စတိုင်ကျ၊ လှပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ စူပါ မေမေဖြစ်အောင်… ဒီစာလေးကိုဖတ်ပေးပါ။

Sponsored

မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေအများစုက ယောကျာ်းကောင်းကောင်းယူ ၊ အိမ်မှာနေ ၊ ကလေးထိန်း ဆိုတဲ့အတွေးအခေါ်တွေနဲ့ ရှင်သန်နေကြတာတွေတွေ့ရတယ်။ တချို့မိဘတွေက ကိုယ့်သမီး အရွယ်ရောက် ၊ ဘွဲ့ရပြီးပြီးဆိုတာနဲ့ ပိုက်ဆံရှိတဲ့ယောကျာ်းနဲ့ အတင်းပေးစားဖို့ပဲ စဉ်းစားနေကြတယ်။ ဒါတွေက အတွေးအခေါ်အမှားတွေပါ။ ဒီအတွေးအခေါ်အမှားတွေ ဘယ်တော့မှ ဆုံးကြမှာလဲ။

Sponsored

နောက်ပြီး အသိုင်းအ၀ိုင်း ၊ ပတ်ဝန်းကျင်က မိန်းကလေးတွေအတွက် ယောကျာ်းကောင်းကောင်းရဖို့က ပိုအရေးကြီးတယ် ဆိုတာမျိုး ၊ ချမ်းသာတဲ့လူကို တွေ့အောင်ရှာ ၊ ရအောင်ယူ ၊ စာရိတ္တ ကောင်းတာမကောင်းတာတွေ နောက်မှပြင် ဆိုတာမျိုးနဲ့ ရိုက်သွင်းခဲ့ကြတယ်။ အန်တီမေအနေနဲ့တော့ မိန်းကလေးဆိုတာ ယောကျာ်းယူဖို့သက်သက် ၊ ကလေးမွေးဖို့သက်သက် မွေးဖွားလာတာမဟုတ်ပါဘူး ၊ မိဘ ၊ အသိုင်းအ၀ိုင်းတွေက ခေါင်းထဲရိုက်သွင်းတိုင်း လက်ခံစရာမလိုပါဘူး။

ပထမဆုံးပြောချင်တာက … အလုပ်လုပ်ပေးပါ။ အလုပ်လုပ်ခိုင်းတယ်ဆိုတာကလည်း အမျိုးသမီးတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် နဲ့ ကိုယ့်ဘ၀ရဲ့ကောင်းစေ ၊ ဆိုးစေအရာတွေကို ကိုယ့်ကိုယ်တိုင် ဆုံဖြတ်ချက်ချနိုင်အောင်လို့ပါ။ မိဘဘယ်လောက်ချမ်းသာနေပါစေ ၊ ကိုယ့်ယောကျာ်းက ဘယ်လောက်ပိုက်ဆံရှာနိုင်ပါစေ အလုပ်လုပ်ဖို့တိုက်တွန်းပါရစေ။ ကိုယ်ပိုင်ရှာလို့ရတဲ့ ငွေမှသာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ရမှာပါ။

READ
ခင်ပွန်းတွေက သားသမီးတွေထက် ဇနီးတွေကို ပိုတွယ်တာချစ်ခင်ကြတဲ့ အကြောင်းရင်းများ

ဒုတိယပြောချင်တာက … လှအောင်နေပါ။ လှအောင်နေခိုင်းတယ်ဆိုတာကလည်း အမျိုးသမီးတိုင်းရဲ့ ယုံကြည်မှုတိုင်းက အလှအပနဲ့လည်း သက်ဆိုင်နေတယ်။ ကိုယ့်ကိုယ်ကို လှတယ်လို့ယူဆနေချိန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုအရှိဆုံးအချိန်ပါပဲ။ တချို့ အိမ်ထောင်သည်အမျိုးသမီးတွေက ရုံးအလုပ် ၊ အိမ်အလုပ် ၊ ကလေးအလုပ် တွေကို ဖိလုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ရာ မေ့နေတတ်ကြတယ်။

ကိုယ့်ကိုယ်ကို ပြင်ဆင် ဂရုစိုက်မှုနည်းတဲ့သူတွေကို အိမ်မှုကိစ္စကျွမ်းကျင်မှုမရှိသူတွေလို့ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးတာတွေရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုအားနည်းလာတတ်တယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ သပ်သပ်ရပ်ဝတ်ဆင်ပြီး အလုပ်ကိုပါ စိတ်ဝင်တစားလုပ်ပေးပါ။ ဒါကတော့ ကိုယ့်အရည်အချင်းနဲ့ ၀တ်စားဆင်ယင်မှုက ထင်ရှားသွားစေသလို လူတွေအတွက်လည်း ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေတယ်။

အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ ။

Hannwe Soe (Auntymay)
sponsored