အသားအရေလေး လှပနေဖို့ မှန်ကန်တဲ့ အသားအရေထိန်းသိမ်းမှုလေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ချို့လူတွေက အသားအရေထိန်းသိမ်းမှုတော့ လုပ်ပါရဲ့ ဒါပေမယ့် နည်းလမ်းက မှားယွင်းနေတဲ့အခါ ဘယ်လောက်ပဲ အသားအရေထိန်းသိမ်းသိမ်း ဝက်ခြံတွေက ရှိနေဆဲပါ။ ဒီလိုအချက်တွေက သင့်မျက်နှာကို ဝက်ခြံဖြစ်ရခြင်းရဲ့ အသားအရေ ထိန်းသိမ်းမှု အမှားတွေပဲ ဖြစ်ပါတယ်။
Wet tissue အသုံးပြုခြင်း

အပြင်က ပြန်လာတဲ့အချိန်မှာ မျက်နှာသစ်ဖို့ ပျင်းတာနဲ့ အလွယ်တကူပဲ wet tissue လေးကို အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ ဒါက အညစ်အကြေးတွေကို လုံးဝသန့်စင်မပေးနိုင်ပါဘူး။ ဒီတော့ မျက်နှာပေါ်မှာ အညစ်အကြေး ဖုန်နဲ့ အဆီတွေ ကျန်နေခဲ့ပြီး အလွယ်တကူပဲ ဝက်ခြံဖြစ်လွယ်စေပါတယ်။ နောက်ပြီး wet tissue အသုံးပြုခြင်းက အသားအရေကို ခြောက်သွေ့စေပြီး sensitive ဖြစ်လွယ်တာမို့ အသားအရေ ပျက်စီးဖို့ လွယ်ကူစေပါတယ်။
မှားယွင်းတဲ့ sun cream အသုံးပြုခြင်း

Sun cream အသုံးပြုတာက အသားအရေကို နေရောင်ခြည်ဒဏ်က ကာကွယ်ပေးပြီး အသားအရေကို ကောင်းမွန်လာစေပါတယ်။ ဒါပေမယ့် တစ်ချို့သော sun cream တွေက အဆီကို အခြေခံထုတ်လုပ်ထားတဲ့အတွက် အသားအရေကို နီရဲယားယံခြင်းတွေ ဖြစ်စေပါတယ်။ နောက်ပြီး တစ်ချို့ကျပြန်တော့ အရမ်းကို ထူထည်းစေးပျစ်နေတဲ့အတွက် ချွေးပေါက်တွေမှာ ပိတ်ဆို့ပြီး ဝက်ခြံဖြစ်လာစေတာပါ။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ sun cream လေးကို သေချာရွေးဝယ်တတ်ဖို့ လိုပါတယ်။
မကြာခဏ မျက်နှာသစ်ခြင်း

မျက်နှာသစ်တာက မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတဲ့အတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ခဏခဏ မျက်နှာသစ်ခြင်းက အသားအရေကို ပျက်စီးစေပါတယ်။ မကြာခဏ မျက်နှာသစ်တဲ့အခါ မျက်နှာအသားအရေဟာ ခြောက်သွေ့လာတဲ့အတွက် အဆီတွေကို ပိုထုတ်ပေးပါတယ်။ အဲဒီ့အဆီဂလင်းမှာ အဆီတွေ ပိုထုတ်ပေးခြင်းက အလွယ်တကူပဲ အဆီတွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေပါတယ်။
ခေါင်းပုံမှန် မလျှော်ခြင်း

ဆံပင်တွေ ညစ်ပတ်ခြင်းကြောင့်လည်း ဝက်ခြံအလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် work out လုပ်ပြီးတဲ့အချိန်တွေမှာ ချွေးတွေနဲ့ အညစ်ကြေးတွေက ခေါင်းပေါ်မှာ ရောနှောနေတဲ့အတွက် ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ ခေါင်းပုံမှန်မလျှော်တဲ့အခါ ဆံပင်မှာ ကပ်နေတဲ့ ဖုန်တွေ၊ အဆီတွေက မျက်နှာပေါ်မှာ လာကပ်ပြီး အလွယ်တကူ ဝက်ခြံဖြစ်လာစေတာ ပါပဲ။
Khin