ညို့အားပြင်းပြီး  ပြီးပြည့်စုံတဲ့ smokey eye လေး ခြယ်သပုံအဆင့်ဆင့်

shutterstock/ Subbotina Anna
Sponsored

မိန်းကလေးတိုင်း သဘောကျနှစ်သက်ပြီး တစ်ဖက်လူက ကိုယ့်ကိုယ် ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိရှိ မြင်ရစေတဲ့ smokey eye လေး ခြယ်သပုံလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီ smokey eye က သူငယ်ချင်းတွေနဲ့ night out တွေထွက်တဲ့အခါ၊ ညဖက် ပွဲလမ်းသဘင်တွေ တက်တဲ့အခါမျိုးမှာ တကယ့်ကို ပြီးပြည့်စုံစွာ လှပနေစေမယ့် အပြင်အဆင်လေးပဲ ဖြစ်ပါတယ်နော်။ ကဲ beginner လေးတွေအတွက် နည်းလမ်းလေး တစ်ချက်လောက် လေ့လာကြည့်လိုက်တော့။

shutterstock/ AlikeYou

Step 1 အနေနဲ့ eyeshadow primer လေး လိမ်းပေးရပါမယ်။ ဒီလို လိမ်းပေးမှာ ကိုယ်ခြယ်ထားတဲ့ smokey eye က တစ်ညလုံး စွဲမြဲစွာ ခံနေစေမှာပါ။

Sponsored

Step 2 ကတော့ concealer လိမ်းပေးဖို့ လိုအပ်ပါတယ်။ အပေါ်မျက်ခွံကိုတော့ sexy ကျကျ smokey eye လေးခြယ်သထားပါရဲ့ မျက်လုံးအောက် မျက်ကွင်းတွေ ညိုနေရင်တော့ ဘယ်လိုမှ လှမနေပါဘူးနော်။ ဒါကြောင့် မျက်ကွင်းညိုနေတဲ့ ပုံစံမပေါက်အောင် concealer ကို မျက်လုံးအောက်ဖက်တွေကို လိမ်းပေးလိုက်ပါ။

READ
ပျိုမေတို့အတွက် အသုံးဝင်မယ့် အလှအပဆိုင်ရာ ပြဿနာဖြေရှင်းနည်း အတိုအထွာ(၅)ခု

Step 3 အနေနဲ့ကတော့ powder လေးကို မျက်နှာတစ်ပြင်လုံး ပုတ်ပေးလိုက်ပါ။ အသားအရေနဲ့ တစ်ထပ်တည်းကျတဲ့ make up powder မျိုးကို ရွေးချယ်သုံးသင့်ပါတယ်။

shutterstock/ Vladimir Gjorgiev

Step 4 ကတော့ အမည်းရောင် eyeshadow ကို မျက်လုံးအရစ်နားအထိ ခြယ်ပေးလိုက်ပါ။ ခြယ်ပြီးသွားရင်တော့ အရောင်ကို ညီသွားအောင် သေချာလေး ညှိပေးဖို့ လိုပါတယ်။ နောက်ပြီး မျက်လုံးအောက်ထောင့်နားလေးတွေကိုလည်း brush လေးနဲ့ အရောင်လေးအနည်းငယ် ညှိပေးရပါမယ်။ Smokey eye ကို အမည်းရောင်တစ်ခုတည်း သုံးလို့ရတာမဟုတ်ပဲ navy blue, glowing brown, gray charcoal, deep forest green တို့ကိုလည်း အသုံးပြုလို့ရပါတယ်။

Step 5 အနေနဲ့ကတော့ ခြယ်ထားတဲ့ အမည်းရောင် eyeshadow လေးကို brush လေးနဲ့ စက်ဝိုင်းပုံလေးအတိုင်း မျက်ခွံတစ်ခုလုံးကို ပြန့်သွားအောင်ခြယ်ပေးလိုက်ပါ။ မျက်လုံးအောက်လိုင်းနားလေးတွေကိုလည်း ခြယ်ပေးရပါမယ်။

shutterstock/Makistock

Step 6 ကတော့ eyeliner သုံးရမယ့် အဆင့်ပဲ ဖြစ်ပါတယ်။ မျက်လုံးအပေါ်ရော အောက်ကိုပါ eyeliner လေးကို သေချာလေး ခြယ်ပေးရပါမယ်။ Smokey eye မှာ eyeliner က အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။

READ
အဆီပြန်တဲ့အသားအရေပိုင်ရှင်လေးများအတွက် မိတ်ကပ်ကိုပိုကြာကြာခံအောင်လိမ်းနည်း

Step 7 က highlighter သုံးပေးရမှာဖြစ်ပြီး မျက်လုံးအတွင်းဘက် ထောင့်နားလေးမှာ ထည့်ပေးရမှာ ဖြစ်ပါတယ်။

Step 8 အနေနဲ့ မျက်တောင်ကော့တဲ့ စက်လေးနဲ့ မျက်တောင်ကို လိုချင်တဲ့ ပုံစံရောက်အောင် အထပ်ထပ် ကော့ပေးပါ။ မျက်တောင်တွေကို ပိုရှည်ပြီးကော့ချင်ရင်တော့ မျက်တောင်ကော့စက်လေးကို အပူပေးပြီးမှာ ကော့တာက ပိုထိရောက်ပါတယ်။

shutterrstock/lenaer

Step 9 မှာတော့ mascara ‌လေးသုံပေးရမှာပဲ ဖြစ်ပါတယ်။ သေချာလေး မျက်တောင်ကော့တဲ့အခါ ဂရုစိုက်ဖို့ လိုပါတယ်။

Step 10 ဖြစ်တဲ့ နောက်ဆုံးအဆင့်မှာတော့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ smokey eye လေးဖြစ်သွားအောင် sparkle  eyeshawdow လေးကို လက်ချောင်းလေးနဲ့ယူပြီး မျက်ခွံအလယ်နေရာလေးမှာ ခြယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ စွဲမက်ဖွယ် smokey eye လေး ရပါပြီနော်။

Khin

sponsored