ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်ရဲ့ ဖက်ရှင်တွေက အမြဲတမ်း ပြောင်းလဲနေတတ်ပါတယ်။ ဒီတော့ ဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ခေတ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်အပြင်အဆင်လေးတွေကို သိထားသင့်ပါတယ်နော်။ ဒီအချက်တွေက သင့်ကို နေ့စဉ်ဘဝမှာ ပိုဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်လာဖို့ကို ကူညီစေမှာပါ။
ခါးပတ်

ခါးပတ်က သင့်ကို ပိုဖက်ရှင်ကျတဲ့ အသွင်ကို ဖော်ဆောင်ပေးမှာပါ။ တစ်ခါတစ်လေ ကုဒ်အကျီ င်္တို့၊ သာမာန် ရုံးတက်ဖက်ရှင်တွေကို ခါးပတ်နဲ့ တွဲဝတ်ပေးခြင်း သင့်ကို ပိုစမတ်ကျ လှပတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ နောက်ပြီး ပိုသပ်ရပ်တဲ့ အပြင်အဆင်ကို ပေါ်လွင်စေတာဖြစ်လို့ ဒီကနေ့ခေတ်မှာ ခါးပတ်က ဖက်ရှင်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။
အရောင်တောက်တောက် ဖိနပ်တွေ

ဖိနပ်ရွေးချယ်တဲ့အခါ လူတော်တော်များများက အမည်းရောင်နဲ့ အရောင်မှိုင်းမှိုင်းတွေကို ရွေးချယ်ကြတာ များပါတယ်။ ဒါပေမယ့် အရောင်တောက်တောက် ဖိနပ်လေးတွေက သင့်ကို ပိုပေါ်လွင်အောင် ဖန်တီးပေးနိုင်ပါတယ်။ အထူးသဖြင့် အရောင်ခပ်မှိုင်းမှိုင်း ဝတ်ဆင်ထားတဲ့ နေ့တွေမှာ အရောင်တောက်တောက် ဖိနပ်လေးတစ်စုံက ပိုဖက်ရှင်ကျဖို့ကို ကူညီနိုင်ပါတယ်နော်။
အဖြူရောင် အဝတ်အစားတွေ

လူတွေက အဖြူရောင်ကို ကြိုက်တတ်ကြပေမယ့် တီရှပ်တို့၊ ရှပ်အကျီ င်္တို့လောက်သာ အဖြူကို ဝတ်ဆင်တတ်ကြတာပါ။ တကယ်တော့ အဖြူရောင် ကုဒ်တွေ၊ အဖြူရောင် ဘောင်းဘီရှည်တွေကလည်း သင့်ကို ပိုဖက်ရှင်ကျစေပါတယ်။ အဖြူရောင်က တကယ့်ကို ထင်ရှားပေါ်လွင်ပြီး ခေတ်မှီတဲ့ ဖက်ရှင်မျိုးဖြစ်လို့ ဝတ်ဆင်သင့်တဲ့ အရောင်ပဲ ဖြစ်ပါတယ်။
အရောင်တောက်တောက် accessories တွေ

အရောင်တောက်တောက် accessories က သင့်ကို ပိုဖက်ရှင်ကျတဲ့သူအဖြစ် မြင်ရစေပါတယ်။ နားကပ်တောက်တောက်လေးတွေ၊ ဖိနပ်၊ အိတ်၊ မာဖလာ စသဖြင့်ပေါ့ အရောင်တောက်တောက်လေးတွေ ဝတ်ဆင်တာက သင့်ကို ပိုထင်ပေါ်စေပါတယ်နော်။
မီးခိုရောင်နဲ့ အညို သို့ အမည်းရောင်

တော်တော်များများက မီးခိုရောင်နဲ့ အမည်းရောင် လိုမျိုး အရောင်မှိုင်းမှိုင်း နှစ်ရောင် တွဲဝတ်လေ့မရှိကြပါဘူး။ တကယ်တော့ အရမ်းကို လိုက်ဖက်မှု ရှိတဲ့ ဒီအရောင်ဟာ အရောင်မှိုင်းမှိုင်းတွေပေမယ့်လို့ သင့်ကို ဆွဲဆောင်မှုရှိပြီး ဖက်ရှင်ကျနေစေမှာ ဖြစ်ပါတယ်။
Khin