Skin care မလုပ်တဲ့အခါ အချိန်ခဏလေးအတွင်း ဖြစ်ပေါ်လာစေမယ့် ဆိုးကျိုးများ

shutterstock/ LADO
Sponsored

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေတင်မကပဲ ယောကျာ်းလေးတွေကပါ skin care တွေပြုလုပ်လာကြသလို အလှအပနဲ့ ဖက်ရှင်တွေကိုလည်း ဦးစားပေးလာကြပါတယ်။ Skin care လုပ်တာက အသားအရေကို ကောင်းမွန်စေတယ်ဆိုတာကိုတော့ သိထားကြမှာပါ။ တကယ်လို့ အသားအရေထိန်းသိမ်းမှု မလုပ်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ အလျင်အမြန်ဖြစ်လာနိုင်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ချွေးပေါက်တွေ ကျယ်နေမယ်

shutterstock/ RomarioIen

Skin care ပုံမှန်လုပ်တဲ့ သူရဲ့ အသားအရေနဲ့ skin care မလုပ်တဲ့သူရဲ့ အသားအရေက လုံးဝလုံးဝကို မတူညီပါဘူး။ အသားအရေထိန်းသိမ်းမှု မရှိတဲ့ သူရဲ့ အသားအရေဟာ ပိုခြောက်သွေ့သလို၊ ချွေးပေါက်တွေလည်း ကျယ်နေတတ်ပါတယ်။ အဆီပြန်တတ်တဲ့ သူတွေဆိုရင် အဆီအရမ်းပြန်တတ်ပြီး ကျယ်နေတဲ့ ချွေးပေါက်တွေမှာ အဆီနဲ့ အညစ်အကြေးတွေ အလွယ်တကူ ပိတ်နေတတ်တဲ့အတွက် ဝက်ခြံထွက်လွယ်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့သူရဲ့ အသားအရေကတော့ ရေဓာတ်ပြည့်ဝနေပြီး ချွေးပေါက်တွေကလည်း မကျယ်တဲ့အတွက် အသားအရေက တကယ်ကို လှပါတယ်နော်။

READ
အစက်အပျောက်ကင်းတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့ ရှားစောင်းလက်ပတ်အဆီကိုအသုံးပြုလို့ရပါတယ်

အရေးအကြောင်းတွေ ဖြစ်လွယ်မယ်

Sponsored

အသားအရေထိန်းသိမ်းမှုဆိုတာ အရွယ်တစ်ခုကနေ စတင်လုပ်ဆောင်သင့်တဲ့ အရာဖြစ်ပြီး အသက်အရွယ်ရလာမှ၊ အရေးအကြောင်းတွေပေါ်လာမှ အတင်းလုပ်ချင်လို့ မရနိုင်ပါဘူး။ အသားအရေထိန်းသိမ်းမှု မရှိတဲ့သူဟာ အသားအရေထိန်းသိမ်းမှု ပုံမှန်လုပ်တဲ့သူထက် အရေးအကြောင်းတွေဖြစ်လွယ်ပြီး ပိုအိုစာတယ်လို့ထင်ရတတ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုမရှိတဲ့ ကြမ်းတမ်းခြောက်သွေ့နေတဲ့ အသားအရေဟာ ပိုပျက်စီးလွယ်သလို အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုကို အလျင်အမြန်ဖြစ်စေပါတယ်။

ထိခိုက် ပျက်စီးလွယ်မယ်

shutterstock/Pressmaster

အသားအရေက ခြောက်သွေ့ပြီး လိုအပ်တဲ့ ကုသမှုတွေ မရှိတဲ့အတွက် အလွယ်တကူပဲ ထိခိုက်ပျက်စီး လွယ်တတ်ပါတယ်။ မိတ်ကပ်လေး လိမ်းလိုက်ရုံနဲ့ ဖုတွေထွက်လာတာ၊ ဝက်ခြံထွက်လွယ်တာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ စသဖြင့် မရိုးနိုင်အောင် ဒုက္ခပေးတတ်ပါတယ်။ ဒါက ကိုယ့်ရဲ့အသားအရေ မကျန်းမာခြင်းကို ဖော်ပြတာဖြစ်ပြီး ရေများများသောက်၊ အသားအရေထိန်းသိမ်းမှုလေး ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

READ
တရုတ်အမျိုးသမီးတွေ ဆယ်စုနှစ်စာချီပြီး ငယ်ရွယ်နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၁၀)ခု

အသားအရေ မညီညာခြင်းတွေ ဖြစ်မယ်

အသားအရေ မညီညာခြင်းဟာ မျက်နှာတစ်ခုလုံးမှာတောင် သူ့နေရာနဲ့ သူ အသားအရေက မတူညီလို့ ဖြစ်ပါတယ်။ ညီညာမှုမရှိတဲ့ အသားအရေဟာ အဟာရ မျှတမှုကို လိုအပ်နေတာဖြစ်ပြီး အသားအရေလေး ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်နေတာပါ။ ပုံမှန် အသားအရေထိန်းသိမ်းတဲ့အခါ အသားမညီညာခြင်းက ဖြည်းဖြည်းချင်း သက်သာလာပြီး ကြည်လင်ဖြူစင်တဲ့ အသားအရေလေးကို ရရှိစေမှာပါနော်။

Khin

sponsored