မိန်းကလေးတွေမှာပဲ ရှိနေတတ်တဲ့ စူပါ ပါဝါ အရည်အချင်းများ

Photo by Gustavo Fring from Pexels
Sponsored

မိန်းကလေးနဲ့ ယောင်္ကျားလေးက ကွာခြားမှုတွေ တော်တော်လေး ရှိနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပုံစံတင် မတူရုံ မဟုတ်ဘဲ အတွေးတွေ၊ ပြုမူတုန့်ပြန်ပုံတွေပါ မတူ ဖြစ်နေကြတာပါ။ ကောင်လေးတွေ အများစုမှာ ရှိမနေတတ်တဲ့ အရည်အချင်းတွေကိုလည်း မိန်းကလေးတွေကပဲ ပိုင်ဆိုင်ထားကြပါတယ်။ မိန်းကလေးတွေမှာ ရှိနေတဲ့ စူပါ ပါဝါတွေကတော့

(၁) စုံစမ်းနိုင်တယ်

Sponsored

မိန်းကလေးတွေမှာ စူးရှတဲ့ အမြင်တွေ ရှိပါတယ်။ ဒါကြောင့် သူတို့က တစ်ခုပြရုံနဲ့ နောက်ကွယ်က အခြေအနေကိုပါ သိကြပါတယ်။ လူကဲခတ် မြန်တဲ့သူတွေလည်း ဖြစ်နေပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲနေရုံနဲ့ လူမှုကွန်ယက်ကနေ လူတစ်ယောက်အကြောင်းကို သိအောင် လုပ်နိုင်နေကြတာလည်း ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၂) တပြိုင်တည်း အလုပ် ၃ ခုလောက် လုပ်လို့ ရတယ်

READ
အလှဆုံး မိတ်ကပ်ပြင်ဆင်မှုကိုရဖို့ မျက်နှာပုံစံအလိုက် contour ခြယ်သနည်းများ

သီချင်းဖွင့်ပြီး စာလုပ်ရင်း မုန့်စားနေတာမျိုးကို မိန်းကလေးတွေပဲ အများဆုံး လုပ်နိုင်တာပါ။ ကောင်လေး အများစုကတော့ အာရုံတစ်ခုဆို နောက်တစ်ခုကို အာရုံစိုက်မရတာမျိုး ရှိတတ်ပါတယ်။ မိန်းကလေးတွေကတော့ အမြဲလိုလို တစ်ချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နေတာမျိုးကို လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၃) စားချင်တာပဲ စားဝင်တယ်

မိန်းကလေးတွေ အများစုက ဘယ်လောက်ပဲ မစားနိုင်ဘူး ဆိုရင်တောင် သူတို့ စားချင်တဲ့အရာဆိုရင် အများကြီး စားနိုင်ကြပါတယ်။ ဒါကြောင့် အစားသရဲလေး အများစုကို ကြည့်ရင် မိန်းကလေးတွေ အများဆုံး တွေ့ရတာ ဖြစ်ပါတယ်။ မိန်းကလေးတွေက စားဖို့ကို အမြဲ စိတ်ဝင်စားနေသူတွေလည်း များနေပါတယ်။

Photo by Daria Sannikova from Pexels

(၄) စိတ်ဆုံးဖြတ်တာနဲ့ လုပ်နိုင်တယ်

မိန်းကလေးတွေက ယောင်္ကျားလေးတွေလောက် အရည်အချင်း မရှိဘူးလို့ ပြောတတ်ကြပေမယ့် မိန်းကလေးတွေက ဝိရီယ ရှိကြတာ များပါတယ်။ ဒါကြောင့် မိန်းကလေးတွေက စိတ်ဆုံးဖြတ်ချက် ချလိုက်တာနဲ့ မဖြစ်ဖြစ်အောင် လုပ်နိုင်တတ်ကြပါတတယ်။ သူတို့ရဲ့ အရည်အချင်းတွေက သူတို့စိတ်ပေါ် မူတည်နေတာပါ။

READ
အရည်ထဲမှာ ဆေးခတ်ထား၊မထား သိနိုင်တဲ့ လက်သည်းနီ
Photo by Andrea Piacquadio from Pexels

(၅) စိတ်ဓာတ်ကြံ့ခိုင်တယ်

မိန်းကလေးတွေကို ပျော့ညံ့တယ်လို့ ပြောကြပေမယ့် မိန်းကလေးတွေက စိတ်ဓာတ်မာကြောသူတွေ ဖြစ်ပါတယ်။ ခွန်အားအရ အားနည်းပေမယ့် စိတ်အရကတော့ ကောင်လေးတွေ လုံးဝ မယှဉ်နိုင်ပါဘူး။ ဒါကြောင့် မိခင်မေတ္တာက ပိုပြီး ကြီးမားတယ်လို့ ပြောစမှတ်ပြုတာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ မိခင်ဘဝကိုလည်း သတ္တိရှိရှိ ဘာမဆို ရင်ဆိုင်ပြီး ရပ်တည်ရဲသလို သာမန် မိန်းကလေး ဘဝမှာလည်း ရင်ဆိုင်ရဲကြတာ များပါတယ်။

Kham

sponsored