တစ်ဦးတည်းသော သားသမီးတွေရဲ့ ထူးခြားတဲ့ အမူအကျင့်လေးများ

Sponsored

သင်ဟာ မိသားစုတစ်ခုရဲ့ တစ်ဦးတည်းသောသား၊ သမီးဖြစ်နေတယ်၊ မိသားစုနဲ့လည်း အတူတကွကြီးပြင်းလာတဲ့သူ ဆိုရင်တော့ ဒီစာလေးနဲ့ သင်ဟာ အများကြီး သက်ဆိုင်နေပါလိမ့်မယ်။ ကောင်းတာလေးတွေလည်း ရှိသလို၊ မကောင်းတာလေးတွေ လည်းရှိတာကြောင့် မကောင်းတာလေးတွေကို ပြင်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။

(၁) စိတ်ကြီးတယ်

Sponsored

အငယ်ဆုံး သား၊ သမီးလေးတွေဟာ အရမ်းစိတ်ကြီးကြပါတယ်။ တစ်ခါတစ်ခါစိတ်ကောက်ရင် တော်တော်နဲ့ ချော့လို့မရပါဘူး။ မချော့ပြန်ရင်လည်း ဒေါသတွေ ပိုပိုထွက်လာပြီး ဒေါသကနေ ဝမ်းနည်းခြင်းအဖြစ် ပြောင်းသွားတဲ့အခါ အားငယ်လာတတ်ကြပြန်တယ်။ ဒါကြောင့်သူတို့လေးတွေ စိတ်ဆိုးနေတုန်းချက်ချင်း မချော့သေးပဲ နည်းနည်းစိတ်ငြိမ်သွားတော့မှချော့ပါ။ အကြာကြီးလည်း မချော့ပဲ မနေပါနဲ့။ သူတို့က အရမ်းအားငယ်တတ်ပါတယ်။

(၂) အရွဲ့တိုက်တယ်

ဒါဟာ တစ်ဦးတည်းသော သား၊သမီးတော်တော်များများရဲ့ မကောင်းတဲ့အကျင့်ပါပဲ။ သူ့ကို နာကျင်အောင် လုပ်လိုက်တဲ့သူကို အရွဲ့တိုက်ရဖို့အရေး သူ့ကိုယ်သူ စတေးခံတဲ့ လူစားမျိုးပါ။ အကျောမခံပါဘူး။ သူလုပ်မယ့်အရာတစ်ခုခုကိုများ သွားမခိုင်းလိုက်နဲ့ သွားနေတဲ့ ခြေလှမ်းကိုတောင် ချက်ချင်းပြန်ရုတ်ပြီး ထိုင်ချလိုက်မယ့်သူမျိုးတွေပါ။ ခိုင်းမယ်ဆိုရင်တောင် ချော့မော့ပြီး အကူအညီတောင်းတဲ့ ပုံစံလေးနဲ့ပဲ ခိုင်းတာကိုပဲ လုပ်ပေးချင်ကြတာပါ။ ဒီအကျင့်ကတော့ လုံးဝ ပြင်သင့်ပါတယ်။ လောကမှာ လူအားလုံးက ကိုယ့်စိတ်တိုင်းကျ ဘယ်တော့မှ ဖြစ်လို့မရတာကို နှလုံးသွင်းထားပါ။

READ
အကြီးတွေထက် အငယ်ဆုံးလေးတွေက ပိုဆွဲဆောင်မှု ရှိနေရခြင်းရဲ့ အဖြေ

(၃) သူငယ်ချင်းအပေါ်အနစ်နာခံတယ်

သူတို့က ရောက်တဲ့နေရာမှာ ဗိုလ်ပါ။ ဒါပေမယ့် သူငယ်ချင်းနဲ့ ပတ်သက်ပြီး အရေးကြုံလာလို့ တကယ်အနစ်နာခံတာလည်း သူတို့ပါပဲ။ သူတို့ဘဝမှာ တကယ်ခင်ရတဲ့ သူငယ်ချင်းသိပ်မများပါဘူး။ ရှိတဲ့ တစ်ယောက်၊ နှစ်ယောက်အပေါ်ကိုလည်း အနစ်နာခံ အသေခံ ချစ်သွားမယ့်သူမျိုးတွေပါ။

(၄) လူကဲခတ်ညံ့တယ်၊ မျက်နှာရိပ်ကဲအရမ်းသိတတ်တယ်

သူတို့ရဲ့ အားနည်းချက်က လူကဲခတ်ညံ့တာပါပဲ။ သူတို့ အပေါ်ကို ကောင်းကောင်းဆက်ဆံတဲ့ သူတိုင်း သူတို့ကို ချစ်တယ်လို့ ထင်နေတတ်ကြတယ်။ သူတို့ကို ချစ်ခင်တဲ့မိဘတွေနဲ့ပဲ အမြဲနေလာတော့ လူတွေရဲ့ အကြောင်းကို သိပ်နားမလည်ဘူး။ ဒါပေမယ့် မျက်နှာရိပ်ကဲတော့ အရမ်းသိပြန်တယ်။ ဘယ်သူက ဘယ်လိုမျက်လုံးနဲ့ ကြည့်ရင် ဘာတွေးနေမလဲကအစ အားလုံးသိနေပါတယ်။

(၅) စကားများတယ်

အုပ်စုတစ်ခုလုံးမှာ စကားအများဆုံး၊ သွက်လက်ချက်ချာဆုံးက တစ်ဦးတည်းသော သားသမီးလေးတွေပါပဲ။ သူတို့က သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ရှိနေရရင် ထမင်းမေ့၊ ဟင်းမေ့ကို ပျော်တတ်ကြတာပါ။ သူငယ်ချင်းအရမ်းမင်တယ်။ သူငယ်ချင်းတွေနဲ့ဆိုရင် အော်ကြယ်အော်ကြယ်လုပ်တတ်လို့ သတ္တိအရမ်းရှိတယ်တော့ မထင်ပါနဲ့။ ကြောက်တတ်တာ၊ ရှက်တတ်တာလည်း သူတို့အပြင် နှစ်ယောက်မရှိပါဘူး။

READ
ယောက္ခမဆိုးတစ်ယောက်မှာ ရှိတတ်တဲ့ လက္ခဏာရပ်များ

(၆) ကျေးဇူးသိတတ်တယ်

တစ်ဦးတည်းသော သားသမီးတွေဟာ ကျေးဇူးသိတတ်ကြပါတယ်။ သူတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ကို အားပေးတဲ့သူတွေ၊ ကူညီပေးတဲ့သူတွေနဲ့ သူတို့အပေါ် တကယ်ကောင်းတဲ့သူတွေကို ဘယ်တော့မှ မမေ့ပါဘူး။ အချိန်တိုင်း သူတို့အတွက် ဘာပြန်လုပ်ပေးနိုင်မလဲ ဆိုတာကို အမြဲစဉ်းစားတတ်ကြတဲ့သူတွေပါ။

Em Em(Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored