မျက်နှာပေါ်က ချွေးပေါက်တွေကို ပိုကျယ်သွားစေနိုင်တဲ့ အလှအပထိန်းသိမ်းနည်း အမှားများ

shutterstock/ chris_tina
Sponsored

မျက်နှာလေး လှပနေဖို့ဆိုရင် ဝက်ခြံတွေ၊ ဖုတွေမရှိတဲ့အပြင် ချွေးပေါက်လေးတွေ ကျဉ်းပြီး ချောမွေ့နေဖို့လည်း လိုသေးတယ်နော်။ တစ်ခါတစ်လေမှာ ကိုယ်တိုင်လုပ်နေမိတဲ့ အလှအပဆိုင်ရာနည်းလမ်းတွေက မျက်နှာပေါ်က ချွေးပေါက်တွေကို ပိုကျယ်သွားစေတဲ့ အမှားတွေ ဖြစ်နေတတ်ပါတယ်။ ဒီအရာတွေက ချွေးပေါက်တွေကို ပိုကျယ်စေနိုင်လို့ သတိထားဖို့ လိုအပ်ပါတယ်နော်။

Oil blotting paper

shutterstock/ aslysun

မျက်နှာ အဆီမပြန်ဖို့နဲ့ ချွေးထွက်တဲ့ ပြသနာကို ဖြေရှင်းဖို့ အဆီစုပ်စက္ကူတွေ သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဒီအဆီစုပ် စက္ကူတွေကို များများသုံးခြင်းဟာ ချွေးပေါက်တွေကို ပိုကျယ်သွားစေတာပါပဲ။ အဆီစုပ်စက္ကူတွေအသုံးများတဲ့အခါ အသားအရေကို ထိခိုက်စေသလို ချွေးပေါက်တွေ ပိတ်ဆို့လာပြီး ချွေးပေါက်ပိုကျယ်ခြင်းကို ဖြစ်လာစေပါတယ်။

ဝက်ခြံတွေ ညှစ်တာ

Sponsored

မျက်နှာပေါ်က ဝက်ခြံတွေ၊ အမည်းဆံလေးတွေနဲ့ ဖြူဖြူအဆံလေးတွေကို လက်နဲ့ သွားဆွတာမျိုးတွေက အသားအရေကို ပိုပျက်စီးစေတဲ့ အကြောင်းအရင်းပါပဲ။ လက်မှာပါသွားတဲ့ ဘက်တီးရီးယားပိုးတွေဟာ ဝက်ခြံတွေကို ပိုဆိုးသွားစေပြီး အခန့်မသင့်ရင် အသားအရေတွေ အတွင်းပိုင်းအထိကို ပျက်စီးသွားစေနိုင်ပါတယ်။ နောက်ပြီး ချွေးပေါက်တွေကို ပိုကျယ်စေပြီးတော့ အမာရွက်တွေ ဖြစ်လာစေပါတယ်။

READ
အနေအထားမှန်မှန် plank ထောက်နိုင်ဖို့ မှန်ကန်တဲ့ plank ထောက်နည်း

ကြေးချွတ်တာ

shutterstock/ Bogdan Sonjachnyj

မျက်နှာကြေးချွတ်တာမျိုးက လုပ်ပေးသင့်တဲ့ အရာတစ်ခုဆိုပေမယ့် မလိုအပ်ပဲ များများလုပ်မိတဲ့အခါ အသားအရေကို ထိခိုက်စေပါတယ်။ မျက်နှာကြေးချွတ်ခြင်းကို တစ်ပတ်မှာ တစ်ကြိမ် သို့ နှစ်ကြိမ်လောက်သာ လုပ်ပေးသင့်ပါတယ်။ အကြိမ်ရေးများများလုပ်မိရင်တော့ အရေပြားတွေ ပါးလာပြီး ထိခိုက်လွယ်တာ၊ ချွေးပေါက်တွေ ကျယ်လာတာ အသားအရေတွေ ခြောက်သွေ့လာတာ စသဖြင့် နောက်ဆက်တွဲ ပြသနာတွေ အများကြီး ကြုံရနိုင်ပါတယ်။

အမြဲ မိတ်ကပ်လိမ်းတာ

မိတ်ကပ်ဆိုတာကတော့ မိန်းကလေးတစ်ယောက် ပိုလှအောင် စွမ်းဆောင်နိုင်တဲ့ အရာပါ။ ဒါပေမယ့် အမြဲတမ်း မိတ်ကပ်ပဲ လိမ်းနေလို့တော့ မဖြစ်ပြန်ပါဘူး။ အသားအရေလေး ကျန်းမာအောင် အသားအရေကို အားဖြည့်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလို မိတ်ကပ်တွေချည်း လိမ်းခြင်းက အဆီတွေကို ပိုထွက်လာပြီး မိတ်ကပ်၊ အဆီနဲ့ အညစ်အကြေးတွေရောနှောကာ ချွေးပေါက်တွေ ပိတ်လာပြီးတော့ ချွေးပေါက်တွေ ပိုကျယ်လာတာ၊ ဝက်ခြံတွေ ထွက်လာတာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် မိတ်ကပ်မပါပဲ အသားအရေလေးကို အဟာရဖြည့်ပေးတဲ့ အသားအရေ ထိန်းသိမ်းမှုလေးတွေလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

READ
စားနေကျ အစာတွေကို ဒီလိုပြောင်းပြီးစားလိုက်ရုံနဲ့ အချိန်တိုအတွင်း ၀ိတ်ကျသွားစေနိုင်ပါတယ်

Khin

sponsored