လက်ထပ်ပြီးမှ အံ့အားသင့်ဖွယ်သိရှိလိုက်ရတဲ့ ခင်ပွန်းသည်တို့ရဲ့ မဟာလျှို့ဝှက်ချက်များ…

drobotdean/ freepik
Sponsored

သင့်ချစ်သူနဲ့သင်ဟာ ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော တကယ်လက်မထပ်ရသေးခင်မှာ သူ့အကြောင်း ခရေစေ့တွင်းကျသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လက်ထပ်တယ်ဆိုတာ ထီထိုးရသလိုပါပဲ။ ကံကောင်းတဲ့သူက ပျော်ရတယ်၊ ကံဆိုးတဲ့သူကတော့ ဒုက္ခရောက်ကြရတာပေါ့။ ခုဖော်ပြပေးမှာကတော့ အိမ်ရှင်မတို့အနေနဲ့ လက်ထပ်ပြီးမှ သိရတဲ့ ခင်ပွန်းသည်တို့ရဲ့ မဟာလျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေကိုဖတ်ပြီးရင်တော့ အိမ်ထောင်ပြုဖို့ကို တော်တော်စဉ်းစားရတော့မှာပါနော်။

(၁) အကြွေး

@jcomp/ freepik

တစ်ချို့ခင်ပွန်းသည်တွေဟာ လက်မထပ်ခင်ကတော့ အရမ်းတွေကြီးကျယ်ခမ်းနားပြခဲ့သလောက်၊ လက်ထပ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ လည်ပင်းအထိ နစ်နေတဲ့အကြွေးတွေရှိနေတာကို အံ့အားသင့်ဖွယ် သိရှိလိုက်ရတာမျိုးလည်း ကြုံဖူးကြပါသတဲ့။

(၂) ဆေးသမား

Sponsored

ယူပြီးတော့မှ ဆေးသမား၊ မူးယစ်သားကောင်ဖြစ်နေမှန်း သိရတာမျိုးတွေလည်း ရှိပါသတဲ့။

(၃) မိန်းမစိတ်ပေါက်နေသူ

freepik

လက်ထပ်ပြီးတော့မှ ခင်ပွန်းဖြစ်သူဟာ မိန်းမအသုံးအဆောင်ပစ္စည်းတွေကို နှစ်သက်သူ၊ မိန်းမအဝတ်အစားတွေ ဝတ်ရတာကို နှစ်သက်သူဖြစ်နေကြောင်းလည်း ကြုံဖူးကြပါသတဲ့။

READ
သင့်ရင်သွေးလေး ပိုတော်ပြီးလိမ္မာသူဖြစ်လာဖို့ ငယ်စဉ်ကတည်းက သင်ထားသင့်တဲ့ အရာတွေ

(၄) လိင်ပိုင်းဆိုင်ရာ စည်းမစောင့်သူ

လက်ထပ်ပြီးတော့မှ ခင်ပွန်းဖြစ်သူဟာ မိမိရဲ့သူငယ်ချင်းအရင်းခေါက်ခေါက် (သတို့သမီးအရံထဲကလည်းဖြစ်နိုင်) နဲ့တောင်မှ လိင်ဆက်ဆံဖူးသူဖြစ်နေတယ်ဆိုတာ သိရပါသတဲ့။

(၅) အရက်သမား

လက်ထပ်ပြီးတော့မှ ခင်ပွန်းဖြစ်သူဟာ အရက်သမားလုံးလုံးဖြစ်နေမှန်း သိသွားကြတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ပေါ်တင်သောက်တယ်၊ တစ်ချို့ကျတော့လည်း ခိုးပြီးသောက်တယ်။ ဘယ်လိုပဲသောက်သောက် လူမှန်းမသိ သူမှန်းမသိ မူးတာချင်းတော့တူပါသတဲ့။

(၆) မွေးစားသား

drobotdean/ freepik

ခင်ပွန်းဖြစ်သူဟာ ကျိကျိတက်ချမ်းသာတဲ့မိသားစုကလာတဲ့ သူဆိုပြီး အထင်ကြီးခဲ့မိသမျှ လက်ထပ်ပြီးမှ မွေးစားသားဖြစ်နေကြောင်း သိရတာမျိုးလည်း ရှိပြန်သတဲ့။

(၇) ရိုက်နှက်တတ်သူ

ခင်ပွန်းဖြစ်သူဟာ မယူခင်ကတော့ ပြုစုယုယပြီး ကြင်နာတတ်သလောက် လက်ထပ်ပြီးတဲ့အခါမှာတော့ ဘီလူးအသွင် ခက်ထန်ကြမ်းကြုတ်တဲ့သူတစ်ယောက် ဖြစ်နေတာမျိုးလည်းကြုံရကြပါတယ်။

ကဲ…ပျိုမေတို့ရေ..လက်ထပ်ဖို့အကြောင်းကိုတော့..သေသေချာချာစဉ်းစားသင့်ပါပြီနော်။

Em Em

sponsored