိတ်ကပ်လိမ်းတဲ့အခါတိုင်း ကွန်တိုမျဉ်းလေးတွေ ဆွဲဖြစ်အောင် ဆွဲပါ။ ကွန်တိုမျဉ်းလေးတွေ ဆွဲလိုက်တဲ့အခါ ပုံစံမကျတဲ့ မျက်နှာအစိတ်အပိုင်းတွေကို မှေးမှိန်သွားစေပြီး အားသာချက်တွေကို ပေါ်လွင်စေပါတယ်။ ကွန်တိုဆွဲတဲ့အခါ ပုံမှာပြထားသလိုလေး ဆွဲပေးရင် အကောင်းဆုံးပါပဲ။

READ
မျက်နှာကိုရေခဲလေးပွတ်ပေးရုံဖြင့် ဒီလိုအကျိုးကျေးဇူးတွေရတယ်ဆိုတာ သင်သိပါသလား

(၃) မျက်နှာပုံစံအလိုက် ပါးနီခြယ်ခြင်း

depositphotos

မိတ်ကပ်ကို ဘယ်လောက်ပဲ လှနေအောင် လိမ်းထားပေမယ့် ပါးနီခြယ်တဲ့အခါ မျက်နှာပုံစံနဲ့လိုက်ဖက်အောင် မခြယ်ထားဘူးဆိုရင် ပြီးပြည့်စုံတဲ့ အလှအပကို ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ပျိုမေတို့မျက်နှာပုံစံအလိုက် ပါးနီလိမ်းခြယ်ရမယ့် ပုံစံလေးတွေကို ပုံထဲကအတိုင်း လိုက်လုပ်လိုက်ပါနော်။

(၄) တြိဂံပုံ ကွန်ဆီလာလိမ်းနည်း

depositphotos

ကွန်ဆီလာလိမ်းတဲ့အခါ မျက်လုံးအောက်ဖက်နေရာလေးတွေကို ပုံမှာပြထားသလို တြိဂံပုံလေးဆွဲပြီး လိမ်းပေးမယ်ဆိုရင် မျက်ကွင်းညိုတာနဲ့ မျက်လုံးအောက်က မျက်အိတ်တွေကို အကောင်းဆုံးဖုံးကွယ်ပေးနိုင်ပြီး နဂိုအသားအရေနဲ့ တစ်ထပ်တည်းကျတဲ့ ပုံစံကို ရမှာပါ။

(၅) အိုင်းရှဲဒိုးအရောင်မှန်ရအောင်လုပ်နည်း

shutterstock

အိုင်းရှဲဒိုးခြယ်တဲ့အခါ ကိုယ်လိုချင်တဲ့ အရောင်ရဖို့ အထပ်ထပ်ခြယ်ရပြီး ခဏလေးနဲ့ ပျက်သွားတာ အရောင်ပြယ်သွားတာမျိုးဖြစ်တတ်ပါတယ်။။ အရည်အသွေး သိပ်မကောင်းတာတွေကို သုံးရင်ပိုဆိုးပါတယ်။ တခါတလေဆို ကိုယ်လိုချင်တဲ့အရောင် လုံးဝမရတာမျိုးတောင် ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းလို့ရမယ့် နည်းလမ်းရှိပါတယ်။ ထပ်ခါထပ်ခါခြယ်စရာမလိုဘဲ အိုင်းရှဲဒိုးအရောင်မှန်ရဖို့၊ ခြယ်ထားတဲ့ အိုင်းရှဲဒိုးအချိန်ကြာကြာခံဖို့အတွက် မျက်လုံးမှာ အိုင်းရှဲဒိုးခြယ်ပြီးတဲ့အခါ lip balm ကို လက်ထိပ်လေးနဲ့ တို့ပြီး မျက်ခွံပေါ်မှာ ခပ်ပါးပါးလေး တို့လိမ်းပေးလိုက်ပါ။

READ
နေ့စဉ်လုပ်မိနေရင် အသားအရေ ပျက်စီးပြီး ချွေးပေါက် ကျယ်လာစေတဲ့ အလေ့အကျင့်ဆိုးများ

(၆) မျက်လုံးအလှပိုပေါ်လွင်ဖို့

pinterest

မျက်လုံးအလှပေါ်လွှင်ဖို့ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတွေ ခြယ်ပြီးတဲ့အခါ မျက်လုံးထောင့်နေရာလေးကို ဟိုက်လိုက်လုပ်ဖို့လိုပါသေးတယ်။ အောက်မျက်ခမ်းအတွင်းထောင့်ကို ဟိုက်လိုက်လုပ်ဖို့အတွက် အိုင်းရှဲဒိုးရွှေရောင်ကို ကွန်ဆီလာနဲ့ရောပြီး လိမ်းပေးလိုက်ပါ။

(၇) နှုတ်ခမ်းနီကြာကြာခံအောင်

shutterstock

နှုတ်ခမ်းနီဆိုးတဲ့အခါ တစ်နေကုန်ခံတယ်ဆိုတာ ရှားပါတယ်။ အစားအသောက် စားလိုက်တဲ့အခါတွေမှာ ပျက်သွားတာချည်းပါပဲ။ အဲ့ဒီလိုမဖြစ်အောင် နှုတ်ခမ်းနီတစ်ထပ် ဆိုးပြီးတဲ့အခါ တစ်သျှူးစက္ကူလေးနဲ့ ကပ်ပေးလိုက်ပါ။ အဲ့ဒီအပေါ်ကမှ နောက်တစ်ထပ် ဆိုးပေးမယ်ဆိုရင် အစားစားရင်တောင် မပျက်တော့ဘဲ တစ်နေကုန်ခံတာကို တွေ့ရမှာပါ။

MAY THAZINHTOO

sponsored