နွမ်းပါးသူတွေကို ကူညီဖို့ $85,700 လှူဒါန်းခဲ့တဲ့ So Ji Sub

Image:IG/samsonite_korea
Sponsored

So Ji Sub  ကေ တာ့ မြန်မာပရိသတ်တွေကြားမှာ ဘတ် ချော အွန်းဆိုတဲ့ နာမည်နဲ့ အရမ်းကို နာမည်ကြီးခဲ့သူပါ။ငယ်ငယ်က တော့ ဂျစ်ကန်ကန် ပုံစံ၊ခပ်ဆိုးဆိုး လူငယ်တစ်ယောက် အဖြစ် ဇာတ်ကားတွေမှာ သရုပ်ဆောင်တာ များပါတယ်။လက်ရှိမှာတော့ Gentleman လူကြီးဆန်ဆန် ဦး အဖြစ် နဲ့ ပြောင်းလဲ လာခဲ့ပါတယ်။ So Ji Sub ရဲ့ အလှူအ ကြောင်းကိုတော့ Soompi မှာ အခုလို ဖော်ပြထားပါတယ်။

 

View this post on Instagram

 

Essential for summer style ⠀ 활동성을 높여주는 가벼운 나일론 소재와 가죽의 믹스매치로 도회적인 감각의 HARBOR DUFFEL BAG ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ – 최적의 수납 공간 – 여분 슈즈 보관 뒷면 별도 포켓 – 스마트 슬리브 ⠀ #Samsonite #쌤소나이트 #SamsoniteBusiness #HARBOR_DUFFELBAG #하버더플백 #SoJiSub#소지섭

A post shared by 쌤소나이트 (@samsonite_korea) on

Sponsored

စက်တင်ဘာ (၂၁)မှာတော့ နိုင်ငံတကာကူညီပေးတဲ့ အဖွဲ့ အစည်း Good Neighbors က နေ So Ji Sub ရဲ့ အလှူအ ကြောင်းကို ကြေညာခဲ့ပါတယ်။ So Ji Sub က တော့ ကိုရီးယားဝမ်ငွေ သန်းတစ်ရာ၊ အ မေရိကန်ဒေါ်လာ နဲ့ ဆိုရင် $85,700 နီးပါးကို ကိုရီးယား ကျေးဇူးတော် နေ့ မတိုင်ခင် လှူခဲ့ပါတယ်။သူ့ရဲ့ အလှူ ငွေ တွေ ကိုတော့ နွမ်းပါးသူတွေ အတွက် လိုအပ်တဲ့ အစားအစာ၊ကိုဗစ် ကာကွယ်ဖို့ တစ်ကိုယ်ရည် ကျန်းမာရေး သုံး ပစ္စည်းတွေ၊တစ်ယောက်တည်း နေရတဲ့ လူကြီး အတွက် ဆောင်းရာသီမှာ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ ပေးတဲ့ နေရာမှာ သုံးမှာပါ။

So Ji Sub က တော့ အရင်တုန်းက လည်း ၀မ်သန်း (၃၅၀)၊အမေရိကန်ဒေါ်လာ $299,950 နီး ပါးကို ကိုဗစ် တိုက်ဖျက်ရေး အတွက်  Good Neighbors ကို လှူခဲ့ဖူးပါတယ်။မတ်လမှာတော့ နွမ်းပါးတဲ့ မိသားစုက  က လေး (၂၀၀၀) ကို ကူဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၊အ၀တ်အစားနဲ့ ကျန်းမာ ရေး ထောက်ပံ့ မှု တွေလှူ ပေးခဲ့ဖူးပါတယ်။ပညာရေး အတွက် လည်း က လေးတွေ လိုအပ်တဲ့ Smart Device တွေကို လှူ ခဲ့ပါတယ်။ So Ji Sub က တော့ (၂၀၁၇) တည်းက The Neighbors Club ရဲ့ အဖွဲ့ ၀င် ဖြစ်လာခဲ့တာပါ။Good Neighbors ရဲ့ ဥက္ကဌ က တော့ “So Ji Sub မှာ ကောင်းတဲ့ လွှမ်းမိုးနိုင်မှု ရှိ ကြောင်း၊ခက်ခဲ နေတဲ့ လူတွေကို လိုအပ် တဲ့ အချိန်မှာ တကယ်ကူညီပေးနေသူ တစ်ယောက်ပါ ..” လို့ ပြောခဲ့ပါတယ်။

#AUNTYMAY

sponsored