ဖြောင့်စက်မသုံးဘဲ အိမ်မှာတင် သဘာဝနည်းနဲ့ ဆံပင်ဖြောင့်ကြမယ်

Shutterstock/Africa Studio
Sponsored

အပူနေ့တိုင်းထိရတဲ့ ဆံကေသာက ကျန်းမာမှာ မဟုတ်ပါဘူး။ ဆံပင်ဖြောင့်တဲ့အချိန် အပူထိရတာကြောင့် အနည်းနဲ့အများ ဆံသားပျက်စီးမှုတော့ရှိမှာပါ။ ဖြောင့်စက်မသုံး၊ ဆိုင်မှာ ဆံပင်သွားမဖြောင့်ဘဲ နူးညံ့ဖြောင့်စင်းတဲ့ ဆံသားကို ပျိုမေတိုင်း ပိုင်ဆိုင်ချင်မှာပါ။ ဆံပင်ဖြောင့်တဲ့အတိုင်း ပြည့်စုံလွန်းတဲ့အဖြောင့် မရရင်တောင် ခုပြောထားတဲ့နည်းလမ်းတွေက သဘာဝနည်းလမ်း ဖြစ်တာကြောင့် Try ကြည့်ပါလို့ အကြံပေးပါရစေ။ 

နည်းလမ်း (၁) အဆက်မပြတ်ခေါင်းဖြီးခြင်း 

  1. ဆံပင်အဖျားတွေ တွန့်လိမ်နေတာက ခေါင်းသေချာမဖြီးလို့ပါ။ 
  2. ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ 
  3. ဆံပင်ကို မခြောက်တခြောက်ရေသုတ်ပြီးနောက် ခေါင်းဖြီးချပါ။ 
  4. ခေါင်းဖြီးနုနုလေးနဲ့ ဆံပင်ခြောက်တဲ့အထိ အဆက်မပြတ်ဖြီးပေးပါ။ 
  5. ညင်ညင်သာသာလေးဖြီးပေးပါ။ 
  6. ဆံပင်ခြောက်တဲ့အချိန် ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။ 
  7. အဲ့နေ့မှာ ဆံပင်က တစ်နေ့လုံး ဖြောင့်စင်းနေပါလိမ့်မယ်။ 

နည်းလမ်း (၂) ကြက်ဥ 

Pixabay/stevepb
  1. ခွက်တစ်ခွက်ထဲမှာ ကြက်ဥနှစ်လုံး ဖောက်ထည့်လိုက်ပါ။ 
  2. အမြှုပ်ထတဲ့အထိ မွှေပေးပါ။ 
  3. ဒီထဲကို နွားနို့ နှစ်ဇွန်းထပ်ထည့်ပါ။ 
  4. ဒီနှစ်မျိုးကို သေချာရောပေးပါ။ 
  5. ဒီအရောကို ဦးရေပြားကနေ ဆံပင်အဆုံးထိ လိမ်းပေးပါ။ 
  6. ငါးမိနစ်လောက် နှိပ်နယ်ပေးပါ။ 
  7. Shower Cap ဆောင်းပြီး မိနစ် ၃၀ ထားပေးပါ။ 
  8. ပြီးနောက်ရေဆေးချပါ။ ရှန်ပူမလိုပါဘူး။ 
  9. ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်ပေးပါ။ 

နည်းလမ်း (၃) အုန်းနို့ 

Pixabay/LisaRedfern
  1. ခွက်တစ်ခွက်ထဲမှာ အုန်းနို့ရည်ထည့်ပါ။ 
  2. ဒီခွက်ထဲကို သံပယိုရည်ညှစ်ထည့်ပါ။ ပြီးနောက် သံလွင်ဆီ ၃ ဇွန်းထည့်ပါ။ 
  3. Corn Starch သုံးဇွန်းထပ်ထည့်ပါ။ 
  4. ပါဝင်ပစ္စည်းတွေကို ရောမွှေပေးပါ။ 
  5. ပြီးနောက် ခေါင်းမှာလိမ်းပါ။ 
  6. ၅ မိနစ် နှိပ်နယ်ပေးပါ။ 
  7. Shower Cap ဆောင်းပြီး မိနစ် ၃၀ ထားပေးပါ။ 
  8. ပြီးနောက် ရှန်ပူအပျော့နဲ့ ဆေးချပါ။ 
  9. တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်ပေးပါ။ 

May Thu Soe

sponsored