Strawberry Legs ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းနဲ့ အလွယ်ဆုံး ကုသနည်းများ

Image:shutterstock /By Taro_since2017 & freepik.com/vectorpocket
Sponsored

တစ်ခါ တ လေ ကျရင် ခြေ ထောက်မှာ အနီရောင် အစက်အသီးလေးတွေ ပေါ်လာတာမျိုးကို ကြုံ ဖူးကြမှာ ပါ။ဒီလို ဖြစ်ရပ် မျိုးက တော့ ခြေ ထောက်က အ မွေး တွေကို ရိတ်တဲ့ အခါ မျိုးတွေ မှာ ပို ပြီး အဖြစ်များပါတယ်။ အဲ့ဒါကိုတော့ strawberry legs လို့ ခေါ်ပါတယ်။အစက် အ အသီး သေးသေးလေးတွေက စတော်ဘယ်ရီ နဲ့ တူလို့ ခုလို ခေါ် တာပါ။ဒီလို ဘာကြောင့် ဖြစ်တာလဲ၊ဘယ်လိုကုသ လို့ရလဲ ဆိုတဲ့ နည်းတွေကိုတော့ .stylecraze မှာ အခုလို ဖော်ပြ ထားပါတယ်။

ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းများ

Image:.freepik.com/maksymiv-yura

ဓါး(သို့) Cream မလိမ်းလို့ –  ခြေ ထောက် အ မွေးရိတ် တဲ့ အခါ မှာ ဘရိတ် ဓါး က  အဟောင်းကို သုံး တာ၊Cream တစ်ခုခု မခံပဲ ဒီအတိုင်းကြီးရိတ်ချ လိုက်တာ ကြောင့် ဘရိတ် ဓါးက အသားကို ထိခိုက်မိ ပြီး ခုလို အ ရေပြားပေါ်မှာ ပေါ်လာတာပါ။ဘရိတ်ဓါးကို သေချာ ဆေးတာ၊မရိတ်ခင်မှာ လိုးရှင်းဖြစ်ဖြစ် လိမ်းတာ မျိုး လုပ်ပါ။

Sponsored

Folliculitis ကြောင့် – ဒါက တော့ မွေးညင်းပေါက် တွေ ရောင်ရမ်းတာ ကြောင့်ပါ။ဘရိတ် ဓါးက ရိတ် ချ လိုက်တဲ့ အ ချိန် မှာ မွေးညင်းပေါက် တွေ ကို သွားထိ မိပြီး ရောင် ရမ်းသွားတာကြောင့်ပါ။အ မွေးက ငုပ် သွား ပြီး အခုလို အနီ ဖု တွေ ဖြစ်တာပါ။

READ
မျက်နှာပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်းလေးတွေ
Image:shutterstock /By Taro_since2017

အသားရေ ခြောက် သွေ့ လို့ – အသားအရေ က ခြောက် သွေ့ တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ခြောက် သွေ့ နေတဲ့ အသား ပေါ်ကို ဘရိတ် ဓါးနဲ့ ရိတ်ချ လိုက် တော့ အခု လို မျိုး တွေ ဖြစ်တာပါ။

Keratosis pilaris – ဒါက လည်း အ ရေပြား ပြဿနာ တစ်မျိုးပါ။အ သား အ ရေ ခြောက် သွေ့ နေတဲ့ အပေါ်မှာ အဲ့လို အနီစက် အသီးလေးတွေ ဖြစ်ပေါ် နေတာပါ။ယားလဲ မယား၊ဘာမှ လဲ မဖြစ်ပဲ ဒီအတိုင်း ရှိ နေတာပါ။ ပေါင် အ ပေါ်၊ပါး၊တင်ပါး တို့မှာ ဖြစ်ပေါ် လေ့ရှိပါတယ်။အသားအ ရေ အ ရမ်း ခြောက် လွန်းရင်၊ဓါတု ပစ္စည်းတွေ ပါတဲ့ ရေကူးကန်ထဲမှာ ရေကူးမိရင် အခုလိုတွေ ဖြစ်တတ်ပါတယ်။

ကုသ နည်းများ

Image:freepik.com/vectorpocket

အ မွေးရိတ်ရင်း ဖြစ်တာ ဆိုရင်တော့ မရိတ်ခင်မှာ ရိတ်မယ့် ဓါးကို သေချာ သန့်ရှင်းပါ။လိုးရှင်းတစ်ခုခုကို ခြေထောက် မှာ အရင်လိမ်းပါ။ပြီးရင်တော့ ဓါးကို အပေါ်ကို ပင့်တင်တဲ့ အ နေအထားနဲ့ မရိတ်ပဲ အောက်ကို ဆွဲချ တဲ့ အ နေ အထားနဲ့ ရိတ်ကြည့်ပါ။

READ
အသားအရေကို သဘာဝအတိုင်း ဖြူဝင်းပြီး လှပလာစေမယ့် အစားအသောက်များ

 

လိုးရှင်း (ဒါမှမဟုတ်) ရှားစောင်းလက်ပတ် လူးပေးပါ

Image:.freepik.com/lovelyday12

ခြေ ထောက်ကို ခြောက် သွေ့ မ နေရ အောင် လိုးရှင်းပုံမှန် လူး ပေးပါ။ရှားစောင်းလက် ပတ် အနှစ်ကို လူးပေး လို့ လည်းရပါတယ်။လူးပြီးရင် (၁၀)မိနစ် (၁၅)မိနစ် ထားပါ။ပြီးရင်တော့ ရေ ဆေးချ ပါ။နေ့တိုင်း လုပ် ပေးပါ။

ကြက်ဥ အကာနဲ့ + သံပုရာ

ကြက်ဥ အကာနဲ့ သံပုရာ ရည်ကို ရောပါ။ပြီးရင်တော့ ခြေထောက် မှာ လိမ်းပေးပါ။(၁၅)မိနစ်၊မိနစ် (၂၀)ကြာရင် ရေနဲ့ ဆေးချပါ။ရေ မချိုးခင်မှာ နေ့တိုင်း အခုလို မျိုးလုပ် ပေးပါ။

Baking soda

Image:freepik.com/chandlervid85

Baking Soda နဲ့ ရေ ကို ရောပါ။လိမ်းလို့ ကောင်းအောင် ပျစ်ပျစ် လေးရော ပေးပါ။ပြီးရင်တော့ လိမ်းပါ။(၅)မိနစ်လောက် ထားပြီးရင်တော့ ရေ ဆေးချလိုက်ပါ။

အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်းတွေ ကို သုံး ပေမယ့် ဆက် ဖြစ် နေ သေးတယ်ဆိုရင်တော့ တက် ကျွမ်းနားလည် တဲ့ အ ရေပြားဆရာဝန်နဲ့ ပြပြီး ကုသ မှုကို သေချာ ခံယူ ပေးပါ။

#AUNTYMAY

sponsored