ဒီအနုပညာရှင် ငါးယောက်က အဆိုတော်အဖြစ်ကနေ မင်းသမီးအဖြစ်ကို ရွေးချယ်ခဲ့ကြပြီး လက်ရှိမှာတော့ တောင်ကိုးရီးယားရဲ့ ဖန်သားပြင်ပေါ်မှာ နေရာယူထားနိုင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကို ကောင်းမွန်တဲ့အတွက် ပရိတ်သတ်တွေ အားပေးထောက်ခံ့တဲ့ မင်းသမီးချောတွေဖြစ်လာကြပေမယ့် တစ်ချို့ပရိတ်သတ်တွေကတော့ သူတို့ရဲ့ သီချင်းဆိုဟန်လေးတွေကို နောက်တစ်ခေါက် စင်မြင့်ပေါ်မှာ ပြန်မြင်တွေ့ရဖို့ကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
Krystal
View this post on Instagram
ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Krystal ဟာ girl group f(x) အဖွဲ့ရဲ့ lead vocalist တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူပါ။ 2010 ခုနှစ်မှာတော့ ‘More Charming by the Day’ ဇာတ်ကားနဲ့အတူ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ‘The Heirs’, ‘Player’, ‘More than Family’ ဆိုတဲ့ဇာတ်ကားတွေမှာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်ရဲ့ အားပေးမှုကို အပြည့်အဝလက်ခံရရှိထားသူ တစ်ယောက်ပါ။ ဒါပေမယ့် သူမ သီချင်းမလုပ်ဖြစ်တာ ငါးနှစ်ကျော်သွားခဲ့ပြီမို့ ပရိတ်သတ်တွေကတော့ သူမရဲ့ သီချင်းတွေကို မျှော်လင့်နေကြပါတယ်။
Suzy
View this post on Instagram
2010 မှာ Miss A အဖွဲ့နဲ့ ပွဲဦးထွက်လာခဲ့တဲ့ Suzy ဟာ တစ်နှစ်ကြာပြီးနောက်မှာတော့ ‘Dream High’ ဇာတ်ကားနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အထူးရရှိခဲ့ပါတယ်။ 2017 မှာတော့ Miss A အဖွဲ့ဟာ ဖျက်သိမ်းခဲ့ပြီး Suzy ကတော့ နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်က သူမပါဝင်ထားတဲ့ ‘Vagabond’, ‘Start-Up’ ဇာတ်ကားတွေကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေကတော့ နားမထောင်ရတာကြာပြီဖြစ်လို့ ပရိတ်သတ်တွေက သူမရဲ့ သီချင်းတွေကို စောင့်မျှော်နေကြပါတယ်နော်။
Yoona
View this post on Instagram
Girl’s Generation အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yoona ဟာ lead dancer, lead rapper တစ်ယောက်ဖြစ်ပြီး သူမတို့အဖွဲ့က အရမ်းကိုလည်း နာမည်ကြီးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ Yoona က “Two Outs in the Ninth Inning’ နဲ့အတူ သရုပ်ဆောင်အလုပ်ကို စတင်လုပ်ခဲ့တဲ့သူမဟာ ‘Best New Actress’ ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ ‘Exits’, ‘The King in Love’ တွေနဲ့ အရမ်းကို အောင်မြင်လာခဲ့သူပါနော်။ ဒါပေမယ့် သူမရဲ့သီချင်းတွေကတော့ ထွက်မလာခဲ့တာ သုံးနှစ်ရှိသွားပြီဖြစ်ပြီး ပရိတ်သတ်တွေက သူမရဲ့ အဆိုစွမ်းရည်တွေကို ပြန်တွေ့မြင်ချင်နေကြပါတယ်။
Nana
View this post on Instagram
Nana ဟာ 2010 မှာ After School အဖွဲ့ရဲ့ main dancer, lead rapper တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ 2016 အထိ သရုပ်ဆောင်အလုပ်တွေကို မလုပ်ကိုင်ခဲ့ပေမယ့် အဲဒီ့နောက်မှာတော့ ‘The Good Life’ ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး အရမ်းကို လူကြိုက်များတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမပါဝင်ထားတဲ့ ‘Kill It’, ‘Justice’ ဇာတ်ကားတွေက ပရိတ်သတ်ရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ်တွေက သူမသီချင်းလေးတွေကို ပြန်မြင်တွေ့ဖို့ကိုလည်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Sohee
View this post on Instagram
Wonder Girls ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Sohee ဟာ 2007 ခုနှစ်မှာ အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာပါ။ 2008 ခုနှစ်မှာတော့ သူမဟာ ‘Hellcast’ ဇာတ်ကားမှာ ပါဝင်ပြီး အရမ်းလူကြိုက်များလာခဲ့သလို အရမ်းကို အောင်မြင်ခဲ့တဲ့ ‘Train to Busan’ ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါတယ်။ သူမရဲ့ သီချင်းတွေနဲ့တော့ အဆက်ပြတ်နေခဲ့တာကြောင့် ပရိတ်သတ်တွေက သူမကို စင်မြင့်ပေါ်မှာ နောက်တစ်ခေါက် တွေ့မြင်ချင်နေကြပါတယ်။
Khin