နှလုံးလှပြီး စိတ်ထားကောင်းပေမယ့် စိတ်ဓာတ်ပျော့ညံ့တတ်တဲ့ ရာသီခွင် (၆) ခု

Freepik- cookie_studio
Sponsored

လူတွေရဲ့ စိတ်နေစိတ်ထားတွေဟာလည်း တစ်မျိုးပြီးတစ်မျိုးကို ထူးခြားကွဲပြားနေကြတာပါ။ ဒီတစ်ခေါက်မှာတော့ ရာသီခွင်ပေါ်မှာလိုက်ပြီးတော့ စိတ်ဓာတ်ပျော့ပြီး နှလုံးသားမခိုင်တဲ့ ရာသီခွင်တွေကို ပြောပြချင်ပါတယ်။ သူတို့တွေကတော့..

(၁) Pisces: ဖေဖော်ဝါရီလ ၁၉ – မတ်လ ၂၀

Sponsored

သူတို့ကတော့ သူတို့ရဲ့ပျော့တဲ့စိတ်ထားတွေကို ဟန်ဆောင်ထားခဲ့တာပါ။ ဒါပေမဲ့ သူတို့ဘယ်လိုပဲ ဟန်ဆောင်ဟန်ဆောင် လူတွေကတော့ သူတို့ရဲ့စိတ်ထားလေးကို သိသိသာသာကို သိနိုင်နေပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့ဟာ သင့်ကို အသုံးချတတ်ကြတာပါ။

Freepik- yanalya

(၂) Cancer: ဇွန်လ ၂၁ – ဇူလိုင်လ ၂၂

Cancer သမားတွေကတော့ စိတ်ဓာတ်က ပျော့သလားမမေးနဲ့ သူတို့ကို နည်းနည်းလေး ဂရုစိုက်လိုက်တာနဲ့ ဘဝကြီးတစ်ခုလုံး ပုံပေးတော့မလိုလိုနဲ့လူမျိုးတွေ။ အရမ်းလည်း သံယောဇဉ်ကြီးတတ်ပြီးတော့ အရမ်းလည်း လောဘကြီးတတ်ကြတယ်။ သူတို့ကို ဂရုစိုက်ကြမှတဲ့။

READ
လူတစ်ဖက်သားကိုမသိမသာနဲ့ ဒုက္ခပေးတတ်တဲ့သူတွေရဲ့ စရိုက်လက္ခဏာ (၇) မျိုး

(၃) Aries: မတ်လ ၂၁ – ဧပြီလ ၁၉

သူတို့ကတော့ ဟန်ဆောင်ကောင်းတတ်ကြတဲ့လူတွေ။ ရင်ထဲမှာ သေလောက်အောင် ခံစားပြီး စိတ်ပျော့လွယ်ပေမယ့်လို့ အရေခွံခြုံထားတာရဲ့ နောက်ကွယ်မှာတော့ တစ်ဖက်သားက ဘာမှတောင် အကူအညီမတောင်းရသေးဘူး၊ သူတို့က ကူညီပြီးသားဆိုတဲ့ စိတ်နှလုံးလှပိုင်ရှင်တွေပါ။

Freepik- wayhomestudio

(၄) Virgo: သြဂုတ်လ ၂၃ – စက်တင်ဘာလ ၂၂

ဘယ်လောက်တောင် စိတ်ထားပျော့လဲဆိုရင် သီချင်းလေးကြားရုံနဲ့တင်ကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတတ်တဲ့ပါ။ ဘယ်သူဘာပြောပြော လိုတာထက်ကိုပိုပြီး စိတ်ခံစားလွယ်တတ်ကြလွန်းလို့ လူတွေက သူ့ကိုအမြဲဂရုတစိုက်နဲ့ကို ဆက်ဆံနေရတာပါတဲ့။

(၅) Capricorn: ဒီဇင်ဘာလ ၂၂ – ဇန်နဝါရီလ ၁၉

သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့အတွက် ထက်မြက်တဲ့အမျိုးသမီးလိုလို ဟန်ဆောင်တတ်ကြပါတယ်။ ဒီအပြင် ဆက်ဆက်ထိမခံပဲနဲ့ သူများပြောသမျှကို စိတ်ထဲမှာ မှတ်ထားပြီးတော့ ခံစားတတ်ကြပါသေးတယ်။

READ
"၂"ဂဏန်းသမားတို့ရဲ့တမူထူးခြားတဲ့စိတ်နေစိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း
Freepik- goffkein

(၆) Leo: ဇူလိုင်လ ၂၃ – သြဂုတ်လ ၂၂

သူတို့မှာတော့ မကောင်းတာလေး နည်းနည်းလေးပြောမိတာနဲ့တင်ကို သေတော့မလို ခံစားရတဲ့လူမျိုးတွေပါ။ ဘာမှကို သွားပြောလို့မရတဲ့လူမျိုးတွေမလို့ အကုန်လုံးထဲမှာ ထိလွယ်ရှလွယ်ဆုံးသူလို့ ဆိုနိုင်ပါတယ်။

penny

sponsored