Sponsored
မျှစ်အချိုလေးကိုကြက်သားနဲ့ ကြော်စားလို့ရပါတယ်။ စပ်စပ်လေးနဲ့ မွှေးမွှေးလေးဖြစ်တာကြောင့် အရမ်းစားမြိန်စေပါတယ်။
လိုအပ်သောပစ္စည်းများ
- ကြက်သား အစိတ်သား
- မျှစ် ၂၀ သား (အချို)
- ပင်စိမ်း အနည်းငယ်
- အရောင်တင်မှုန့် ၁ ဇွန်း
- စနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငပိ တစ်ဇွန်း
- ဆား အနည်းငယ်
- ကြက်သားမှုန့် အနည်းငယ်
- ကြက်သွန်ဖြူ ၆ တက်ခန့်
- ဆီအနည်းငယ်
- ငရုတ်သီးမှည့် ၁၀ တောင့်ခန့်
ချက်ပြုတ်ပုံအဆင့်ဆင့်
- မျှစ်ချိုကို ရေဆေးပြီး ရေစစ်ထားပါ။
- ကြက်သားကိုလည်း အတုံးသေးသေးလေးများလှီး၍ဆားဖြင့် နယ်ထားပါ။
- ငရုတ်သီးများကို မညက်တညက်ထောင်းထားပါ။
- ပင်စိမ်းရွက်များကိုခြွေပါ။
- ကြက်သွန်ဖြူများကိုထောင်းထားပါ။
- ဒယ်အိုးထဲတွင်ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ စနွင်းတို့ကိုဆီသတ်ပါ။
- ကြက်သားကိုထည့်ပါ။
- ကြက်သားအနံ့မွှေးလာလျှင် မျှစ်နဲ့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်လိုက်ပါ။
- ရေအနည်းငယ်ထည့်၍ အဖုံးဖုံးထားပါ။ ကြက်သားနှင့် မျှစ်ကျက်သည်အထိ မကြာခဏ မွှေပေးပါ။
- ကျက်လျှင် အပေါ်မှ ပင်စိမ်းအုပ်၍ မီးဖိုပေါ်မှချကာ စားသုံးနိုင်ပါပြီ။
Em Em(Auntymay)
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်း ပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored