မိန်းကလေးတွေဟာ စူပါ ပါဝါ ပိုင်ဆိုင်ထားတဲ့သူတွေဆိုတာ ပြနေတဲ့အချက်များ

pixabay/Javier-Rodriguez
Sponsored

အမျိုးသမီးတစ်ယောက်ဖြစ်ရတာဟာ တကယ့်ကို အံ့ဖွယ်တစ်ခုပါ။ အမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့အခါ စိတ်ဓါတ် ကြံ့ခိုင်ဖို့လိုတယ်။ အမျိုးသမီးယောက်ရဲ့ နည်းနဲ့ ကြုံလာရတဲ့အရာတွေကို ဖြေရှင်းတတ်ဖို့ တွန်းလှန်တတ်ဖို့လိုတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ရန်သူတွေကို ပြန်ခုခံဖို့အတွက် လေဆာလက်နက်တွေလည်းမလိုသလို သံမဏိလို ခွန်အားတွေလည်း မလိုအပ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့သင်ဟာ စူပါ ပါဝါတွေကို ပိုင်ဆိုင်ထားပြီးသားဖြစ်နေလို့ပါ။ အမျိုးသမီးတွေသာ ပိုင်ဆိုင်ထားတဲ့ စူပါ ပါဝါတွေကတော့

ပုံစံအမျိုးမျိုးပြောင်းနိုင်တယ်

အမျိုးသမီးတွေကတော့ အားလုံးကို လုပ်နိုင်တဲ့သူတွေပါ။ အမေလို ဆုံးမပြောဆိုဂရုစိုက်တတ်တယ်။ သူငယ်ချင်းတစ်ယောက်လို အကြံပေးတတ်တယ်။ ခေါင်းဆောင်တစ်ယောက်လိုလည်း ဦးဆောင်တတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ဘယ်လိုပုံစံမျိုးကိုမဆို ပြောင်းလဲပစ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ အခြေအနေနဲ့လိုက်ပြီး လူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံပြောဆိုရမယ်ဆိုတာ သိတဲ့သူတွေလည်းဖြစ်ပါတယ်။

လူ့အသက်တစ်ချောင်းဖန်တီးနိုင်တယ်

Sponsored

အမျိုးသမီးတွေကတော့ လူသားမျိုးနွယ်တွေ ဆက်လက်တည်ရှိဖို့အတွက် တာဝန်ပေးအပ်ခြင်းခံထားရတဲ့သူတွေဖြစ်ပါတယ်။ အသက်ရှိတဲ့ လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကတော့ စူပါ ပါဝါ ပိုင်ဆိုင်ထားသူတွေဆိုတာ အသေအချာပါပဲ။

READ
၂၁ ရာစု မိန်းကလေး တစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတများ

စိတ်တွေကို ထိုးဖောက်မြင်နိုင်တယ်

အမျိုးသမီးတွေကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ေ်ယာက်လိုပဲ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့သူတွေပါ။ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်း ကြိုသိတဲ့ ဆဌမ အာရုံကို ပိုင်ဆိုင်ထားတဲ့သူတွေပါ။ အလိမ်အညာစကားတွေကိုလည်း သိတယ်ဆိုတာကို ထုတ်မပြရုံပဲရှိတာပါ။

pixabay/FotografieLink

ကျည်ဆံထိလည်း မသေတဲ့သူ

အမျိုးသမီးတွေကတော့ နေ့စဉ်ကျည်ဆံလို ပြင်းထန်တဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်မှုတွေ၊ကန့်သတ်ချက်တွေနဲ့ ထိုးနှက်ခံရပါတယ်။ ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီးအပြောခံရတယ်။ မိတ်ကပ်လိမ်းတာ မလှလို့အပြောခံရတယ်။ မိန်းကလေးမဆန်လို့ အပြောခံရတယ်။အိမ်မှု ကိစ္စမနိုင်နင်းတဲ့အခါ အပြောခံရတယ်။ဒါပေမဲ့ ကြံ့ကြံ့ခံပြီးရင်ဆိုင်ရင်း ရှေ့ဆက်နေကြတဲ့ အမျိုသမီးတွေကတော့ အာဂအမျိုးသမီးတွေပါပဲ။

ခွင့်လွတ်တတ်တယ်

အမျိုးသမီးတွေကတော့ ကြံ့ခိုင်တဲ့ စိတ်နဲ့ နူးညံ့တဲ့စိတ်ကို အချိုးအစားညီညီ ပိုင်ဆိုင်ထားကြပါတယ်။ ကြင်နာတတ်ပြီး တစ်စုံတစ်ခုကို ခွင့်လွတ်ဖို့လည်း အချိန်အကြာအကြီးမယူရပါဘူး။ ဒါကြောင့် အသည်းကွဲတဲ့အခါမှာလည်း အမျိုးသမီးတွေက အချိန်ခဏပဲကြာပါတယ်။

ကိုယ်ချင်းစာတတ်တယ်

မှုခင်းသတင်းတွေကို အမျိုးသမီးတွေက အမျိုးသားတွေက ပိုပြီးတော့ဖတ်ကြပါတယ်။အမျိုးသမီးတွေက တခြားသူနေရာမှာဝင်ခံစားပြီး ကိုယ်ချင်းစာစိတ်ကြီးမားတာကြောင့်ပါ။ ဒါကြောင့် အခြားသူအတွက် အကြံဥာဏ်ကောင်းတွေကိုလည်း ပေးနိုင်တဲ့သူတွေပါ။

READ
ဂျပန်မလေးတွေ အသက်ကြီးတဲ့အထိ ပိန်သွယ်ပြီးနုပျိုနေရတဲ့ အကြောင်းအရင်း (၁၁)ချက်

Source: Elite Daily

sponsored