Ex က သင့်ဆီ ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတာ သိနိုင်စေတဲ့ အချက်လေးတွေ

shutterstock/ zEdward_Indy
Sponsored

အကြောင်းမတိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ လမ်းခွဲခြင်းဆိုတဲ့အရာကို ရွေးချယ်ဖြစ်လာရတတ်ပါတယ်။ လမ်းခွဲရခြင်းနောက်ကွယ်မှာ မတူညီတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုး ရှိနေတတ်ပြီး နာကျင်ဝမ်းနည်းစရာ တစ်ချို့လည်း ကိန်းအောင်းနေတတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သူကတော့ သင့်အပေါ် စိတ်မကုန်သေးပဲ သင့်ဆီပြန်လာချင်နေတယ်ဆိုတာကို ဒီအချက်တွေက ဖော်ပြနေပါတယ်။

သင့်ကို မြန်မြန်မေ့ပစ်ဖို့ ကြိုးစားတယ်

shutterstock/bbernard

သင်နဲ့ လမ်းခွဲစမှာတော့ သူက မြန်မြန်ဆန်ဆန်ပဲ အသည်းကွဲခြင်းကို အဆုံးသတ်လိုက်တတ်ပါတယ်။ ဥပမာ – သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ပြီး အမူးသောက်လိုက်ရုံနဲ့ သင့်ကို မေ့ပစ်လိုက်ပြီဆိုပြီး သူ့ကိုယ်သူတို့ လိမ်ညာတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ခဏတာသာဖြစ်ပြီး အချိန်လေးအနည်းငယ် ကြာလာတဲ့အခါ သူ့ရဲ့ စိတ်က သင့်ဆီမှာပဲ ရှိနေတယ်ဆိုတာကို သူသဘောပေါက် လက်ခံလာတတ်ပါတယ်နော်။ ဒါဆိုရင်တော့ သူ သင့်ဆီပြန်လာဖို့ကို ကြိုးစားပါလိမ့်မယ်။

သင့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ရင်းနှီးမှု ရယူနေဆဲ

shutterstock/ William Perugini
Sponsored

သူနဲ့ သင့်ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားသည့်တိုင်အောင် သူ့ဘက်ကနေ သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရင်းနှီးဖို့ ကြိုးစားနေဆဲပါ။ ဒါက သူ့ရဲ့ မပြတ်သားတဲ့ စိတ်ကို ဖော်ပြနေပြီး သင့် မိသားစု၊ သူငယ်ချင်းတွေဆီက သင့်အကြောင်းတွေကို သိရဖို့ လိုက်စုံစမ်းမေးမြန်းနေဆဲပါ။ ဒါဟာ သူသင့်ကို ပြန်လိုချင်နေမိဆဲ ဖြစ်တယ်ဆိုတာကို ဖော်ပြလို့ နေပါတယ်။

READ
မိန်းကလေးတွေလက်တွဲဖော်ရှာရင် ရုပ်ရည်ထက် ဦးစားပေးရွေးချယ်သင့်တဲ့အရာများ

သင့်ရဲ့ relationship အကြောင်းကို စိတ်ဝင်တစား လိုက်စုံစမ်းနေတယ်

shutterstock/ GaudiLab

တကယ်ဆို ကိုယ်နဲ့ လမ်းခွဲသွားတဲ့ သူရဲ့ အကြောင်းတွေကို ထပ်ပြီး စိတ်ဝင်စားစရာဖို့ မလိုတော့သလို သူဘာပဲ ဖြစ်နေနေ ဂရုစိုက်စရာလည်း မလိုတော့ပါဘူး။ ဒီလိုမှ မဟုတ်ပဲ သင့်ရဲ့ အချစ်ရေး ဘယ်လိုရှိတယ်၊ သင့်ကို စိတ်ဝင်စားနေတဲ့ သူက ဘယ်သူ၊ သင်ရဲ့ relationship  အသစ်ချိတ်လိုက်ပြီလား စသဖြင့် မေးမြန်းတာတွေ၊ စုံစမ်းတာတွေ လုပ်နေပြီဆိုရင်တော့ သူ သင့်ကို ဘယ်လိုမှ စိတ်မပြတ်နိုင်သေးဘူးဆိုတာပါပဲ။ သင်နဲ့ ပတ်သက်တဲ့ အရာတိုင်းကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ပြန်လာဖို့ကိုလည်း ကြိုးစားနေမိပါတယ်။

သူ ပြောင်းလဲလာတယ်

shutterstock/ VHarasymiv

အရင်က သင်မကြိုက်ဘူးလို့ ပြောဖူးတဲ့ အချက်တွေကို ပြင်ဆင်တတ်လာပြီး သင့်အပေါ် အရမ်းကောင်းပြနေပြီဆိုတာက သင့်ဆီက အာရုံစိုက်မှုတွေ၊ သင့်ဆီက ချီးကျူးမှုတွေကို လိုချင်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သင် မကြိုက်တာတွေကို ပြင်ပြီး သင်ကြိုက်တာလေးတွေကို လုပ်ပြတာဟာ သင့်ဆီလာဖို့ အသည်းအသန် ကြိုးစားနေတယ်ဆိုတာကို ဖော်ပြလို့ နေပါတယ်။

READ
ညဖက်အိပ်မပျော်တဲ့သူတွေအတွက် နှစ်ခြိုက်စွာအိပ်ပျော်သွားစေမယ့် ကိုယ်နေဟန်ထား (၃) မျိုး

မူးနေတဲ့အချိန် ဖုန်းခေါ်တတ်တယ်

အရက်မူးနေတဲ့အချိန်မှာ လူတွေဟာ ထိန်းချုပ်နိုင်စွမ်းနည်းပြီး အမှန်တွေကို ပြောတတ်ကြတယ်လို့ ဆိုတတ်ကြပါတယ်။ သူ မူးနေတဲ့အချိန်မှာ သင့်ဆီဖုန်းဆက်ပြီး စကားတွေ လာပြောနေမယ်၊ သင်နဲ့ အရင်က အချိန်လေးတွေကို ပြန်ပြောနေတယ်၊ သူ ပြန်လာချင်တဲ့အကြောင်းတွေ ပြောနေတာဟာ အရက်မူးနေလို့ ပြောတာမဟုတ်ပဲ သူ သင့်ဆီကို တကယ်ပြန်လာချင်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီအချက်တွေက ex က သင့်ကို စိတ်မပြတ်ပဲ ပြန်လာဖို့ ကြိုးစားတာဖြစ်ပါတယ်။

Khin

sponsored