အိပ်ရင် ဟောက်တတ်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေး ဆိုးကျိုးများ

wavebreakmedia/Freepik
Sponsored

တကယ်တော့ ဟောက်တတ်ဆိုတာ ညဘက် အိပ်ပျော်နေစဉ်မှာ ခဏတာ အသက်ရှုရပ်ခြင်းပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့လက္ခဏာရှိတဲ့ အိပ်ပျော်နေစဉ် ခဏတာ အသက်ရှုရပ်ခြင်းက အရွယ်မတိုင်ခင် သေဆုံးနိုင်ရခြေများတဲ့ အခြေအနေကို ဖြစ်ပေါ်စေတယ်။ မပြင်းထန်ဘူးဆိုရင်တောင် နှလုံးရောဂါနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ် ဟောက်တတ်တဲ့အလေ့အကျင့်ရှိနေပြီဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ ဟောက်တဲ့အလေ့အထ ရှိနေတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ပြောပြလိုက်ရပါတယ်နော်။

(၁) ခေါင်းကိုက်ခြင်း

Sponsored

ဟောက်တတ်တဲ့အလေ့အထရှိတဲ့သူ (၂၆၈) ယောက်ကို သုတေသနပြုလေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ မနက်နိုးတဲ့အချိန် မကြာခဏ ခေါင်းကိုက်တတ်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ပျော်နေစဉ် ခဏတာ အသက်ရှုရပ်ခြင်းနဲ့ အိပ်စက်ခြင်းပြဿနာတွေ ကြုံလေ့ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့်ပဲ မကြာခဏ ခေါင်းကိုက်တတ်တဲ့ ဟောက်တတ်သူတွေဟာ ခေါင်းမကိုက်၊ မဟောက်တတ်တဲ့သူတွေထက် ဘဝမှာ ကျန်းမာရေးအဆင်မပြေမှုတွေ များနေတာပဲဖြစ်ပါတယ်။

READ
လေးနက်စစ်မှန်တဲ့အချစ်နဲ့ ချစ်တတ်တဲ့မိန်းကလေးတွေဆိုတာ ဒီ (၅)ချက်ကို ပိုင်ဆိုင်ထားသူတွေပါ
Photo by Polina Zimmerman from Pexels

(၂) အဝလွန်ခြင်း

အဝလွန်ခြင်းကလည်း ညဘက် အိပ်ပျော်နေစဉ် ဟောက်တတ်တဲ့သူတွေ ကြုံရတဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အဝလွန်တဲ့အတွက်ကြောင့် ညဘက် အိပ်ပျော်နေစဉ် အသက်ရှုရ ခက်ခဲတာ၊ ခဏတာ အသက်ရှုရပ်တာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ သတင်းကောင်းကတော့ အဝလွန်တဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းက ဒီကျန်းမာရေးပြဿနာတွေကို လျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။

shurkin_son/Freepik

(၃) စိတ်ကျန်းမာရေးပြဿနာများ

ဟောက်တဲ့သူတွေက တခြားသူတွေလောက် လုံလုံလောက်လောက် အိပ်စက်ရမှုမျိုးကို မရတတ်ကြပါဘူး။ ဒီလို အိပ်ရေးပျက်ခြင်းကနေ တဆင့် စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ခဏတာ အသက်ရှုရပ်ခြင်းက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသေးတယ်။ ဟောက်တတ်တဲ့သူ (၇၄) ဦးကို လေ့လာထားတဲ့ သုတေသနပြုချက်အရ သူတို့တွေဟာ ညဘက် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းစတဲ့ လက္ခဏာတွေ ခံစားကြရတယ်လို့ ဆိုထားပါတယ်။

READ
အဖေချစ်သမီးတွေရဲ့ အချစ်တွေ အမြဲ ရနေဖို့ ကောင်လေးတွေ သိထားရမယ့် အချက်များ
lookstudio/Freepik

(၄) လိင်စိတ်ကျေနပ်မှု လျော့နည်းလာခြင်း

သက်ကြီးပိုင်း (၈၂၇) ဦးကို လေ့လာခဲ့တဲ့ သုတေသနပြုချက်တစ်ခုမှာလည်း ဟောက်သံ ပိုကျယ်လေ၊ ဟောက်တဲ့ အကြိမ်များလေ လိင်စိတ်ကျေနပ်မှု လျော့နည်းလာလေဆိုတာ တွေ့ရှိခဲ့ကြရပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အားမနည်းပေမယ့် စိတ်ကျေနပ်မှုအားနည်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ သူတို့ရဲ့ လက်တွဲဖော်တွေအပေါ် ပွေ့ဖက်လိုတာ၊ ပူးပူးကပ်ကပ် နေလိုတာနဲ့ တခြားစိတ်ဆန္ဒတွေ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

wirestock/Freepik

(၅) နှလုံးရောဂါ

ညဘက်အိပ်ပျော်နေစဉ် ခဏတာ အသက်ရှုရပ်တတ်တဲ့သူတွေဟာ နှလုံးရောဂါ၊ သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလက္ခဏာတွေက နှလုံးရုတ်တရက်ဖောက်ခြင်းအထိပါ ဆိုးရွားသွားစေနိုင်တာမျိုး ဖြစ်ပါတယ်။ သုတေသနတွေအရ ညဘက်အိပ်ပျော်နေစဉ် ခဏတာ အသက်ရှုရပ်တဲ့သူတွေဟာ အသက်အန္တရာယ် သိပ်မစိုးရိမ်ရတဲ့ နှလုံးရောဂါနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ နှလုံးရောဂါနှစ်ခုလုံးပါ ဖြစ်နိုင်ချေများတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုလည်း ကြုံတွေ့ရနိုင်ပါသေးတယ်လို့ ဆိုပါတယ်။

Kham

sponsored