အိမ်မှာပဲ လွယ်ကူရိုးရှင်း ဈေးသက်သာတဲ့ spa night ကို ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်း

shutterstock/ Africa Studio
Sponsored

အမြဲတမ်း လှပကျော့ရှင်းနေဖို့အတွက်  ကိုယ့်ရဲ့ အသားအရေလေးတွေကို  ဂရုစိုက်ပေးဖို့ လိုကိုလိုအပ်ပါတယ်နော်။ ပုံမှန် spa တွေက ဈေးကြီးပေးရသလို ခုအချိန်မှာ သွားဖို့ကလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးနော်။ ဒီလိုအချိန်မှာ ကိုယ့်အတွက် တကယ့်ကို လွယ်ကူရိုးရှင်းပြီး ဈေးသက်သာတဲ့ အိမ်မှာပဲ spa night လေးကို ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းလေးကိုဝေမျှပေးလိုက်ပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားမယ်

shutterstock/Dasha Petrenko

အရင်ဆုံး spa မလုပ်ခင်မှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒီတော့ ဖုန်းတွေကို ဝေးဝေးမှာထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတစ်အုပ် ရှိနေရင် အကောင်းဆုံးပါပဲနော်။

ကြိုတင်ပြီး တဘတ်ကို အပူပေးထားပါ

Sponsored

Spa တွေမှာ အေးတဲ့တဘတ်တွေကို ဘယ်တော့မှမသုံးပဲ ရေနွေးနဲ့စိမ်ထားတဲ့ တဘတ်တွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။ တဘတ်ကို နွေးသွားအောင် ရေနွေးထဲစိမ်ပြီးရင်တော့ dryer နဲ့ ငါးမိနစ်၊ ဆယ်မိနစ်ခန့်လောက် မှုတ်ပေးဖို့လိုအပ်ပါတယ်။ ဒီရေနွေးနဲ့ စိမ်ထားတဲ့ တဘတ်တွေက ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကို ပိုနူးညံစေပါတယ်။

READ
အောင်မြင်တဲ့သူ အများစု ညမအိပ်ခင် ပြုလုပ်တတ်တဲ့ အရာ (၆) ခု

Scrub လုပ်ပါ

shutterstock/ Alina ptashka

မျက်နှာကို သန့်စင်ပြီးသွားရင်တော့ homemade scrub လေးကို အသုံးပြုပြီး မျက်နှာရော၊ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ scrub လုပ်ပေးပါ။ Scrub လုပ်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ပုံမှန်လုပ်ပေးခြင်းက အသားအရေကို စိုပြေကြည်လင်လာစေမှာ ဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ပါ

shutterstock/Claudia K

စောစောက scrub လုပ်ထားတာဖြစ်လို့ အသားအရေက ထိခိုက်လွယ်နေမှာ ဖြစ်ပါတယ် ဒါကြောင့် မျက်နှာပေါင်းတင်တဲ့အခါ ဓာတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာပေါင်းတင်ဆေးမျိုးကို အသုံးမပြုပဲ သံလွင်ဆီနဲ့ ပျားရည်ရောနှောထားတာ ဒါမှမဟုတ် အသီးလေးတွေနဲ့ ပေါင်းတင်တာမျိုးက ပိုကောင်းမွန်စေပါတယ်နော်။

ရေချိုးပါ

shutterstock/Goran Bogicevic

နောက်ဆုံးမှာတော့ ရေချိုးတဲ့အခါမှာ အချိန်လေးပေးပြီး ရေချိုးစေချင်ပါတယ်။ ရေချိုးဇလုံမှ စိမ်ပြီး ချိုးတာမျိုး၊ ဒါမှမဟုတ်လည်း သေချာလေး အချိန်ယူပြီး ရေချိုးစေချင်ပါတယ်။ ဒါက သင့်ကို ပိုလန်းဆန်းစေပြီး စိတ်တွေကို လန်းဆန်းစေမှာ ဖြစ်ပါတယ်နော်။

READ
သင့်ရဲ့ မျက်လုံးအရောင်ကနေ ဖော်ပြနေတဲ့ သင့်အကြောင်း

Khin

sponsored