ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် လိုအပ်တဲ့ ရိုးရိုးရှင်းရှင်း အချက်များ

Photo by Anna Shvets from Pexels
Sponsored

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါပဲ။ ကျန်းမာတဲ့ သူတစ်ယောက်က ကိုယ်လုပ်ချင်တဲ့အရာတွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ပါတယ်။ အခက်အခဲတွေ ကြုံမနေရင်တောင်မှ မကျန်းမာဘူးဆိုရင် ပျော်ရွှင်ဖို့တောင် ခက်ခဲနေရတတ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဘဝက သိပ်ကို အရေးကြီးတာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် အများကြီး ငွေကုန်ကြေးကျလည်း မဖြစ်ပါဘူး။ ဒီလို ရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာရုံပါပဲ။

၁။ အိပ်ရေး ဝအောင် အိပ်စက်ပါ

Sponsored

အိပ်စက်ခြင်းက ခန္ဓာကိုယ် ကျန်းမာနေဖို့ အများကြီး အရေးပါနေပါတယ်။ နေ့စဉ် နေ့တိုင်း အိပ်ချိန် မှန်ဖို့ လိုပြီး အိပ်ချိန် အပြည့်အဝ ရဖို့ သိပ်ကို အရေးကြီးပါတယ်။ တစ်နေ့တာလုံး အားအင် ပြည့်ဝစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ဦးနှောက် မှတ်ဉာဏ်စွမ်းရည်တွေလည်း ကောင်းမွန်နေစေဖို့အပြင် တခြားသော ရောဂါတွေ ဖြစ်မလာဖို့ အိပ်စက်ဖို့ လိုပါတယ်။

READ
ကြောက်စရာ Pennywise ဇာတ်ကောင်နောက်ကွယ်က မင်းသားချော Bill Skarsgård အကြောင်း
burst/pexels

၂။ ကျန်းမာရေးနဲ့ ကိုက်ညီတာကိုသာ စားပါ

အစားအစာက ဆေးလည်း ဖြစ်စေသလို အဆိပ်လည်း ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားမှသာ ကျန်းမာတဲ့သူ ဖြစ်မှာ ဖြစ်ပြီး အသင့်စား အစားအသောက်တွေ၊ ဆီကြော်တွေ၊ အကင်တွေနဲ့ အဆီအဆိမ့် အစားများတာတွေကို သင့်ကို ရောဂါပေါင်းစုံ ဖြစ်စေတတ်ပါတယ်။

Photo by Kaba Camara from Pexels

၃။ စိတ်ဖိစီးမှု နည်းပါစေ

စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကား ရှိပါတယ်။ တခြားသော အရာတွေမှာ ကျန်းမာရေးနဲ့ ကိုက်ညီဖို့ ဂရုစိုက်နေရင်တောင်မှ စိတ်ဖိစီးနေရင် အပြည့်အဝ မကျန်းမာနိုင်ပါဘူး။ ကျန်းမာရေးကို ထိခိုက်စေတတ်တာမို့ စိတ်ဖိစီးမှုတွေ ဖြစ်လာတိုင်း သက်သာအောင် လျှော့ချပေးသင့်ပါတယ်။

Photo by Riccardo Bresciani from Pexels

၎။ စိတ်ကို အရိုးရှင်းဆုံး ထားပါ

စိတ်ဖိစီးစရာ များလွန်းတဲ့ ခေတ်ကြီးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကျန်းမာရေးက ကောင်းမွန်နေဖို့ လိုသလို စိတ်ကျန်းမာရေးကလည်း ကောင်းမွန်နေဖို့ လိုလို့ စိတ်မှာ ဖျားနာမှု မဖြစ်အောင် စိတ်မှာ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေကို သိမ်းမထားဘဲ ဘဝကို စိတ်အရိုးရှင်းဆုံးနဲ့ ဖြတ်သန်းဖို့ လိုအပ်ပါတယ်။

READ
ဖွေးဖွေး၊ကစ်ကစ်တို့နဲ့ ဆုံတုန်းလည်း Live လွှင့်ခဲ့တဲ့ အိန္ဒြာကျော်ဇင်
Photo by Vlada Karpovich from Pexels

၅။ ကိုယ်လက် လှုပ်ရှားမှု ရှိပါစေ

အမြဲတမ်း တစ်နေရာတည်း ငြိမ်ပြီး နေတာမျိုးကလည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာတဲ့ သူတစ်ယောက် ဖြစ်ဖို့ နေ့တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု ရှိနေဖို့ လိုအပ်ပါတယ်။ Gym တွေကို ပိုက်ဆံ အကုန်အကျခံပြီး သွားစရာ မလိုဘဲ လမ်းလျှောက်ပေးတာမျိုးကိုလည်း လုပ်နိုင်သလို အထိုင်များတယ်ဆိုရင်လည်း မကြာခဏ လမ်းထလျှောက်ပေးတာမျိုး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Kham

sponsored