ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေကို သားသမီးတွေထက် ၂ဆ ပိုမိုစိတ်ဖိစီးစေကြောင်း တွေ့ရှိ…

Sponsored

အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်မှာ လုပ်ငန်းတာဝန်တွေ အရမ်းများသလို၊ ကလေးတွေရဲ့ ဝေယျာဝိဇ္ဇ၊ ချက်ပြုတ်ရေး၊ အိမ်တွင်းရေးတွေအကုန်လုံးကို နေ့စဉ်လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့်မို့လို့ အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုတွေ ဘယ်လောက်များလိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိလို့ရပါတယ်။

Shutterstock

ဒါပေမယ့်လည်း တစ်ခါတလေမှာ စိတ်ဖိစီးမှုတွေအားလုံးရဲ့ အရင်းအမြစ်တွေဟာ ခင်ပွန်းသည်တွေဆီကနေ ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ပွန်းသည်တွေဟာ သားသမီးတွေနည်းတူပဲ ပြုစုစောင့်ရှောက်နေရလို့ပါ။ အိမ်ရှင်မတွေအနေနဲ့ အိမ်မှာ ဆရာမ၊ စားဖိုမှူး၊ အိမ်အကူ၊ ဆရာဝန်၊ အရာအားလုံးကို စီမံခန့်ခွဲသူအပြင် တခြားသော အရာတွေကို တာဝန်ယူလုပ်ကိုင်နေရပါတယ်။

Sponsored

Today.com က မိခင်ပေါင်း (၇,၀၀၀) ကျော်ကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာတော့ မိခင်တွေအားလုံးရဲ့ စိတ်ဖိစီးမှုဟာ (၁၀) မှာ (၈.၅) လောက်ကို ရှိနေပါတယ်။ မိခင် ၄၆% ရဲ့ ပြောကြားချက်တွေအရ သူတို့ကို စိတ်ဖိစီးစေတာက သားသမီးတွေထက် ခင်ပွန်းသည်တွေ ဖြစ်ကြောင်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။

READ
အဘိုး၊ အဘွားတွေနဲ့ ကြီးပြင်းလာရသူတွေသာ ရရှိနိုင်မယ့် အံ့မခန်းအကျိုးကျေးဇူးများ
Shutterstock

သုတေသနပြုလုပ်ချက်အရ မိခင် (၅) ယောက်မှာ တစ်ယောက်လောက်က ခင်ပွန်းဖြစ်သူထံမှ အိမ်အလုပ်တွေ၊ ကလေးထိန်းတာတွေကို လုံးဝကူညီလုပ်ကိုင်ပေးခြင်းမရှိပါဘူး။ ခင်ပွန်းသည်တွေက သူတို့မှာ အချိန်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ထောင့်တာဝန်ကို မကျေပွန်တာတွေကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ပါတယ်။

Shutterstock

အိမ်မှုကိစ္စအဝဝကို အိမ်ရှင်မတစ်ဦးတည်းရဲ့ တာဝန်အဖြစ် သတ်မှတ်ထားပုံရတဲ့ ခင်ပွန်းသည်တွေကြောင့် ဇနီးတွေမှာ စိတ်ဖိစီးမှုတွေ ၂ဆ ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ခင်ပွန်းသည်တွေအနေနဲ့ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းပြီး အိမ်ထောင်တစ်ခုမှာ အဖက်ဖက်ကနေ ကူညီဖေးမပေးချင်တဲ့စိတ်ဓာတ်၊ ခံယူချက်တွေရှိဖို့ လိုတယ်ဆိုတာကို အကြံပေးရင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Em Em

sponsored