Kim Jong Kook နဲ့ လိုက်ဖက်တယ်ဆိုပြီး အကြံပြုခံခဲ့ရတဲ့ Jeon So Min

Image:IG/Kim Jong Kook & RM
Sponsored

Jeon So Min က တော့ ကိုရီးယားမင်းသမီးတစ်ယောက် ဖြစ်ပြီး variety show တွေမှာ လည်း ပါဝင် နေသူ တစ်ေ ယာက်ပါ။ Running Man အဖွဲ့ ၀င် ဖြစ်တဲ့ Jeon So Min ကို တော့ RM ရဲ့ ဗလကြီး Kim Jong Kook နဲ့ လိုက်ဖက် တယ်ဆိုပြီးအကြံပြု ခံခဲ့ရပါတယ်။မကြာသေးမီက ပြသခဲ့တဲ့ KBS Joy’s Ask Anything မှာ အခုလို အကြံပြု ခံ လိုက် ရတာပါ။ Jeon So Min ကိုတော့ RM မှာ ဆိုရင် Yang Se Chan နဲ့ Love Line လုပ် နေတာပါ။ဒီအ ကြောင်းကို တော့ Koreaboo မှာ ဖော်ပြထားပါတယ်။

Sponsored

KBS Joy’s Ask Anything မှာ တော့ Jeon So Min က  သူမရဲ့ အနာဂါတ် အချစ်ရေး နဲ့ ပတ်သက်ပြီး Lee Soo Geun နဲ့  Seo Jang Hoon တို့ ကို တိုင်ပင် အကြံ တောင်းခံခဲ့ပါတယ်။ Lee Soo Geun ရဲ့ မှန်းချက် အရ တော့ Jeon So Min ရဲ့ Type က ရုတ်တရက် လက်ထပ်ပြီး လူရွေးမှားနိုင်တဲ့ Type မျိုး လို့ ပြောခဲ့ပါတယ်။”ရုတ်တရက်ကြီး လက်ထပ် ပစ်လိုက် မယ့် ပုံ မျိုး။ကျွန် တော်မြင်တာက တော့ ယောက်ျားတွေကို သတိထားသင့်တယ်။ခင်ဗျားလို လူမျိုးက လူရွေး မှားတတ်တယ်။တစ်ခုခု ကို အရမ်းမက်မော တောင်းတ နေရင် တကယ့် လက်တွေ့ ဘ၀ကို ရှာ ဖို့ ခက်လိမ့်မယ်..” လို့ Lee Soo Geun က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

#런닝맨 #남는건사진 #형광 #전소민 #이광수 #양세찬 #Runningman #ShootinDay #GoodWeather #SummerIsComin #RMFam

A post shared by Jk (@kjk76) on

ဒါပေမယ့် ဒီဟောချက် ခန့်မှန်းချက်ကို Jeon So Min က လက်မခံခဲ့ပါဘူး။”ဘယ်လို လူမျိုးကို လိုချင်လဲ ဆိုတာ ကိုယ့်ကိုယ် ကို မသိဘူး..” ဆိုပြီး ပြန် ပြောခဲ့ပါတယ်။ So Seo Jang Hoon က ၀င်ပြီး “သူတို့ ဘာလုပ် လဲ မင်း မသိဘူး။ဒါပေမယ့် စီးပွားရေး လုပ်တယ်၊စတော့ကုန်သွယ်တာ လုပ်တယ်ဆိုရင် တော့  ဒါ သိပ် မကောင်းဘူး။တကယ်လို့ သူတို့ ဘာလုပ်လဲ မ ပြောရင် ဒါက အန္တရာယ်ရှိတယ်..” လို့ ပြောခဲ့ပါတယ်။အဲ့ဒီနောက် မှာတော့ သူမ အတွက် RM အဖွဲ့ ၀င် တစ်ချို့ ကို အကြံပြု ပေးခဲ့ပါတယ်။ Kim Jong Kook က သူမနဲ့ အလိုက်ဖက် ဆုံးပဲ လို့ ပြောခဲ့ပါတယ်။

“မင်းနဲ့ သိတဲ့ လူတွေ ထဲမှာ ဆိုရင် Yang Se Chan ဒါမှမဟုတ် Kim Jong Kook တို့ကို ကြည့်လိုက်. Jong Kook က မင်း နဲ့ အလိုက်ဆုံးပဲ၊သူက မိန်းမ တွေ မကြိုက်တာ ဘာမှမလုပ်တဲ့လူမျိုး..” လို့ ပြောခဲ့ပါတယ်။ Jeon So Min က တော့ “ သုံးလ အတွင်းမှာ သူငယ်ချင်း ဆက်ဆံ ရေးက အဆင်မ ပြေရင် ဒါက ဖြစ်နိုင်ချေ မရှိဘူး။ကျွန်မ သူငယ်ချင်းတွေ ဆိုရင် သူငယ်ချင်း အနေနဲ့က အို ကေ တယ်။ချစ်သူအ နေနဲ့ကျ အဆင် မပြေဘူး။ Jong Kook က လေ့ကျင့်ခန်းတွေ အရမ်းလုပ် လွန်းတယ်..” လို့ ပြောခဲ့ပါတယ်။

#AUNTYMAY

sponsored