သင်တို့နှစ်ယောက်ဟာ နတ်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြနေတဲ့ အချက်(၄)ချက်

shutterstock/  Kyryk Ivan
Sponsored

ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူဟာ ကိုယ်နဲ့ခဏလေးသာ ရေစက်ပါပြီး အချိန်တစ်ခုမှာ သူစိမ်းတွေဖြစ်သွားနိုင်သလို ကိုယ်မထင်မှတ်ပဲ ရွေးချယ်လိုက်တဲ့သူက ကိုယ်နဲ့ ဘဝတစ်သက်တိုင် အတူလက်တွဲဖို့ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးစာနဲ့ မတွေးခင်မှာ ကိုယ့်အနားမှာ အကောင်းဆုံး ရပ်တည်ပေးမယ့် ချစ်သူမျိုးကိုတော့ လူတိုင်းလိုချင်တတ်ကြတာပါနော်။ ဒီအချက်လေးတွေကတော့ သင်တို့နှစ်ယောက်ဟာ အရမ်းကိုလိုက်ဖက်လွန်းပြီး နတ်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြလို့နေပါတယ်။

ပျင်းရိငြီးငွေ့ မသွားဘူး

shutterstock/ Anna Selina

သင်တို့ရဲ့ စုံတွဲလေးက ဘယ်တော့မှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမနေပဲ အမြဲတမ်း ပျော်ရွှင်နေရတဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ရိုးအီမသွားတဲ့ အတူဆုံချိန်တွေ၊ ဒီတစ်ပတ်ပိတ်ရက်မှာ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ တစ်ခါတစ်လေ အမှတ်တရလေးတွေ ဖန်တီးမယ်၊ အတူမဆုံရရင်တောင် ဖုန်းလေးနဲ့ အလွမ်းသယ်မယ် စသဖြင့် အချိန်တွေကြာလာလေလေ တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်မှုလေးတွေ တိုးလာပြီး ပျော်ရွှင်မှုတွေကို ခံစားမိစေတာ ဖြစ်ပါတယ်။

READ
သင့်ရဲ့ ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ သင်ကိုယ်တိုင်လုပ်နေမိတဲ့ အကျင့်ဆိုးများ

ဆုံးဖြတ်ချက်တွေကို အတူတူချတတ်ကြတယ်

shutterstock/Kostiantyn
Sponsored

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်လေ့ရှိကြသလို နှစ်ယောက်သားနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေဆို သူ့သဘော၊ ကိုယ့်သဘောကို မေးပြီးမှ ဆုံးဖြတ်ချက်တွေကို ချတတ်ကြပါတယ်။ ကိုယ့်သဘောဆန္ဒတစ်ခုတည်းနဲ့ ဘာမှမလုပ်တတ်သလို တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုလေးတွေ ထားထားတတ်ကြပါတယ်နော်။

ယုံကြည်မှုတွေကို အပြန်အလှန်တိုးမြှင့်ပေးတယ်

shutterstock/Olena Yakobchuk

ဒီလိုချစ်သူစုံတွဲလေးတွေက တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအားပေးပြီး ယုံကြည်မှုတွေပိုရှိလာစေတတ် သူတွေပါ။ ဥပမာ – ဒီနေ့အကျီ င်္လေးက သိပ်အဆင်မပြေဘူးလို့ ကိုယ့်ကိုယ်ကို ထင်မိရင်တောင် မင်းနဲ့တကယ်လှတယ်ဆိုတာမျိုး၊ တစ်ခုခုကို လုပ်ရမှာကို ကြောက်နေတဲ့အချိန်မှာ မင်း လုပ်နိုင်တယ်ဆိုတာကို ငါယုံတယ် စသဖြင့် ယုံကြည်မှုတွေပိုတိုးလာအောင် အမြဲတမ်း ဘေးနားကနေ အပြန်အလှန် ကူညီပေးတတ်ပါတယ်။

နားလည်လက်ခံတတ်တယ်

shutterstock/Prostock-studio

သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်လက်ခံပြီး တစ်ယောက်ရဲ့ ဖြစ်တည်မှုအမှန်ကို တစ်ယောက်က လက်ခံချစ်ပေးတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့အားနည်းချက်လေးကိုတောင် သူက ချစ်စရာကောင်းတယ်လို့ ပြောတတ်ပြီး ကိုယ့်အတွက် အမြဲတမ်းနားလည်ပေးတတ်သူဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေနဲ့ relationship ကို ပိုခိုင်မြဲအောင် တည်ဆောက်တတ်ကြပါတယ်။

READ
ပထမဆုံးတွေ့ဆုံမှုမှာတင် သင့်ကို လူတွေ သေချာပေါက်သဘောကျသွားစေနိုင်မယ့် နည်းလမ်း (၆)မျိုး

Khin

 

sponsored