ဘဝမှာ နာကျင်စရာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ Strong Women လေးတွေဆိုတာ..

Freepik-senivpetro
Sponsored

Strong women တစ်ယောက်ဖြစ်လာဖို့ဆိုရင် သူ့ဘဝမှာ ခက်ခဲကြမ်းတမ်းခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အများကြီးရှိနေလို့ပါပဲ။ ဒီတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် ကိယ့်ရဲ့အမူအကျင့်တွေကရော ဘယ်လိုတွေ ပြောင်းလဲသွားတတ်သလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

 

Freepik-senivpetro
Sponsored

ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝထားမယ်

ဖြစ်ပျက်ကြုံတွေ့လာခဲ့တဲ့ ကြမ်းကြမ်းတမ်းတမ်းဘဝလမ်းကြောင်းပေါ်မှာ မှန်ကန်တည့်မတ်တဲ့လမ်းကိုတောင် ရွေးလျှောက်နိုင်ခဲ့တဲ့အတွက်ကြောင့် ဘယ်လိုအရာမျိုးမှာပဲဖြစ်ဖြစ် ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကတော့ အပြည့်ပါပဲ။

လူတွေဂရုမစိုက်လည်း စိတ်မဝင်စားတော့ဘူး

တခြားလူတွေရဲ့ထင်မြင်ချက်တွေထက်စာရင် မိမိကိုယ်ကိုယ်မိမိ တန်ဖိုးထားမယ်၊ ဂုဏ်သိက္ခာရှိအောင် အကောင်းဆုံးနေမယ်ဆိုပြီး တွေးထားတတ်သူပါ။ လောကဓံရဲ့ရိုက်ချက်တွေထဲ ပတ်ဝန်းကျင်က လူတွေအကြောင်းလည်း တော်တော်သိပြီးနှင့်ရောပေါ့။ ဒါကြောင့်လည်း ဘယ်သူ့ကိုမှ ကောင်းသောဂရုမစိုက်ခြင်းမျိုးနဲ့ ဂရုမစိုက်တော့တာပါ။

Freepik-freepik

အရာရာပွင့်လင်းလာမယ်

မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ဟန်ဆောင်ပြောရလောက်အောင် စိတ်မရှည်တော့ဘူး။ ဒီလိုလုပ်ခဲ့တာလည်း ဘဝရဲ့အမှတ်တရားခပ်ဆိုးဆိုးတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့လို့ပါပဲ။ ဒါကြောင့်ပဲ လူတွေက တုတ်ထိုးအိုးပေါက်လို့ထင်တတ်ကြတယ်။

ခံစားချက်တွေကို ထုတ်ပြဖို့ မတွေဝေတော့ဘူး

Strong women လေးတွေဟာ သာမန်မိန်းကလေးတွေမျိုး မိန်းမပီသစွာ အိညှောင့်ညှောင့်မလုပ်တတ်ဘဲ ဒါဖြစ်နေပြီဆို ဒါဖြစ်နေတယ်ဆိုသလိုမျိုး တည့်တိုးပြောပြတတ်တဲ့လူတွေပါပဲ ဒါပေမဲ့လည်း သူတို့လေးတွေဟာ စိတ်ဓာတ်ရင့်ကျက်စွာနဲ့ စိတ်ဆိုးဒေါသထွက်နေလည်း အပြုံးလေးနဲ့ပဲ ပြန်တုန့်ပြန်တတ်ပါတယ်။

READ
ပြိုင်စံရှားသဘာဝအလှပိုင်ရှင်ပြင်သစ်ပျိုမေရဲ့ အသားအရေထိန်းသိမ်းနည်းလျှို့ဝှက်ချက် (၅) မျိုး
Freepik-ArthurHidden

အလွယ်တကူလူတွေကို ခွင့်လွှတ်တတ်လာမယ်

ကိုယ်တိုင်ကြုံတွေ့ခံစားလာရတဲ့အတွေ့အကြုံတွေအရ လူဆိုတာ မှားတာလေးလည်းရှိနေသေးတာပဲ၊ ငါ့အလှည့်ကျရင်လည်း ဘယ်လိုမျိုး လုပ်မှ ဘယ်လိုသဘောထားမှဆိုတဲ့ အတွေးလေးတွေလည်း ရှိနှင့်နေပြီးသားပါ။ အကယ်၍ သင့်ကို လူတစ်ယောက်က အမှားလုပ်မိတယ်ဆိုရင်တောင်မှ ငယ်တုန်းကလို နင်ဘာလဲ ငါဘာလဲဆိုပြီးဖြေရှင်းနေမှာမဟုတ်ဘဲ ထားလိုက်ပါတော့လေဆိုပြီး ခွင့်လွှတ်နိုင်လောက်အောင် ရင့်ကျက်သွားတတ်ကြပါတယ်။

နာကျင်မှုဟာ ဘဝကိုတိုက်ပွဲဝင်ဖို့ အကောင်းဆုံးလက်နှက်ပဲ

စိတ်ဓာတ်ကြံ့ခိုင်မယ်၊ ရဲရင့်ပြတ်သားမယ်၊ အမှီအခိုကင်းတယ်ဆိုတဲ့အရာတွေအကုန်လုံး အလကားဖြစ်လာတာမဟုတ်ပါဘူး။ တစ်ခုလိုချင်ပြီဆို တစ်ခုပေးဆပ်ရသလိုပဲ ဒီလို strong woman တစ်ယောက် ဖြစ်လာဖို့ဆိုရင် ရှေ့မဆက်နိုင်လောက်အောင် နာကျင်လွန်းတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့မှာပါပဲ။ ဒါပေမဲ့ အဲဒီနာကျင်မှုတွေကိုပဲ လောကဓံကိုတိုက်ထုတ်ဖို့ ဓားတစ်လက်အဖြစ် ပြောင်းလဲခဲ့ကြတယ်မဟုတ်လား။ တစ်ခေါတစ်လေ စိတ်လေတဲ့အခါမျိုးတွေမှာတောင် နာကျင်စရာတွေကို ပြန်အမှတ်ရအောင်တွေးပြီး motivation ပြန်ရယူတတ်တဲ့မိန်းကလေးမျိုးတွေပါ။

Penny

sponsored