ကိုယ်ချင်းစာတရားထားပြီး လိုတာထက်ပို မစုဆောင်းဖို့ တိုက်တွန်းလိုက်တဲ့ စမိုင်းလ်

Image:Fb/စမိုင်းလ် Smile
Sponsored

စမိုင်းလ်ကတော့ တစ်ခေတ် တစ်ခါက မော်ဒယ် မင်းသမီး တစ်ယောက် အဖြစ်နဲ့ အနုပညာ လောက ထဲမှာ ရပ်တည် ခဲ့သူပါ။ အဲ့ဒီနောက်မှာတော့ အိမ်ထောင်ကျ ၊ပြည်ပကို ထွက်ခွာသွားခဲ့ပြီး အခုအချိန် မှာတော့ မြန်မာ နိုင်ငံမှာ အ ခြေ ချ နေထိုင်လျက်ရှိပါတယ်။ စမိုင်းလ်ကတော့ အခုဆိုရင် ချမ်းသာပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်နေပါပြီ ။ငွေ ကြေး ချမ်းသာ ပေ မယ့် မာန်မာန မရှိပဲ ရိုးသားပွင့်လင်းတဲ့ သူမရဲ့ပုံစံ ကြောင့်အ ခုချိန်ထိ ပရိသတ်ရဲ့ ချစ်ခင် အားပေးမှုကို ရထားပါ တယ်။

Image:Fb/စမိုင်းလ် Smile

ငွေကြေး ပြည့်စုံပြီး အလှူအတန်းတွေကို မကြာခဏ လုပ်လေ့ရှိတဲ့ စမိုင်းလ်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ် ပျက် နေတဲ့ ကုန်ပစ္စည်းတွေ အလုအယက်ဝယ်နေကြတဲ့ ကိစ္စ အပေါ်  ထောက်ပြ ပြောဆိုခဲ့ပါတယ်။ COVID-19  ကူးစက်ခံရသူ နှစ်ဦး ရှိပြီလို့ မတ် (၂၄)ရက်နေ့က တရားဝင် ကြေညာပြီး နောက်မှာတော့ လူတွေက ကုန်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေကြပါတယ်။ ဒီလို အလုအယက် ၀ယ်ယူမှု ရဲ့ နောက်ဆက်တွဲ ကတော့ ကုန်ဈေးနှုန်း အဆ မတန် မြင့်တက်မှုတွေ လည်း ဖြစ်ပေါ် နိုင်တာမို့ စမိုင်းလ် ကတော့ အလုအယက် ၀ယ်နေတာမျိုး မလုပ်ကြဖို့ အခုလို  ပြောခဲ့ပါတယ်။

READ
Sexy ကျလွန်းတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Ella Gross ရဲ့ ရေခဲမုန့် ကြော်ငြာ
Image:Fb/စမိုင်းလ် Smile
Sponsored

“ကျမမှာပိုက်ဆံရှိတာပဲ ကျမအိမ်အပြည့်ဆန်တွေဝယ်ပြီးလှောင်ထားလို့ရတာပဲ ကျမမလုပ်ပါဘူး။ အဲဒါဘာလဲဆိုတော့ ကိုယ်ချင်းစာတရားလေးထားလို့ပါ။ ကိုယ့်မှာပြည့်စုံလုံလောက်နေတယ်ဆိုရင် လိုတာထက်ပိုမစုဆောင်းကြပါနဲ့ တစ်ပါးသူကိုကိုယ်ချင်းစာပါ

Image:Fb/စမိုင်းလ် Smile

ကိုယ့်အတ္တထက်အများအတွက်နည်းနည်းကိုယ်ချင်းစာပေးကြပါ။ အခုဖြစ်တာဟာ တစ်ရက်နှစ်ရက်နဲ့ပြီးသွားမဲ့ကိစ္စမဟုတ်တဲ့အတွက် ရေရှည်အတွက်ကြည့်ပြီး ကိုယ်ချင်းစာစိတ်လေးထားနိုင်ကြပါစေ🙏🏼#တိုးဝှေ့လုယက်ဝယ်ယူခြင်းမှကင်းဝေးကြပါစေ..

ဆိုပြီး စမိုင်းလ် ရဲ့ Fb မှာ အလုအယက် ၀ယ်ယူတာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။စမိုင်းလ် က တော့ COVID-19 ကာကွယ် ကုသ ရေး အတွက်  PPE ( Personal Protective Equipment)အစုံ(၁၀၀) စာ လှူဒါန်း ထားပါတယ်။

Posted by စမိုင်းလ် Smile on Monday, 23 March 2020

Source:Fb/စမိုင်းလ် Smile

sponsored