Skin Care တွေသုံးတဲ့အခါ ရောမလိမ်းသင့်တဲ့ ပါဝင်ပစ္စည်းများအကြောင်း

Freepik-Racool_studio
Sponsored

မိန်းကလေးတိုင်း အသက် ၂၀ ကျော်လာတာနဲ့ မိန်းကလေးတိုင်း skin care ကို သေချာလုပ်သင့်တယ်ဆိုပေမယ့်လို့ skin care ပစ္စည်းတွေထဲ ပါဝင်တဲ့ပစ္စည်းတွေထဲမှာ ရောမလိမ်းသင့်တဲ့ ပါဝင်ပစ္စည်းတွေရှိနေပါတယ်။ အဲဒါတွေကတော့..

(၁) Retinol နဲ့ Hydroxy Acids

Sponsored

Anti-aging ပစ္စည်းတွေထဲမှာ အမြဲတမ်းလိုလိုတွေ့ရတတ်တဲ့ retinol နဲ့ အရေးအကြောင်းတွေကို သက်သာစေတဲ့ hydroxy acid တို့ဟာ ကြည့်လိုက်ရင်တော့ တွဲသုံးသင့်တယ်လို့ ထင်ရပေမယ့်လို့ တက်တမ်း နှစ်ခုကို ပေါင်းသုံးလိုက်မယ်ဆိုရင် အသားအရေကို ပိုပြီး ပျက်ဆီးကြမ်းတမ်းစေပါတယ်။ နှစ်ခုပေါင်းလိုက်တဲ့အခါ အားအရမ်းပြင်းသွားလို့ပါ။

Freepik-cookie_studio

(၂) Benzoyl peroxide နဲ့ Retinol

Banzoyol peroxide ဆိုတာ ဝက်ခြံအတွက် တော်တော်လေးကောင်းတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့်လို့ နှစ်ခုပေါင်းလိမ်းလိုက်တဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေပြားတွေ လန်လာတတ်ပါတယ်တဲ့။

READ
ဆံပင်နဲ့အသားအရေအတွက် အံ့မခန်းအစွမ်းထက်တဲ့ အုန်းရည်အသုံးပြုနည်း လျှို့ဝှက်ချက် (၇)မျိုး

(၃) Vitamin C နဲ့ Hydroxy Acids များ

အက်ဆစ်ဓာတ်ပါဝင်တဲ့ Vitamin C လိမ်းတဲ့အခါကျရင် အသားအရေရဲ့ pH level ကို ထိန်းငြိပေးနိုင်ဖို့ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် ထပ်ပြီး acid ဓာတ်ပိုပါတဲ့ hydroxy acid တွေကို လိမ်းလိုက်တဲ့အခါ မျက်နှာပြင်မှာ acid တွေအရမ်းများပြီး အသားအရေတွေ ပျက်ဆီးလာပါလိမ့်မယ်။

Freepik-user18526052

(၄) Retin A နဲ့ ချေးချွတ်ပစ္စည်းများ

Waxing တွေ၊ peeling တွေ၊ scrub တွေအသုံးပြုတဲ့အခါကျရင် Retin A (retinol) ကို လုံးဝရှောင်ရှားသင့်ပါတယ်။ ဖြစ်နိုင်ရင် တစ်ရက်ခြားပြီးတောင် သုံးပါတဲ့။ မျက်နှာအသားအရေဟာ ချေးချွတ်ပြီးတဲ့အချိန်မှာ အနူးညံ့ဆုံးဆိုတာ မမေ့ပါနဲ့နော်။

(၅) ဗီတာမင် A နဲ့ နေရောင်ကာကွယ်ဆေးများ

ဗီတာမင် A ဆိုတာ အသားအရေကို နေလောင်စေဖို့ အခွင့်အရေးပိုများပါတယ်။ ဒါကြောင့် နေရောင်ကာကွယ်ဆေးကိုလည်း ဓာတ်ပျယ်စေတဲ့အပြင် အခန့်မသင့်ရင် နေပိုလောင်ဖို့ကိုလည်း အားပေးပါတယ်တဲ့။

READ
မျက်နှာပေါ်မှာစွဲနေတဲ့ အမည်းစက်တွေကို မှိန်ဖျော့ပျောက်ကွယ်စေမယ့် သဘာဝနည်းလမ်း (၅)မျိုး
Freepik-senivpetro

penny

sponsored