Skin Care လျှို့ဝှက်ချက်တွေကို ဝေမျှ ခဲ့တဲ့ ကိုရီးယား ဆယ်လီမမများ

Image:IG/kyo & Son Ye Jin
Sponsored

ကိုရီးယားရဲ့ နာမည်ကြီး အနုပညာရှင် ဆယ်လီ တွေ ဝေမျှ လိုက်တဲ့ အသား အ ရေ လှပ စေတဲ့ လျှို့ ၀ှက်ချက် တွေ ကို Aunty May စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ဒီအ ကြောင်းကိုတော့ Asia One မှာ ဖော်ပြထားတာပါ။

Ha Ji-won

Sponsored


Ha Ji-won က  တော့ အသား အ ရေ ကို စို ပြေ အောင် အစိုဓါတ်ကို ထိန်းသိမ်းထားဖို့ကသာ အ ရေးကြီး ဆုံးလို့ ပြောခဲ့ပါတယ်။သူမရဲ့ အသား အ ရေ ကို လုံးဝ ခြောက် သွေ့  တာမျိုး အဖြစ် မခံဘူး လို့ ပြော ခဲ့ပါတယ်။မျက်နှာ  သစ်ပြီးတာနဲ့ အသား အရေ အစိုဓါတ်ကို ထိန်းဖို့ Skin Care တွေ လုပ်တယ်လို့ ပြောခဲ့ပါတယ်။

 

Song Ji-Eun

 

View this post on Instagram

 

머리가 언제 이렇게 길어버린거즈l….?

A post shared by 송지은 SONGJIEUN (@bimil_jieun) on


Song Ji-Eun က တော့ ရေများများ သောက်တယ်လို့ ဆိုပါတယ်။တစ်နေ့ ကို ရေ (၄)လီတာ သောက် ပြီး  ရေဓါတ် ကို  ထိန်းသိမ်းထား တယ်လို့  ဆိုပါတယ်။

Suzy

 

View this post on Instagram

 

우리가 안전하고 건강한 하루하루를 보낼 수 있도록, 최전선에서 위기 극복에 힘써 주시는 의료진 여러분들의 희생과 노고에 진심으로 감사드립니다. 이승기 선배님의 지목으로 이렇게 뜻깊은 #덕분에챌린지 에 함께 할 수 있게 되었습니다. 지금 이 순간에도 밤낮없이 최선을 다해 애쓰고 계실 의료진분들께 다시 한 번 존경과 감사를 표하며, 의료진분들 모두 건강하시길 기원하겠습니다. #덕분에챌린지 캠페인으로나마 응원하는 마음이 의료진분들께 닿아 힘이 되어드릴 수 있기를 바랍니다. 다음으로 박보검 배우님, 어반자카파 조현아 @tenomahj 님 함께 해주십시옹

A post shared by 숮이 (@skuukzky) on

Suzy  ကတော့  “424” method ကို သုံး ပါတယ်။အဲ့ဒါ ကတော့ မျက်နှာ ကို  cleansing oil  နဲ့ (၄) မိနစ်  လောက် ပွတ် ပြီး မိတ်ကပ် ဖျက်ပါ။ပြီးရင်တော့ cleanser  နဲ့ နှစ်မိ နစ် သန့် ရှင်းရေး လုပ်ပါ။ပြီးရင် တော့ နောက် ဆုံး အဆင့်က ရေနဲ့ (၄)မိနစ် လောက် သန့်ရှင်းေ ပးပါ။သူမ ကတော့ မျက်နှာကို သေချာ လေး သန့်ရှင်း ရေး လုပ် ပေးဖို့ အကြံပြု ခဲ့ပါတယ်။

READ
မျက်နှာလေး ဖြူဖွေးပြီး Glow ဖြစ်နေဖို့ နို့မှုန့်ကို အသုံးပြုပြီး ပေါင်းတင်နည်း

 

Krystal Jung

 

View this post on Instagram

 

@chanelofficial #CHANELinSeoul #CHANELMetiersdArt

A post shared by KRYSTAL (@vousmevoyez) on

Krystal  က တော့ အိပ်ယာ မ၀င်ခင်မှာ moisturising cream ကို သုံးပါတယ်။အထူး တလယ် လုပ် တာ မျိုး တော့ မရှိ ပေမယ့် မိတ်ကပ် မဖျက်ပဲ ဘယ်တော့မှ အိပ်ယာ မ၀င် ဖို့ ကိုလည်း သေချာ လေး အကြံ ပြု ခဲ့ပါတယ်။ နောက် တစ်ခု ကတော့ ရေ ကို များများ သောက်ပါလို့ Krystal က ပြောခဲ့ပါတယ်။

 

Pony

 

View this post on Instagram

 

요새 너무 더워졌네요!

A post shared by PONY 포니 (@ponysmakeup) on

ကိုရီးယား အလှအပ ဆိုင်ရာ နာမည်ကြီးတွေ ထဲက တစ်ယောက်ပါ။သူမရဲ့ Youtube မှာ ဆိုရင် Follower သုံး သန်း ကျော် ရှိပါတယ်။သူမ ကတော့ မျက်နှာကို လက်ဖက်စိမ်းရည်နဲ့ သစ် ဖို့ အကြံပြု ခဲ့ပါတယ်။လက် ဖက် စိမ်း ထုပ် လေး တွေကို ရေ နွေးထဲမှာ စိမ်ပြီး မျက်နှာ သစ် ပေးဖို့ အကြံပြု ခဲ့ပါတယ်။တစ်ပတ် ကို နှစ်ကြိမ် လောက် လုပ် ပေး သိသိသာသာ အကျိုးထူးမယ်လို့ အကြံပြု ခဲ့ပါတယ်။

Son Ye Jin

 

View this post on Instagram

 

#미샤#그라치아

A post shared by 손예진 (@yejinhand) on

Son Ye Jin  ကတော့ သူမရဲ့ အလှ အပ အတွက် Product တစ်ခု တည်းကိုပဲ မသုံးပဲ အသား အ ရေ ရဲ့ လိုအပ် ချက် ဥပမာ- ခြောက် သွေ့တာ၊အသား အရေ က Sensitive ဖြစ်တဲ့ အပေါ် မူတည်ပြီး မတူတဲ့ Product တွေ ကို သုံး တယ်လို့ ပြောခဲ့ပါတယ်။

READ
အာလူးနဲ့ မျက်နှာပေါင်းတင်ပါက ဒီလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ် ......

 

Song Joong-Ki

ဆောင်ဂျွန်ကီ ကတော့ ည ဆိုရင် သူ့ရဲ့ မျက်နှာကို နို့ နဲ့ မျက်နှာ သစ်ပါတယ်။အသား အ ရေ ဆိုင်ရာ ပညာရှင် တွေ ကိုယ်တိုင် ကလည်း နို့က အသားအ ရေ ကို သန့်စင် စေပြီး ၊ဆဲလ် သေ တွေ ကို လည်း ဖယ်ရှား ပေးတယ်လို့  ပြော ဖူးပါတယ်။ဒါ့အပြင် နေ လောင်တာ တွေ အတွက် လည်း နို့က ကောင်းပါတယ်။

Song Hye-Kyo

 

View this post on Instagram

 

@suecommabonnie @mokjungwook @raymondchae @halolee7 @with.hyunkyoung @b_joeun

A post shared by Hyekyo Song (@kyo1122) on

Song Hye-Kyo  က တော့ ကိုရီးယား နာမည်ကြီး Brand တွေ အများကြီး ရှိ ပေမယ့် သဘာဝ ပစ္စည်း တွေ နဲ့ ပေါင်း တင်ရတာ ကို ပိုကြိုက်တယ်လို့ ပြောဖူးပါတယ်။ ကြက်ဥ အကာ နဲ့ ပျားရည် ကို ရောပြီး မျက်နှာ ပေါင်းတင် ရတာကို အကြိုက် ဆုံးလို့ ဆိုပါတယ်။ရောပြီး မျက်နှာ မှာ လိမ်း ရင်းနဲ့ ဖြည်းဖြည်းချင်း နှိပ် ပေးကာ ပြီးရင် တော့ ရေ နွေး နွေး နဲ့ ဆေး ချ ဖို့ သူမက အကြံပြု ပေးခဲ့ပါတယ်။

#AUNTYMAY

sponsored