Date လုပ်ရတာ စိတ်မ၀င်စားဘူးလို့ ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ Sung Hoon

Image:Soompi
Sponsored

Sung Hoon က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။ မင်းသားတစ်ယောက် အနေနဲ့ ရော အသံ သရုပ်ဆောင် တစ်ယောက်အ ဖြစ်ပါ ရပ်တည်နေသူပါ။ အသက်ကတော့ (၃၇)နှစ်ရှိနေပြီ။ သာယာတဲ့ အိမ် ထော င်ရေး တစ်ခုကို ထူထောင် နိုင်မယ်လို့ ကိုယ့်ကိုယ်ကို အပြည့်အ၀ ယုံကြည်တဲ့ လူမျိုးရှိသလို အိမ် ထောင်ရေး နဲ့ ပတ် သက်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့ သူတွေ လည်းရှိပါတယ်။ အဲ့လို ယုံကြည်မှု နည်းတဲ့ သူ တွေထဲမှာ Sung Hoon လည်း ပါပါတယ်။

Image:IG/Sung Hoon

Sung Hoon  ကတော့ မကြာ သေးခင်တုန်းကမှ Are We In Love?  ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ် ရှေ့ကို ပြန်ရောက်လာဖို့ ရှိပါတယ်။ Kim So Eun နဲ့ အတူ တွဲသရုပ်ဆောင်ထားပြီး မတ် (၂၅)ရက်နေ့မှာ ပြသမှာပါ။ ဇာတ်ကားကို Promote လုပ်တဲ့ အနေနဲ့ အင်တာဗျုး တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာတော့ Sung Hoon  က သူ့ရဲ့ အချစ်နဲ့ အိမ် ထောင်ရေး အပေါ် ထားတဲ့ သ ဘောထားကို ရင်ဖွင့်ခဲ့ပါတယ်။ “ကျ တော်က တစ်စုံ တစ်ယောက် ကို ချစ်မိသွားမှာ မဟုတ်ဘူး။ ဒါက အရမ်း ထိန်းရ ခက်တယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ လက်ထပ်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်တော့မှ လက်ထပ်ချင်မှာ မဟုတ်ဘူး လို့ ပြောရတဲ့ အ ကြောင်းကိုပါ ပြောပြခဲ့ပါတယ်။ “လက်ထပ် တယ်ဆိုတာက တားဆီးကန့်သတ်မှုတွေ မရှိတဲ့ အရာ တစ်ခုပါ။ အရိုးသားဆုံး ပြောရရင်တော့ လက်ထပ်လိုက်ရင် ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်လိမ့်မယ်လို့ ကျ တော့် ကိုယ်ကျ တော် ယုံကြည်မှုမရှိဘူး။ တကယ်လို့ လက်ထပ်ဖြစ် ရင် လည်း အဲ့ဒီ လူနဲ့ပဲ သေတဲ့ အထိ အတူနေ သွားချင် တယ်။

READ
"သီလရှင်ဝတ်ကြီးနဲ့ ကားရိုက်ရင် ငရဲတွေကြီးကုန်မှာပေါ့" လို့ဆိုလိုက်တဲ့ စိုးပြည့်သဇင်
Image:IG/Sung Hoon
Sponsored

ဒါပေမယ့် အခုနေ များ ကျတော် လက်ထပ် လိုက်ရင်တော့ သေချာ တယ် ဒီအိမ် ထောင်ရေးက ကွာရှင်းရမှာပဲ..” လို့ ပြောခဲ့ပါတယ် ။လက်ထပ်ခြင်း အပေါ် အ ကောင်းမမြင် တာ ၊အဆိုးမြင်တာ မျိုး မရှိဘူးလို့ လည်း ပြောခဲ့ပါတယ်။ ဒီအင် တာဗျူးမတိုင်ခင်တုန်းကတော့  Sung Hoon  ဟာ I Live Alone မှာ သူနဲ့ အတူ လက်တွဲ ခဲ့တဲ့  Park Na Rae နဲ့ ဒိတ် တဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။  Sung Hoon  ကတော့ ဒီသတင်း မဟုတ်ပါဘူးလို့ ငြင်းခဲ့ပါတယ်။ ‘I Live Alone.’ မှာ သူနဲ့ ရင်းနှီးသူမို့ သူမ အပေါ် ဂရုစိုက် တာဖြစ်ပြီး၊ လူတွေက ဒါကို တွဲနေတယ်လို့ အထင်မှားတာ ဖြစ်ကြောင်း၊အမှန် မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

홍야홍냐

A post shared by SungHoon & again Roiii (@sunghoon1983) on

Source:Koreaboo

sponsored