ပိတ်ရက်မှာ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ကိုးရီးယားစတိုင်လ် ကြက်အစပ်ကြော်

shutterstock/ pada smith
Sponsored

ကိုးရီးယားအစားအသောက်တွေက တကယ့်ကို နာမည်ကြီး လူကြိုက်များတဲ့ အစားအသောက်တွေဖြစ်သလို ကိုးရီးယား ခေါက်ဆွဲ၊ တော့ပိုကီ၊ ကြက်ကြော်နဲ့ တစ်ခြားသော အစားအစာတွေက ပိုလူကြိုက်များတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီတော့ ပိတ်ရက်မှာ လွယ်လွယ်ကူကူပဲ အိမ်မှာလုပ်စားလို့ရမယ့် ကိုးရီးယားစတိုင်လ် ကြက်အစပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

shutterstock/becky’s

ပါဝင်ပစ္စည်းတွေက ကြက်တောင်ပံ့ ဆယ်ခု သို့ ကြက်ရင်အုံ၊ ပြောင်းဖူးကော်မှုန့်် တစ်ခွက်၊ ဆီအသန့်၊ နှမ်း ။

Sponsored

မုန့်အနှစ်အတွက်ကတော့ ပြောင်းဖူးကော်မှုန့် ခွက်တစ်ဝက် (65g) ၊ ဂျုံမှုန့်် ခွက်တစ်ဝက် (65g) ၊ ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေတစ်ခွက် (240 mL) စတာတွေပဲ ဖြစ်ပါတယ်။

ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ပျားရည် ခွက်လေးပုံတစ်ပုံ (85g) ၊ rice vinegar လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ကိုးရီးယား ငရုတ်အနှစ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ကြက်သွန်ဖြူ နှစ်တက်၊ ညက်အောင် ကြိတ်ထားတဲ့ ချင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်း စတာတွေပဲ ဖြစ်ပါတယ်။

READ
"Omega 3 Fatty acids" ပေါကြွယ်ဝစွာပါဝင်တဲ့ အစားအစာ (၅) မျိုး
shutterstock/ NPDstock

ပြုလုပ်ရမယ့် နည်းလမ်းက စောစောက မုန့်အနှစ်အတွက် ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာလေး ရောနှောပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အိုးထဲမှာ ကြော်မယ့် ဆီထည့်ပြီး အပူပေးလိုက်ပါ။ ကြက်တောင်ပံ့ကို ပြောင်းဖူးကော်မှုန့်ထဲမှာ အရင်နှစ်လိုက်ပြီးတော့ နောက်ထပ် မုန့်အနှစ်ထဲကို နှစ်ပြီး ကြော်ပေးရမှာ ဖြစ်ပါတယ်။ သေချာလေး အဝါရောင်ဖြစ်အောင် ကြော်ပေးရမှာ ဖြစ်ပါတယ်နော်။

shutterstock/gowithstock

နောက်ထပ် ဆော့စ်အတွက်ကတော့ ဒယ်အိုးထဲမှာ စောစောက ပါဝင်ပစ္စည်းတွေကို ရောထည့်ပြီး ဇွန်းနဲ့အားလုံး ရောနှောသွားအောင် မွှေပေးရမှာ ဖြစ်ပါတယ်။ အမြုပ်လေးတွေ မထလာခင်အထိ မွှေပေးပြီးသွားရင်တော့ စောစောက ကြော်ထားတဲ့ ကြက်တောင်ပံ့ပေါ်ကို လောင်းချပြီး သေချာနှံ့သွားအောင် လုပ်ပေးရမှာပါ။ နောက်ဆုံးမှာတော့ အပေါ်က နှမ်းစေ့လေးတွေ ဖြူးပြီး အရသာရှိလှတဲ့ ကိုးရီးယား စတိုင်လ် ကြက်အစပ်ကြော်လေး ရပါပြီနော်။

READ
သမီးရဲ့အနာဂတ်လက်တွဲဖော်အကြောင်း ဖခင်တစ်ယောက်မှ ပေးစာ

Khin

sponsored