ဝိဉာဉ်တွေက သင်နဲ့ဆက်သွယ်ဖို့ ကြိုးစားကြတဲ့အခါ ကြုံရမယ့် လက္ခဏာ(၁၁)မျိုး

Sponsored

လောကကြီးမှာ ရုပ်လောကရှိတာ သေချာနေတာကြောင့် နာမ်လောကရှိတယ် ဆိုတာကိုလည်း မယုံလို့မရပါဘူး။ လူတွေက ၀ိဉာဉ်တွေနဲ့ ဆက်သွယ်ချင်ကြတဲ့ အခါလည်းရှိပြီး တခါတလေမှာလည်း ၀ိဉာဉ်တွေက လူတွေကိုဆက်သွယ်ဖို့ကြိုစားကြတာမျိုးရှိပါတယ်။ အခုပြောမယ့် အကြောင်းအရာတွေက ၀ိဉာဉ်တွေက လူတွေကို ဆက်သွယ်ဖို့ ကြိုးစားကြတဲ့အခါ ဖြစ်လာတတ်တဲ့ လက္ခဏာတွေပါ။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေ ကြုံလာရင် သင့်ကိုဆက်သွယ်ဖို့ ကြိုးစားနေတဲ့ ၀ိဉာဉ်တွေရှိနေပြီလို့ ယူဆရမှာပါ။

(၁) မီးလုံးကအကြောင်းမဲ့ပိတ်လိုက်ပွင့်လိုက်ဖြစ်နေတာ

The Spruce

ဝိဉာဉ်တွေက တခါတလေမှာ လျှပ်စစ်စီးကြောင်းကို ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်တဲ့။ ဒါကြောင့် သူတို့တွေရှိတဲ့အကြောင်း မီးလုံးကိုဖွင့်လိုက် ပိတ်လိုက်လုပ်ပြီး အချက်ပြတာဖြစ်နိုင်ပါတယ်။ ပြီးတော့ ပုံမှန်အတိုင်းဆို မီးလုံးတွေ၊ မီးချောင်းတွေက မီးအားနည်းသွားလို့ တဖျပ်ဖျပ်ဖြစ်တာရယ်၊ တခါတည်း ကျွမ်းသွားတာရယ်ပဲ ဖြစ်တတ်တာပါ။ အခုပြောသလို ပိတ်လိုက် ပွင့်လိုက် ခပ်မှန်မှန်လေးဖြစ်နေပြီး ပျက်တာလည်းမဟုတ်ဘဲ အကောင်းအတိုင်းရှိနေတယ်ဆိုရင် သေချာပါတယ်။ သူတို့ပါပဲ။

(၂) အရိပ်

Amino Apps
Sponsored

တခါတလေ မျက်လုံးထောင့်နားလေးမှာ တစ်ခုခုဖြတ်သွားသလို မြင်လိုက်ရတာမျိုး၊ ဘေးနားမှာ ထူးဆန်းတဲ့ အငွေ့လေးတွေ တွေ့ရတာမျိုးကလည်း သူတို့တွေဖြစ်နိုင်ပါတယ်။ အကောင်အထည် အနေနဲ့ ပြလို့မရတဲ့ သူတို့တွေဟာ အရိပ်အဖြစ်၊ အငွေ့အဖြစ်နဲ့ သင့်ကိုဆက်သွယ်ဖို့ ကြိုးစားကြတာပါ။

(၃) အနံ့

ကိုယ်လည်း ရေမွှေးတွေ ဘာတွေမသုံးပါဘဲ၊ ပန်းတွေ ဘာတွေလည်းမရှိပါဘဲ အမွှေးနံ့တစ်ခုခုကို ရုတ်တရက် ရလိုက်တာကလည်း သူတို့တွေပါပဲ။ ကောင်းတဲ့အနံ့ ပေးတာက ကောင်းတဲ့ ၀ိဉာဉ်ဖြစ်ပြီး ၊ အနံ့ဆိုးဆိုးတွေ ပေးတယ်ဆိုရင်တော့ ဆိုးတဲ့ဝိဉာဉ်ပါတဲ့။

READ
လူတစ်ယောက်က လိမ်ညာနေတယ်ဆိုတာ အလွယ်တကူသိနိုင်မယ့် အချက်လေးတွေ

(၄) မထင်မှတ်ဘဲ သူတို့ကြိုက်တတ်တဲ့ ပစ္စည်းတစ်ခုခုကို တွေ့တာ

ချစ်ခင်ရတဲ့ သူတွေထဲက တစ်ယောက်ယောက် ဆုံးပါးသွားတဲ့အခါ သူတို့တွေက သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို ယူမသွားနိုင်ကြပါဘူး။ သူတို့နဲ့ ပတ်သက်လို့ ဟိုးအရင်က ရှာမတွေ့ခဲ့တဲ့ ပစ္စည်းတွေကို ရုတ်တရက် ပြန်တွေ့တာကလည်း သူတို့ သင့်ကို ဆက်သွယ်တဲ့နည်းလမ်းဖြစ်နိုင်ပါသေးတယ်။ အဲ့လို ဆက်တိုက် တွေ့နေတယ်ဆိုရင်တော့ လုံးဝကို သေချာနေပါပြီ။

(၅) ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း

Wikipedia

အခန်းတစ်ခုထဲမှာ အတူတူထိုင်နေကြတာချင်း အတူတူ ရုတ်တရက်ကြီး သင်တစ်ယောက်တည်း အေးသွားတာမျိုးပေါ့။ အဲ့ဒါက ၀ိဉာဉ်တွေဟာ အခန်းထဲကလူတွေကို ထိတွေ့ဖို့ ကြိုးစားကြတဲ့အခါ သူတို့ထိလို့ ရသွားတာက သင်ဖြစ်နေလို့ပါတဲ့။

(၆) အသံ

Supernatural Magazine

အိမ်ရဲ့တစ်နေရာရာကနေ သီချင်းသံ၊ ညည်းသံ၊ လေချွန်သံနဲ့ တခြားထူးဆန်းတဲ့ အသံမျိုးတွေကြားရတာကလည်း သူတို့တွေဆီကဖြစ်နိုင်ပါတယ်။ တခါတလေမှာတော့ အသံတစ်မျိုးတည်း ဆက်တိုက် ကြားရတာမျိုးလည်းဖြစ်တတ်ပါတယ်။

(၇) ခြေထောက်နားမှာ ထူးဆန်းတဲ့ ပစ္စည်းတွေတွေ့တာ

သွားနေလာနေရင်းနဲ့ ခြေထောက်နားကို ကျပ်စေ့လိုအရာမျိုး၊ ဈေးမကြီးတဲ့ လက်ဝတ်ရတနာလိုဟာမျိုးတွေရုတ်တရက်ကျလာရင်ဖြစ်ဖြစ် ၊ တက်နင်းမိရင်ဖြစ်ဖြစ် အမှတ်တမဲ့ကောက်မလာသင့်ပါဘူး။ အဲ့ဒါက ပရလောကသားတွေရဲ့ ဆက်သွယ်မှုတစ်ခုဖြစ်နေနိုင်လို့ပါ။

READ
ကမ္ဘာမြေပေါ်မှာ ရှိလိမ့်မယ်လို့ သင်လုံးဝ ထင်ဖူးမှာ မဟုတ်တဲ့အရာများ …..

(၈) တိရစ္ဆာန်လေးတွေရဲ့အမူအရာ

pinterest

တိရစ္ဆာလေးတွေဟာ ပတ်ဝန်းကျင် အပြောင်းအလဲကို အလွန်အမင်း သိနိုင်သူလေးတွေပါ။ သင့်အိမ်မှာ သူတို့တွေ တစ်နေရာထဲကို အကြာကြီးစိုက်ကြည့်နေပြီဆိုရင်၊ ဘာမှမရှိတဲ့နေရာကို ကြည့်ပြီး မာန်ဖီနေပြီဆိုရင် အဲ့ဒီနားပတ်ဝန်းကျင်မှာ ၀ိဉာဉ်တွေရှိနေလို့ပါ။

(၉) နာရီရပ်သွားတာ

Jooinn

ဓာတ်ခဲကုန်ရင်တော့ နာရီက ရပ်မှာပေါ့နော်။ ဒါပေမယ့် နာရီအကောင်းကြီးက ရပ်သွားပြီဆိုရင်တော့ သွေးရိုးသားရိုးမဟုတ်ပါဘူး။ ဘာလို့ဆို ၀ိဉာဉ်တွေက တခါတလေမှာ နာရီတွေကို ရပ်ပစ်နိုင်စွမ်းရှိကြပါတယ်တဲ့။

(၁၀) လိပ်ပြာ

pinterest

လိပ်ပြာတွေ ရောက်လာတာဟာ တစ်စုံတစ်ယောက်က သူ့ရဲ့ဘ၀အသစ်တစ်ခုကို စ တော့မယ်ဆိုပြီး ပြောတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်နေနိုင်ပါသေးတယ် လို့ ရှေးဟောင်းတရုတ်လူမျိုးပညာရှင်တွေကပြောကြပါတယ်။ တစ်ယောက်ယောက်သေဆုံးသွားပြီး မကြာခင်မှာ လိပ်ပြာကိုတွေ့ရတယ်ဆိုရင် သူဟာ ဒီဘ၀ကိုလုံးဝစွန့်လွှတ်လိုက်ရပြီ၊ ဘ၀အသစ်ကိုထွက်သွားတော့မယ်ဆိုပြီး နှုတ်ဆက်တဲ့ သဘောပါတဲ့။

(၁၁) အိပ်မက်

pinterest

သေဆုံးပြီးသွားတဲ့ သူတွေက သင့်ကို သံယောဇဉ်မပြတ်နိုင်လို့ သင့်ကို ဆက်သွယ်ချင်ရင်၊ သူတို့ရဲ့လက်ရှိကြုံကြိုက်နေရတာတွေကို အသိပေးချင်ရင် အိပ်မက်မက် တတ်ပါတယ်။ ဒါကြောင့်သေဆုံးပြီးသွားတဲ့ သူတွေကို အိပ်မက်မက်တဲ့အခါမျိုးမှာ နိုးလာတာနဲ့ အိပ်မက်အကြောင်းကို ချက်ချင်းချရေးပြီး မှတ်ထားလိုက်ပါ။ မဟုတ်ရင် သူတို့ ပြောချင်တာကို မသိလိုက်ဘဲမေ့သွားပါလိမ့်မယ်။

MAY THAZINHTOO

sponsored