နာမည်ကြီး “Any Song” Challenge ကိုအူကြောင်ကြောင်လေးကပြခဲ့တဲ့ Song Ji Hyo

SBS- Running Man
Sponsored

February 16 မှာပြသခဲ့တဲ့ SBS ရဲ့ Running man အပိုင်းတစ်ခုမှာတော့ ဧည့်သည်တွေအဖြစ် မင်းသမီး ကန်ဟန်နာနဲ့ ဟာသလူရွှင်တော် ဟျိုကျောင်ဟွမ်း တို့ပါဝင်ခဲ့ကြပါတယ်။ ဒီအပိုင်းမှာတော့ ဧည့်သည်အဖြစ်လာရောက်ခဲ့သူတွေက Zico ရဲ့ နာမည်ကြီးလှတဲ့ “Any Song” Challenge ကိုကပြကြရပါတယ်။

Sponsored

မင်းသမီးကန်ဟန်နာနဲ့ ဂျီဆော့ဂျင် တို့ကပြမှုအပြီးမှာတော့ ဟာသလူရွှင်တော် ဟျိုကျောင်ဟွမ်ကို ဒီသီချင်းနဲ့ Challenge ခေါ်ဖို့တောင်းဆိုခဲ့ပါတယ်။

ဟျိုကျောင်ဟွမ်ကတော့ “ကျွန်တော် တစ်ယောက်တည်းတော့မကနိုင်ဘူး တူတူကပေးမယ့်သူရှိရင်ကောင်းမယ်” လို့ပြောလိုက်တဲ့အခါမှာ”ဂျီဟိုနဲ့ တူတူကပေါ့” ဆိုပြီး ဂျယ်ဆော့က ကြပ်ပေးလိုက်ပါတယ်။ ဂျီဟိုရဲ့ အကစွမ်းရည်ကိုတော့ Running Man ပရိတ်သတ်တွေအားလုံးသိထားကြမှာပါ။ မိန်းမမဆန်တဲ့ အွန်ညီးက အမြဲတမ်း တာင့်တောင့်ကြီးကတတ်ပြီးတော့ ခေတ်ပေါ်သီချင်းတွေကိုလည်း သိပ်မသိပါဘူး။

SBS- Running Man

Lee Kwang Soo ကတော့ “ခုနကတင် အစ်မက ကျွန်တော့ကိုတိုးတိုးလေးလာမေးနေတာ၊ ဒါဘာသီချင်းလဲဆိုပြီးတော့ ၊ ခုတလော ဒါက နံပါတ်တစ်ဖြစ်နေတာ သူလုံးဝမကြားဖူးဘူး”၊ ” အစ်မက ဂူထဲမာပဲနေတဲ့ Robinson Crusoe ဖြစ်ရမယ်”  ဆိုပြီးစနောက်ကာ ရယ်ပွဲဖွဲ့ခဲ့ပါတယ်။

READ
ပရိသတ်တွေကြား အပြောများနေတဲ့ စိုင်းစိုင်းရဲ့ IG ပေါ်က အမှတ်တရများ
SBS- Running Man

လူရွှင်တော် ဟျိုကျောင်ဟွမ် ကလည်းကကွက်တွေမှားပြီး လျောက်ကနေတာကို အွန်ညီးတစ်ယောက်အမှန်အထင်နဲ့ လိုက်ကခဲ့ပါသေးတယ်။ ဒီလိုချစ်စရာကောင်းတဲ့ အူတူတူအွန်ညီးရဲ့ ကကွက်တွေကိုတာ့ ချစ်တဲ့ပရိတ်သတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်ေနာ်…

Source: Soompi

sponsored