ကြောက်စရာကောင်းတဲ့ ဝိတ်ချနည်းတွေနဲ့ ဝိတ်ချခဲ့ဖူးကြောင်းပြောပြခဲ့တဲ့ ကိုရီးယားအိုင်ဒေါလ်

ig/@offical_sistar & twitter/@offical_soyou
Sponsored

idol တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အံ့သြစရာကောင်းလောက်တဲ့ အရည်အချင်းတွေရှိနေရမယ့်အပြင် ပရိသတ်တွေအမြင်မှာ ကြည့်ကောင်းပြီးလှပနေစေဖို့ အမြဲလိုလိုခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းမှုတွေလည်း လုပ်နေရပါသေးတယ်။ အာရှတစ်လွှားမှာ အောင်မြင်တဲ့အနုပညာရှင်တွေကို မွေးထုတ်ပေးနိုင်ပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကိုရီးယားနိုင်ငံက idol တွေကတော့ အမြဲဂရုစိုက်ပြီး နေထိုင်နေရပါတယ်။ ဒီလိုဝေဖန်ကဲ့ရဲ့မှုတွေကြားကနေ အားတင်းပြီးဆက်လက် ရပ်တည်နေရတဲ့အနုပညာရှင်တွေရှိသလို ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ကြတဲ့ အနုပညာရှင်တွေလည်း အများကြီးပါ။ ဒီနေ့မှာတော့ ကိုရီးယား idol တစ်ယောက်က ပြေပြစ်လှပပြီး သွယ်လျတဲ့ခန္ဓာကိုယ်ရရှိဖို့ ကြောက်စရာကောင်းတဲ့ဝိတ်ချနည်းတွေနဲ့ ဝိတ်ချခဲ့ကြောင်း “On And Off” ဆိုတဲ့အစီအစဉ်မှာ ပြောပြသွားခဲ့ပါတယ်။ ဒီအကြောင်းကို Koreaboo မှာဖော်ပြထားခဲ့ပါတယ်။

Sponsored

ဒီ idol ကတော့ တစ်ခြားသူမဟုတ်ပါဘူး။ နာမည်ကြီးမိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ sistar အဖွဲ့ထဲက အဖွဲ့ဝင်ဟောင်း Soyou ပါ။ Soyou ဟာ သူမလေ့ကျင့်ရေးဆင်းနေတဲ့ အချိန်ကာလတစ်လျှောက် သူမရဲ့တစ်နေ့တာအကြောင်းကို ရေးမှတ်လေ့ရှိသူပါ။ ဒီလိုရေးမှတ်တဲ့အထဲမှာ တစ်နေ့ကိုသူမ ဘယ်လောက်စားခဲ့ကြောင်း၊ ဘယ်လိုအရာတွေကို စားခဲ့ကြောင်းနဲ့ ဘယ်လောက်ဝိတ်တက်သွားလဲဆိုတာကိုပါ  ရေးမှတ်လေ့ရှိခဲ့ပါတယ်။ ဒီထဲကမှ အားလုံးကို အံ့သြသွားစေခဲ့တာကတော့ သူမဟာ တစ်နေ့ကို ပဲလက်တစ်ဆုတ်၊ ပန်းသီးတစ်ခြမ်းနဲ့ ထမင်း ၃ လုတ်သာစားခဲ့ခြင်းဖြစ်ပါတယ်။ သူမဟာ ပေါင်ချိန် ၄၈ ကီလိုဂရမ်အထိ ကျသွားခဲ့ဖူးပြီး သူမပုံစံက အရမ်းကိုပိန်ပြီး သနားစရာကောင်းလွန်းခဲ့တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဆက်လက်ပြီး သူမနဲ့ sister အဖွဲ့ဝင်တွေဟာ ဝိတ်ချိန်နေတဲ့အတောအတွင်း တစ်ယောက်ဆံပင်ကို တစ်ယောက်ကကိုင်ထားပေးပြီး ဝိတ်ချိန်စက်ပေါ်တက်ခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ အကြောင်းကတော့ သူမတို့ဝိတ်ချိန်နေစဉ်သူမတို့ရဲ့ရှည်လျားတဲ့ဆံပင်တွေကိုပါ အလေးချိန်မစီးစေချင်တဲ့အတွက်ဖြစ်ကြောင်း အရွှန်းဖောက်ပြီး ပြောသွားခဲ့ပါတယ်။

READ
အများစိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိပေမယ့် ခုထိ single ဖြစ်နေရတဲ့ အကြောင်းအရင်းများ

Soyou ဟာ ဝိတ်အရမ်းချခဲ့တုန်းက အချိန်ထက် အခုအချိန်မှာ ၁၀ ပေါင်လောက်ဝိတ်တက်သွားခဲ့ပေမယ့်လည်း အခုဆိုရင် သူမဟာ ကျန်းမာတဲ့ကိုယ်အလေးချိန်နဲ့ မာဆယ်အပြည့်ရှိတဲ့ခန္ဓာကိုယ်ကို ရရှိထားပြီဖြစ်တဲ့အတွက် အရမ်းကိုဝမ်းသာနေကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်မ ကျန်းကျန်းမာမာနဲ့ ဝိတ်ကျချင်ခဲ့ပါတယ်။ ကျွန်မပုံစံက ကျန်းမာရေးကောင်းပြီး ကြည့်ကောင်းလာခဲ့တော့ ကျွန်မရဲ့အရင်တုန်းက အစားအသောက်နဲ့ပတ်သတ်ပြီး အစွဲအလမ်းထားတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါတယ်။ ပိန်နေတာကြီးက ကျွန်မနဲ့ကြည့်မကောင်းဘူးလေ။ ဒါကြောင့် အစာလျော့မစားတော့ပဲ ကျွန်မခန္ဓာကိုယ်ကို ပိုပြီးလေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။ တစ်နေ့မှာ စားသင့်တဲ့ပမာဏတွေကို စားသောက်တဲ့အကျင့်ကို လုပ်ခဲ့ပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ပျိုမေတို့ရော Soyou ရဲ့ဝိတ်ချနည်းနဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်သလဲ? ပိန်ဆေးတွေသောက်ပြီး အစားအသောက်တွေ လျော့စားတာထက်  သင့်တင့်မျှတတဲ့လေ့ကျင့်ခန်းတွေလုပ်ပြီး အစားအသောက်ကို လိုအပ်တဲ့ပမာဏပြည့်ဝစွာစားပြီး ဝိတ်ချတာက ပိုကောင်းမယ်လို့ admin တော့ထင်တယ်နော်။

READ
သင့်ရဲ့ခွေးလေးနေမကောင်း ဖြစ်နေပြီဆိုတာကို သိရှိနိုင်မယ့် နည်းလမ်း (၇) ခု

ET

sponsored